နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်တလက်တီကိုနဲ့ ဂိုးအနည်းကို သေချာပေါက် ရွေးချယ်ထားရမယ် | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

အက်တလက်တီကို မက်ဒရစ် – ရီးရဲလ် ဗယ်လာဒိုးလစ်

ဒီတစ်ပတ် နားရက်မှာ လာလီဂါ ပွဲစဉ် ၁၈ ကို ဆက်လက် ကစားကြဖို့ ရှိပြီးတော့ ဒီယေဂို ဆီမြွန်နီရဲ့ ဖြူနီကြား အသင်း ကတော့ တန်းဆင်းဇုန်နားက ဗယ်လာဒိုးလစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီရာသီမှာ ခြေစွမ်း အတက်အကျ မမှန်သလို အမှတ်ပေးချန်ပီယံ အိမ်မက် စွန့်လွှတ်ထားရတဲ့ တီကိုတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့တော့ ဆက်လက် တိုက်ပွဲဝင်သွားရဦးမှာ ဖြစ်ပြီး ဗယ်လာဒိုးလစ် ကလည်း တန်းမဆင်းရဖို့ အမှတ်လိုနေပါတယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး သုံးသပ်ကြည့်ရမယ် ဆိုရင်တော့

အပေါ်မှာ ပြောခဲ့သလိုပဲ စပိန် လူမိုက်ကြီး အသင်းက ဒီရာသီ လာလီဂါ မှာ တော်တော်လေး ရုန်းကန်နေရပါတယ်။ ၁၀ နှစ်ကျော်ကြာ ကိုင်တွယ်ထားခဲ့တဲ့ နည်းပြကြီး ဒီယေဂို ဆီမြွန်နီတောင် စွန့်ခွာတော့မယ်လို့ ကောလာဟလတွေ ထွက်တဲ့ အထိ တီကိုက Form ပျက်နေတာ ဖြစ်ပါတယ်။ ခံစစ် ပိတ်ဆော့လို့ ယာအို ဖီးလစ်တောင် ထွက်ပြေးသွားပါပြီ။ ခံစစ်ကောင်းတဲ့ အသင်း မှန်ပေမယ့် ဂိုးရမှ နိုင်ပွဲ ရမှာ ဖြစ်တာကြောင့် တီကိုတို့ တိုင်ပတ်နေပါတယ်။ မမ်းဖစ် ဒီပိုင်းကို ခေါ်ယူထားပေမယ့် နယ်သာလန် တိုက်စစ်မှူး အနေနဲ့ ဒီပွဲမှာ အက်တလက်တီကို မက်ဒရစ် အတွက် ကစားပေးဦးမှာ မဟုတ်သေးပါဘူး။ လက်တလော အေတီကိုမှာ ရက်ဂီးလောင်း ပွဲပယ်ခံထားရပြီး ဂျင်မီနက်ဇ်နဲ့ ကာရက်စ်ကို တို့ကတော့ ပြန်ကစားပေးနိုင်ဖွယ် ရှိပါတယ်။

လာလီဂါနဲ့ လာလီဂါ ၂ ကို ဆင်းလိုက် တက်လိုက် လုပ်နေတဲ့ ဗယ်လာဒိုးလစ် ကလည်း ရာသီတောင် တစ်ဝက် မကျိုးသေးတဲ့ အချိန်မှာပဲ အောက်ပြန်ဆင်းဖို့ အားသန်နေပုံပါပဲ။ တန်းဆင်းဇုန် အထက်မှာ ကပ်ပြီး ရပ်တည်နေသလို အဆင့် ၁၉ နေရာက အသင်းနဲ့လည်း ၂ မှတ်ပဲ ကွာဟပါတယ်။ အဲလ်ချီ ပြီးရင် ဒီရာသီရဲ့ ရှုံးပွဲ အများဆုံး အသင်း ဖြစ်ပြီး လောလောဆယ်လည်း တောက်လျောက် ရှုံးပွဲဆက်နေပါတယ်။ ဗယ်လာဒိုးလစ်မှာ မွန်ချူး ပွဲပယ်ခံထားရပြီး ကနေဒီ ကလည်း ကစားနိုင်ဖို့ မသေမချာ ဖြစ်နေလို့ ကျိန်းသေပေါက် အားနည်းနေဦးမှာပါ။

