ကစားသမား နှစ်ဦး ဖြည့်တင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အန်ဆယ်လော့တီ၊ ဘာဆာဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ဆိုလိုက်တဲ့ ရော်နယ်ဒင်ဟို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ခံစစ်နဲ့ တိုက်စစ် ကစားသမား တစ်ဦးစီ ဝယ်ယူ ပေးဖို့ တောင်းဆိုလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ဇန်နဝါရီ စျေးကွက် အတွင်းမှာ ခံစစ်အစွန် လူတစ်ဦးနဲ့ တိုက်စစ်မှူး တစ်ဦး ဝယ်ယူပေးဖို့ အသင်းကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ လာလီဂါ နောက်ဆုံး ပွဲမှာ ဗီလာရီးရဲလ်ကို အရေးနိမ့်ခဲ့ပြီး စပိန်စူပါဖလား ဗိုလ်လုပွဲ မှာလည်း ဘာစီလိုနာကို အရေးနိမ့်ခဲ့တဲ့နောက် သူ့အသင်းကို အင်အား ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ တောင်းဆိုမှုတွေကို အသင်းဘက်က ပယ်ချခဲ့ပြီး အကယ်ဒမီက ကစားသမားတွေကို အသုံးပြုဖို့ အတွက်သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်ဟာ ဒီရာသီအကုန်မှာ ဘန်ဇီမာ၊ တိုနီ ခရူးစ်၊ လူကာ မိုဒရစ်တို့နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အဆိုပါ ကစားသမားတွေရဲ့ နေရာ အတွက် အစားထိုးမှုတွေကို ကြိုတင် ပြင်ဆင်ထားခြင်း မရှိသေးပါဘူ။
ကာဗာဂျယ်လ်နဲ့ ဖာလန်း မန်ဒီ တို့ရဲ့ နေရာကို စိန်ခေါ်နိုင်မယ့် ကစားသမားတွေကို အန်ဆယ်လော့တီက ခေါ်ယူချင်နေပြီး အသက်အရွယ် ကြီးမြင့်လာပြီ ဖြစ်တဲ့ ဘန်ဇီမာ နေရာ ကိုလည်း သွေးသစ်လောင်းချင်နေတာပါ။ ဒါပေမယ့် အသင်း ဘက်က သူ့ရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့တာကြောင့် ဒီလူစာရင်း အတိုင်းသာ ရှေ့ဆက်ရတော့မှာ ဖြစ်ပါတယ်။
ဘာဆာက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ရော်နယ်ဒင်ဟို ပြောဆို
ဘာစီလိုနာ အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုက သူတို့ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ ဆုဖလား ရယူနိုင်ခဲ့တဲ့နောက် ရော်နယ်ဒင်ဟိုက ပြောဆိုခဲ့တာ ဖြစ်ပြီး ဇာဗီရဲ့ လက်အောက်မှာ အသင်းက ပုံစံ မှန်ကန်လာတယ် လို့လည်း ချီးကျူးခဲ့ပါတယ်။
“ လှပတဲ့ ရလဒ် အတွက် ဘာစီလိုနာကို ဂုဏ်ပြုပါတယ်၊ ကောင်းကောင်း စီမံခန့်ခွဲနေတဲ့ ကျနော့် သူငယ်ချင်း ဇာဗီ ကိုလည်း ချီးကျူးပါတယ်၊ ကျနော် တို့က အခု လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ” ဆိုပြီး ရော်နယ်ဒင်ဟိုက တွစ်တာမှာ ရေးသား ပြောဆိုခဲ့တာပါ။ ဘာဆာက မဟာ ပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ အနိုင်ယူပြီး စပိန်စူပါဖလားကို ဆွတ်ခူးခဲ့တာပါ။
ဒါဟာ ၂ နှစ် နီးပါး အတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် ဘာကာတို့ ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာပါ။ မက်ဆီ ထွက်ခွာသွားပြီးနောက် ဖလား လက်မဲ့ ဖြစ်နေခဲ့တဲ့ ဘာစီလိုနာက ဇာဗီနဲ့ အတူ ပထမဆုံး အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သလို စပိန် လာလီဂါ မှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကနေ ထွက်ခွာတော့မယ့် မမ်းဖစ် ဒီပိုင်း
နာမည်ကျော် သတင်းထောက် တစ်ဦး ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုရဲ့ ပြောဆိုချက်အရ လာလီဂါ ကလပ် ဘာစီလိုနာ ကစားသမား မမ်းဖစ် ဒီပိုင်းဟာ ဒီဇန်နဝါရီ အတွင်းမှာပဲ အသင်း ကနေ ထွက်ခွာဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒီပိုင်းဟာ အသင်းသစ် ရှာဖွေနေပြိး လက်ရှိ မှာတော့ ဖြစ်နိုင်ချေ ရှိတဲ့ ဘယ်လို ဆွေးနွေးမှုမျိုး ကိုမှ မပြုလုပ်ရသေးဘူး လို့လည်း သိရပါတယ်။
ကစားသမားရဲ့ အေးဂျင့် ကလည်း အသင်းသစ် ရှာဖွေနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီပိုင်းဟာ လီယွန် ကနေ ဘာဆာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ပုံမှန် ကစားခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ လီယွန်နဲ့ အတူ ခြေစွမ်းပြခဲ့တဲ့ ဒီပိုင်းကို ခေါ်ယူချင်တဲ့ အသင်း တချို့ ရှိနေပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေ မလုပ်သေးတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းဟာ တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး တိုက်စစ်ပိုင်း နေရာစုံမှာ လိုက်ပါ ကစားပေးနိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ခလစာ မြင့်မားမှု ကလည်း ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် အဟန်အတား ဖြစ်နေပြီး အသင်းဟောင်း ယူနိုက်တက်က ပြန်ခေါ်မယ် လို့လည်း သတင်းတွေ ထွက်နေပေမယ့် ဖြစ်နိုင်ချေတော့ နည်းပါးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.