နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် ပရီးမီးယားလိဂ် ဖလားရမှာ မဟုတ်ဘူး ဆိုတဲ့ ဂယ်ရီနဗီးလ်၊ PFA ရဲ့ ပြစ်တင် ရှုံချခြင်း ခံခဲ့ရတဲ့ စပါး ပရိသတ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အာဆင်နယ် ပရီးမီးယားလိဂ် ဖလားရမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြန်တဲ့ ဂယ်ရီနဗီးလ်၊ PFA ရဲ့ ပြစ်တင် ရှုံချခြင်း ခံခဲ့ရတဲ့ စပါး ပရိသတ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၆ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အာဆင်နယ် ပရီးမီးယားလိဂ် ဖလားရမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြန်တဲ့ ဂယ်ရီနဗီးလ်

အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားကို ၈ မှတ် အသာရပြီး ဦးဆောင်နေပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မှာ မဟုတ်ဘူးလို့ ဂယ်ရီ နဗီးလ်က ပြောလိုက်ပါတယ်။ အာဆင်နယ် အသင်းဟာ စပါးကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၁၅ ပွဲ အထိ အနိုင်ရထားပြီး ယူနိုက်တက် တစ်သင်းတည်း ကိုသာ အရေးနိမ့်ထားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “ အာဆင်နယ်က အမှတ်ပေးဖလားကို ရယူနိုင်မှာ မဟုတ်ပါဘူး။ မန်စီးတီးက ဆုဖလား ရယူပြီး ယူနိုက်တက်က ဒုတိယနေရာ ရယူသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ အာဆင်နယ် ပရိသတ်တွေကို စိတ်အနှောက်အယှက် ဖြစ်စေမယ် ဆိုတာ သိပါတယ်။ အာဆင်နယ်က မန်စီးတီးထက် ပိုပြီးတော့ အမှတ်ပေးဖလားကို ရချင်နေတာပါ”

“ ပရီးမီးယားလိဂ်က လုံးဝကို စိတ်လှုပ်ရှားဖွယ် ဖြစ်မယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် အတွင်းမှာ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့က ဒီဖလားကို ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်က ဒီဖလားကို ရယူနိုင်မယ်လို့ ထင်ရင် လိဂ်ကို ပိုပြီး တိုးတက်စေပါတယ်။ ယူနိုက်တက်ကို အနိုင်ရစေချင်ပေမယ့် ဒါက ဖြစ်လာမှာ မဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပုံစံကောင်းရတာချင်း တူညီနေတဲ့ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


ရမ်စ်ဒေးလ်ကို တိုက်ခိုက်ခဲ့တဲ့ ပရိသတ်ရဲ့ လုပ်ရပ်ကို စပါးနဲ့ PFA တို့ ရှုတ်ချ

အာဆင်နယ်ဟာ ဒီပွဲမှာ မြို့ခံ ပြိုင်ဘက်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၈ မှတ် ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ရမ်းစ်ဒေးလ် အပေါ် တိုက်ခိုက်မှုကို ပြစ်တင် ရှုံချနေတဲ့ PFAနဲ့ တော့တင်ဟမ်ဟော့စပါး

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံး (PFA) နဲ့ တော့တင်ဟမ်ဟော့စပါး အသင်း တို့ဟာ စပါး ပရိသတ်တစ်ဦးက အာဆင်နယ် ဂိုးသမား ရမ်စဒေးလ်ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အာဆင်နယ်က စပါးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ပွဲပြီးပြီးချင်းမှာပဲ ဒီအဖြစ်အပျက်က ဖြစ်ပေါ်လာခဲ့တာပါ။

အာဆင်နယ်ဟာ ဒီပွဲမှာ မြို့ခံ ပြိုင်ဘက်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၈ မှတ် ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ အာရွန် ရမ်စဒေးလ်နဲ့ ရစ်ချာလီဆန်တို့ ပြဿနာ ဖြစ်ပွားနေချိန်မှာ ကစားသမားဟာ ဂိုးတိုင် အနောက်ကို ထွက်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

PFA ရဲ့ ပြောရေးဆိုခွင့် ရှိသူက “ ကစားသမားတွေ အပေါ်မှာ အကြမ်းဖက်တာကို လုံးဝ လက်မခံနိုင်ပါဘူး။ ဒီလို အဖြစ်အပျက်တွေက မကြာခဏ ဆိုသလို ဖြစ်နေတယ်” လို့ ဆိုခဲ့ပါတယ်။

ကစားသမားတွေကို အကာအကွယ်ပေးဖို့ အတွက် တောင်းဆိုတာတွေကို အာဏာပိုင်တွေနဲ့ ဆက်လက် ပြုလုပ်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ စပါး ကလည်း ဒီလိုလုပ်ရပ်ကို လုပ်ခဲ့တဲ့ ပရိသတ်ကို ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

အာဆင်နယ် နည်းပြ မီခဲလ် အာတေတာ ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက် ပေးခြင်း မရှိခဲ့ပါဘူး။


မျှတမှု မရှိတဲ့ ဝေဖန်မှုတွေ ကနေ လွတ်မြောက်ပြီလို့ ဆိုလာတဲ့ ဇာဗီ

စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရပြီးနောက် ဘာစီလိုနာ နည်းပြ ဇာဗီက ကစားသမားတွေကို ချီးကျူးလိုက်ပြီး ဒီနိုင်ပွဲက အသင်း အတွက် အချိုးအကွေ့ တစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

ဘာစီလိုနာ ဟာ ဒီပွဲမှာ ရီးရဲလ်ကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၅ နှစ်အတွင်း စပိန်စူပါဖလားကို ပထမဆုံး အကြိမ် ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဆုဖလားဟာ ဇာဗီရဲ့ ဘာစီလိုနာ နည်းပြဘ၀ ပထမဆုံး ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာ ဟာ ဒီရာသီမှာ ကစားသမားသစ် များစွာနဲ့ အင်အားဖြည့်တင်းထားသလို လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ရနေပြီး လာလီဂါ မှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

ဇာဗီက “ ဒီအသင်းဟာာ မျှတမှု မရှိတဲ့ ဝေဖန်မှုတွေကို အများကြီး ရခဲ့ပါတယ်။ ဒီနေ့မှာတော့ ကစားသမား အများအပြားဟာ ဒီကနေ လွတ်မြောက်လာခဲ့ပါပြီ။ သူတို့က အလုပ်ကို ပိုပြီး အေးအေးဆေးဆေး လုပ်ကြပါလိမ့်မယ်”

“ ကျွန်တော် ဒီမှာ နှစ်အတော်ကြာ အောင်ရှိခဲ့ပြီး အခြေအနေ အဆင်မပြေမှုတွေ ရှိရင် ကစားသမားတွေ ဘယ်လောက် ခံစားရလဲ ဆိုတာ သိပါတယ်။ ဒီနေ့က အပေါင်း လက္ခဏာဆောင်တဲ့ ကျွန်တော်တို့ရဲ့ အစပါပဲ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်