လာလီဂါနဲ့ လာလီဂါ ၂ ကို ဆင်းလိုက် တက်လိုက် လုပ်နေတဲ့ ဗယ်လာဒိုးလစ် ကလည်း ရာသီတောင် တစ်ဝက် မကျိုးသေးတဲ့ အချိန်မှာပဲ အောက်ပြန်ဆင်းဖို့ အားသန်နေပုံပါပဲ။
အခုနှစ် လာလီဂါရဲ့ ဒုတိယမြောက် ရှုံးပွဲ အများဆုံး အသင်း ဖြစ်နေတဲ့ ဗယ်လာဒိုးလစ်

ဖြစ်နိုင်ဖွယ် လူစာရင်း

အက်တလက်တီကို မက်ဒရစ် အော့ဘလက်ခ်၊ မိုလီနာ၊ ဆာဗစ်၊ ဟာမိုဆို၊ ရိုင်နယ်လ်ဒို၊ လော်ရန်တီ၊ ဒီပေါလ်၊ ကိုကီ၊ ကော်ရီယာ၊ ဂရစ်မန်း၊ မိုရာတာ

ရီးရဲလ် ဗယ်လာဒိုးလစ် – မာဆစ်၊ ဖရက်စ်နီဒါ၊ ယော်ကွင်း၊ ဆန်းချက်ဇ်၊ ရိုဆာ၊ မယ်လ်ဆာ၊ အဂူအာဒို၊ ပီရက်ဇ်၊ ပလာတာ၊ ဂွာဒီယိုလာ၊ ပီလန်နို


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

လာလီဂါ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၅ ပွဲမှာ အက်တလက်တီကို မက်ဒရစ်က ၄ ပွဲ နိုင်ပြီး ၁ ပွဲ သရေကျကာ ဂိုးပေါင်းအောက်က ၄ ပွဲ အထိ ရှိခဲ့ပါတယ်။ အေတီကိုရဲ့ လာလီဂါ နောက်ဆုံး ၅ ပွဲ မှာတော့ ၁ ပွဲသာ အနိုင်ရထားပြီး ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။ ဗယ်လာဒိုးလစ် ကတော့ လိဂ် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ ရှုံးပြီး အယ်လ်ချီ ကိုသာ အနိုင်ရခဲ့ကာ ရှုံးခဲ့တဲ့ ၄ ပွဲလုံး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာတော့ အက်တလက်တီကို မက်ဒရစ် နိုင်ရင် ၁.၃၆ ဆ၊ ဗယ်လာဒိုးလစ် နိုင်ရင် ၉ ဆ ရမှာပါ။ Handicap မှာ အေတီကိုက ၁လုံး သရေပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ ပုံမှန်အားဖြင့် အေတီကိုက ဂိုးပေါင်းအောက် အားသန်တဲ့ အသင်း ဖြစ်ပြီး ဗယ်လာဒိုလစ် ကလည်း လိဂ်ပွဲ ၄ ပွဲ ဆက်တိုက် ဂိုးမရထားပါဘူး။ အေတီကို အနိုင်သေချာနေတာကြောင့် အိမ်ရှင် ဘက်မှာ ထိုင်တာက စိတ်အချရဆုံးပါပဲ။ ဂိုးပေါင်းကို စဉ်းစားမယ် ဆိုရင်တော့ အေတီကိုက လိဂ် ၅ ပွဲ ဆက်တိုက် ဂိုးပေါင်းအောက်တွေချည်း ကစားထားပါတယ်။ အခုပွဲမှာလည်း သူတို့တွေ ၂ ဂိုးထက် ပိုပြီးတော့ အနိုင်ရဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ အကျိုးအမြတ် အတွက် ဆိုရင်တော့ ဂိုးပေါင်း အောက်နဲ့ပါ တွဲဆော့စေချင်ပါတယ်။


ခန့်မှန်းရလဒ်

အက်တလက်တီကို မက်ဒရစ် ၂-၀ ရီးရဲလ် ဗယ်လာဒိုးလစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်