ဒီဇင်ဘာလ ၂၁ ရက်နေ့ အတွက် နောက်ဆုံးရ လာလီဂါ သတင်းတွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…
ဂါဗီနဲ့ ပီဒရီက အင်နီယေစတာနဲ့ သူ့ထက် ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ဇာဗီ
ဂါဗီနဲ့ ပီဒရီ တို့ဟာ သူနဲ့ အင်နီယေစတာ တို့ရဲ့ အသက် ၂၀ အရွယ်ကထက် ပိုပြီး ကောင်းတယ်လို့ ဘာစီလိုနာ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။
ဇာဗီနဲ့ အင်နီယေစတာ တို့ဟာ လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းနဲ့ ကစားသမား ဘဝ တစ်လျှောက်လုံး ဖြတ်သန်းခဲ့ပြီး ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အပါအဝင် အခြား ဆုဖလား များစွာ ကိုင်မြှောက်ခဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇာဗီက သူတို့ အသက် ၂၀ အရွယ်တုန်းက ပီဒရီနဲ့ ဂါဗီ တို့ အခုရောက်နေတဲ့ အဆင့်အတန်းကို မရောက်သေးသလို စိတ်ဓာတ် ပြင်းပြမှု အပိုင်းမှလည်း မမှီခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။
အဲ့နောက် ဇာဗီက လက်တလော ဘာစီလိုနာမှာ အဲရစ်ခ် ဂါစီယာ၊ ပီဒရီ၊ အန်ဆုဖာတီ၊ ဒီယောင် တို့လို လူငယ်ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့် အနာဂတ်တွေ ရှိနေပြီ
ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
ဂါဗီနဲ့ ပီဒရီ တို့ဟာ ဘာစီလိုနာရဲ့ အဓိက ကစားသမားတွေ ဖြစ်နေပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခဲ့တဲ့ စပိန်ရဲ့ ပထမ ပွဲထွက်လူစာရင်း မှာလည်း ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းဖို့ နီးစပ်နေတဲ့ ဆိုယွန်ချူ
လက်စတာစီးတီး နောက်ခံလူ ကက်ဂ်လာ ဆိုယွန်ချူ အနေနဲ့ လာမယ့် ရာသီမှာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
Marca ရဲ့ ဖော်ပြချက်အရ ဆိုရင် အက်တလက်တီကို မက်ဒရစ် အသင်း အနေနဲ့ အခုလ အစောပိုင်း ကတည်းက ဆိုယွန်ချူကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာ ဖြစ်ပြီး ကနဦး ခေါ်ယူမှုထက် အပြီးသတ် ခေါ်ယူမှုက ပိုပြီး ဖြစ်လာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဆိုယွန်ချူ အနေနဲ့ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖြစ်ခဲ့တယ် ဆိုရင်တော့ ပွဲထွက်ခွင့် အတွက် စတီဖင် ဆာဗစ်၊ ဂျိုဆေး ဂျင်မီနက်ဇ်နဲ့ တိုက်ပွဲဝင်သွားရဖို့ ရှိပြီး တစ်ဖက်မှာလည်း ဖိလစ်ပီနဲ့ ဟာမိုဆို တို့က ထွက်ခွာသွားဖွယ် ရှိနေပါတယ်။
ခရိုအေးရှား ခံစစ် ကြယ်ပွင့် ဂဗာဒီယိုလ်ကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ခရိုအေးရှား ခံစစ် ကျောက်ဆောင် ဂျော့စ်ကို ဂဗာဒီယိုလ်ကို စိတ်ဝင်စားနေတယ် ဆိုပြီး စပိန် နာမည်ကြီး သတင်းစာ Mundo Deportivo က ဖော်ပြလာပါတယ်။
အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ဝါရင့် ခံစစ်မှူး တစ်ဦးလို ခြေစွမ်းပြနေတဲ့ ဂဗာဒီယိုလ်ကို ၂၀၂၂ ကမ္ဘာ့ဖလား မတိုင်ခင် ကတည်းက ချဲလ်ဆီး၊ မန်စီးတီး တို့က ခေါ်ယူဖို့ ချဉ်းကပ်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဂဗာဒီယိုလ် အနေနဲ့ ကမ္ဘာ့ဖလား မှာပါ ခြေစွမ်း ထပ်ပြနိုင်ခဲ့တဲ့ အတွက် ထိပ်တန်း ကလပ် အားလုံးနီးပါးရဲ့ စောင့်ကြည့်ခံ ကစားသမား ဖြစ်ခဲ့ပြီး အခုလက်တလော မှာတော့ ရီးရဲလ်နဲ့ပါ သတင်း ထွက်နေခဲ့ပြီ ဖြစ်ပါတယ်။
နောက်ထပ် နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြုချက်အရ ဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ ကတည်း ဂဗာဒီယိုလ် ကစားတာကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားခဲ့တယ်လို့ သိရပါတယ်။ အဓိက, ကတော့ အသက် ၃၀ ဝန်းကျင် ရှိနေတဲ့ ရူဒီဂါနဲ့ ဒေးဗစ် အလာဘာရဲ့ နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့ အရည်အသွေး ပြည့်ဝတဲ့ ဂဗာဒီယိုလ်ကို ရီးရဲလ်တို့ မျက်စိကျနေတာ ဖြစ်ပါတယ်။
တစ်ခုရှိတာက ကမ္ဘာ့ဖလား မတိုင်ခင် ဂဗာဒီယိုလ်ရဲ့ တန်ကြေးဟာ ယူရို သန်း ၈၀ သာ ရှိခဲ့ပေမယ့် အခုဆိုရင်တော့ ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပေါင်သန်း ၁၀၀ ဝန်းကျင်လောက် အထိ သုံးစွဲရတော့ မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.