နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထရာအိုရေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နာပိုလီ၊ ဂျူဗင်တပ်စ်ကို ပြန်မှာ မဟုတ်တဲ့ အာသာ မယ်လို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ထရာအိုရေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နာပိုလီ၊ ဂျူဗင်တပ်စ်ကို ပြန်မှာ မဟုတ်တဲ့ အာသာ မယ်လို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၀ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ထရာအိုရေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နာပိုလီ ပစ်မှတ်ထား

စီးရီးအေ ကလပ် နာပိုလီဟာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ တောင်ပံကစားသမား အဒမ်မာ ထရာအိုရေးကို လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိပါတယ်။

အဆိုပါ စပိန် ကစားသမားရဲ့ စာချုပ် သက်တမ်းက (၆) လသာ ကျန်ရှိတော့ပြီး လက်ရှိအချိန်မှာ အခြား အသင်း တစ်သင်းနဲ့ အကြို သဘောတူညီမှု ရယူနိုင်ပြီ ဖြစ်ပါတယ်။

နာပိုလီ ကတော့ ဒီအချက်ကို အသုံးချပြီး ထရာအိုရေးကို ခေါ်ယူဖို့ ကြိုးစားနေသလို တော့တင်ဟမ်ဟော့စပါး ကလည်း သူတို့ရဲ့ ပစ်မှတ်ဟောင်း ထရာအိုရေးကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

လာလီဂါ
ဘီလ်ဘာအို
ရီးယဲလ်မက်ဒရစ်
1X2 ရီးယဲလ်မက်ဒရစ် @ 2.49
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -0.25 @ 2.16
ဂိုးပေါ် 2.50 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ်ကို ပြန်မှာ မဟုတ်တဲ့ အာသာ မယ်လို

လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ လစ်ဗာပူးလ်ကို အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ အာသာ မယ်လို အနေနဲ့ လက်ရှိ ဆောင်းရာသီ အပြောင်းအ‌ရွှေ့မှာ ဂျူဗင်တပ်စ်ကို ပြန်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မယ်လိုဟာ တစ်ရာသီ အငှားစာချုပ်နဲ့ လစ်ဗာပူးလ်ကို ရောက်ရှိနေတာ ဖြစ်ပြီး အသင်းကို စတင် ရောက်ရှိချိန် ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။

ဒါပေမယ့် သူ့အနေနဲ့ မိခင်ကလပ် ကို ပြန်မှာ မဟုတ်ဘဲ လစ်ဗာပူးလ် မှာပဲ ဆက်ရှိနေပြီး အသင်း အတွက် ပြန်လည် ကစားပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။


အီဘရာဟီမိုဗစ်နဲ့ အသင်းဟောင်းကို ချာဟာနို ဂလူးလှောင်ပြောင်

အင်တာမီလန် ကွင်းလယ်လူ ဟာကန် ချာဟာနိုဂလူးက စီးရီးအေ ချန်ပီယံ အေစီမီလန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အီတလီ စူပါဖလား ဗိုလ်လုပွဲ အပြီး အသင်းဟောင်းနဲ့ ဇလာတန် အီဘရာဟီမိုဗစ် တို့ကို လှောင်ပြောင် ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံမှာ ကစားခဲ့တဲ့ အဆိုပါ ပွဲမှာ အင်တာမီလန်က ဖက်ဒရီကို ဒီမာကို၊ ဒီဂျက်ကိုနဲ့ လော်တာရို မာတီနက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။

ချာဟာနိုဂလူးဟာ အေစီမီလန် ကစားသမားဟောင်း ဖြစ်သလို အီဘရာဟီမိုဗစ်နဲ့လည်း ကျောင်းတော်က ရန်စတွေ ရှိခဲ့တာကြောင့် အခုလို ဗိုလ်လုပွဲ အပြီးမှာ ဝဋ်ဆိုတာ လည်တတ်ကြောင်း၊ ဒီနေ့ အင်တာမီလန်က သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အေစီမီလန်ကို အိမ်ပြန်ပို့ပေးလိုက်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်