ဂေါက်ပြိုင်ပွဲ ဝင်နွှဲမယ့် ဂါရတ်သ် ဘေးလ်၊ ၂၇ နှစ် အတွင်း ပထမဆုံး အကြိမ် ရီးရဲလ် ကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၄ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဂေါက်ပြိုင်ပွဲ ဝင်နွှဲမယ့် ဂါရတ်သ် ဘေးလ်
ကစားသမား ဘ၀က အနားယူသွားခဲ့တဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဂါရတ်သ် ဘေးလ်ဟာ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ဂေါ့ဖ် ပြိုင်ပွဲတခုကို ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဘေးလ်က Pebble Beach Pro-Am Event မှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပြီး ဒါဟာ သူ့ အတွက်တော့ အခြားသော အားကစားနည်း တစ်ခုကို ထပ်မံ ကစားတာ ဖြစ်လာမှာပါ။
ဘေးလ် ကတော့ ကစားသမားဘ၀မှာ ကတည်းက ဂေါ့ဖ်ရိုက် ဝါသနာပါသူ ဖြစ်ပြီး အားလပ်ချိန်တွေကို ဂေါက်ကွင်းမှာ အချိန်ကုန်နေခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ဂါရတ်သ် ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် မေဂျာလိဂ်မှာ သွားရောက် ကစားခဲ့ပြီး တစ်ရာသီ အကြာမှာ ကစားသမား ဘ၀ ကနေ အနားယူခဲ့တာလည်း ဖြစ်ပါတယ်။
“ ဝမ်းမြောက်စွာနဲ့ ကြေညာချင်တာ ကတော့ နောက်လမှာ ကျင်းပမယ့် AT&T Pebble Beach Pro-Am ပြိုင်ပွဲကို ကျနော် ဝင်ကစားသွားမယ် ဆိုတာပါပဲ” လို့ ဘေးလ်က သူ့ရဲ့ အင်စတာဂရမ် ကနေ ရေးသား ပြောဆိုခဲ့ပါတယ်။ ဘေးလ်ဟာ ကစားသမားမှာ ချန်ပီယံလိဂ် ဖလား ၅ လုံး အပါအဝင် အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
မက်ဒရစ်ဒါဘီ မတိုင်ခင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တဲ့ ဟိုဆေး ဂျီမီနက်ဇ်
အက်သလက်တီကိုမက်ဒရစ် နောက်ခံလူ ဟိုဆေး ဂျင်မီနက်ဇ်ဟာ ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့်ပွဲ မတိုင်ခင်မှာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ မက်ဒရစ်ဒါဘီပွဲ အဖြစ် ကစားရမယ့် ကိုပါဒယ်ရေးပွဲမှာ ဆီမြွန်နီ အတွက်တော့ လူစာရင်းပိုင်း ပိုမိုတောင့်တင့်သွားပြီလည်း ဖြစ်ပါတယ်။
ဥရုဂွေး နောက်ခံလူဟာ အက်တလက်တီကို မက်ဒရစ် အတွက် ပြီးခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ သူ လေ့ကျင့်ခန်း ပြန်ဆင်းနေပေမယ့်လည်း ပွဲကစားဖို့ ကြံ့ခိုင်မှု ပြည့်၀နေရမယ်လို့ ဆီမြွန်နီက သတိပေးထားပြီး သူ ကစားပေးနိုင်မယ် ဆိုရင်တော့ ဗဟိုနောက်ခံလူ နေရာကို ဝင်ကစားပေးနေရတဲ့ ကွင်းလယ်လူ ဝှစ်ဆဲလ်က သူ့ပုံမှန်နေရာကို ပြန်ကစားရမှာ ဖြစ်ပါတယ်။
အေတီကိုဟာ ယာအို ဖီးလစ်ကို ချဲလ်ဆီးဆီ အငှားချခဲ့ပြီး မမ်းဖစ် ဒီပိုင်းကို ဘာစီလိုနာ ကနေ ယူရို ၃ သန်းနဲ့ ခေါ်ယူကာ တိုက်စစ်ပိုင်းကို အားဖြည့်ထားပါတယ်။ ဒီရာသီမှာ အေတီကို အတွက် ဖြစ်နိုင်ချေ အရှိဆုံး ကိုပါဒယ်ရေး ဖလားကို အရယူဖို့ ဆီမြွန်နီက ပြင်ဆင်နေပြီး ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး ရင်ဆိုင်သွားဖို့ ပြင်ဆင်နေပါတယ်။
၂၇ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ရီးရဲလ် ကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာ
ဘာစီလိုနာ ကတော့ လာလီဂါ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား မာကို အဆန်စီယိုကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ အဆိုပါ နှစ်သင်းကြားမှာ ထင်ရှားခဲ့တဲ့ ကစားသမား အပြောင်းအရွှေ့ ဖြစ်ခဲ့တာ ကတော့ ၂၀၀၀ ပြည့်နှစ်က လူး၀စ္စ ဖီဂို ဖြစ်ပြီး အသင်း နှစ်သင်းကြားမှာ မုန်းတီးမှုတွေ၊ အခဲမကျေမှုတွေ ပိုမိုဖြစ်ပေါ်ခဲ့ပါတယ်။
အသက် ၂၇ နှစ် အရွယ် အဆန်စီယိုကတော့ ရီးရဲလ်မှာ ပုံမှန်ကစားခွင့် ဆုံးရှုံးနေသူ ဖြစ်ပါတယ်။ ပွဲကစားချိန် ပိုမို ရရှိချင်နေပေမယ့် အန်ဆယ်လော့တီ ကတော့ အခြားသာ ကစားသမားတွေ ကိုသာ ပိုမိုအားကိုးနေပြီး အဆန်စီယို ကိုတော့ အရန် ကစားသမား အဖြစ်နဲ့သာ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
တကယ်လို့သာ ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာခဲ့မယ် ဆိုရင်တော့ ဒါဟာ ၁၉၉၆ မှာ လူး၀စ္စ အင်းနရစ်က ရီးရဲလ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက် အဆန်စီယိုက အဲဒီလိုမျိုး ပြောင်းရွှေ့တဲ့ ပထမဆုံးသော ကစားသမား ဖြစ်လာမှာပါ။ အဆန်စီယိုက ဒီရာသီမှာ ရီးရဲလ် အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားပေးထားပြီး ၃ ဂိုး သွင်းယူပေးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.