နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုးမား အတွက် ဆက်တိုက် ခြေစွမ်းပြနေတဲ့ ဒီဘားလား၊ ရှုံးပွဲ အတွက် ပြန်လည် တောင်းပန်ခဲ့တဲ့ ကယ်ဟာနိုဂလူ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ရိုးမား အတွက် ဆက်တိုက် ခြေစွမ်းပြနေတဲ့ ဒီဘားလား၊ ရှုံးပွဲ အတွက် ပြန်လည် တောင်းပန်ခဲ့တဲ့ ကယ်ဟာနိုဂလူ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၄ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရိုးမား အတွက် ဆက်တိုက် ခြေစွမ်းပြနေတဲ့ ဒီဘားလား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲမှာ ဒီဘားလား က ရိုးမားတို့ ရရှိခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံး အတွက် ဖန်တီးပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလား အပြီးမှာ ဒီဘားလားက ခြေစွမ်းပြနေတာ ဖြစ်ပြီး သွင်းဂိုး ၃ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားကာ ရိုးမား အတွက် ဆက်တိုက်ကို အစွမ်းပြနေပြီး မော်ရင်ဟို ကျေနပ်စေအောင် ခြေစွမ်းပြနေပါတယ်။

ဂျူဗင်တပ်စ် ကနေ အလွတ်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဘားလားဟာ ရိုးမား အတွက် စီးရီးအေ သွင်းဂိုး ၇ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ် အထိ ရရှိထားပြီ ဖြစ်ပါတယ်။ ဒါဟာ ရိုးမား ကစားသမားသစ် တစ်ဦးက ၁၀ ဂိုးအထိ ပါဝင် ပတ်သက်ထားနိုင်ပြီး အမြန်ဆုံး စွမ်းဆောင်နိုင်တဲ့သူ အဖြစ် ၁၀ နှစ်ကျော် အတွင်းမှာ ဒီဘားလားက ပထမဆုံး အကြိမ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ အတူ ကမ္ဘာဖ့လားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဒီဘားလားဟာ ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် ကာတာကို လိုက်ပါခွင့်ရခဲ့သလို ရိုးမား အတွက်လည်း အခု ခြေစွမ်းပြနေတာပါ။ မော်ရင်ဟိုရဲ့ ယုံကြည်ပေးမှုနဲ့ အတူ ရောမကို ရောက်လာတဲ့ ဒီဘားလားက သူ့ရဲ့ ပုံစံကောင်းတွေကို ပြန်လည် ရရှိနေပြီ ဖြစ်ပါတယ်။

လီဂူး၀မ်း
လောရီယန့်
ရန်းနက်
1X2 သရေ (Draw) @ 3.45
ပထမပိုင်း ဂိုးအောက် 1.00 @ 2.05
ဂိုးပေါင်း 4-6 @ 3.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အမ်ပိုလီကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ အင်တာမီလန်

အီတလီ စီးရီးအေမှာ ဆက်တိုက် ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ အင်တာမီလန် ကတော့ မနေ့က ကစားခဲ့တဲ့ ပွဲမှာ မထင်မှတ်ဘဲ အမ်ပိုလီကို အိမ်ကွင်းမှာ အရေးနိမ့်သွားခဲ့ပါတယ်။ အင်တာမီလန်ဟာ နောက်ခံလူ မီလန် ရှက်ခရီညာက ပထမပိုင်းမှာပဲ ထုတ်ပယ်ခံခဲ့ရလို့ အင်တာမီလန်တို့ ရုန်းကန်သွားခဲ့ရပြီး အဆင့် ၁၂ နေရာက အမ်ပိုလီကို တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးသွားခဲ့ပါတယ်။

နာပိုလီကို အမီလိုက်ရမှာ ဖြစ်သလို အဆင့် ၂ နေရာက အေစီမီလန်ကို ကျော်တက်ဖို့လည်း ကြိုးစားနေတဲ့ အင်တာတို့ အိမ်ကွင်း ရှုံးပွဲက အထိနာခဲ့ရပါတယ်။ အမ်ပိုလီ အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၆၆ မိနစ်မှာ ဘယ်လ်ဒန်ဇီက သွင်းယူခဲ့တာ ဖြစ်ပြီး အဖိုးတန် ၃ မှတ်ကို အမ်ပိုလီတို့ စုဆောင်းနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား အပြီး ကစားခဲ့တဲ့ ၇ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့တဲ့ အင်တာဟာ ၈ ပွဲမြောက် မှာတော့ အရေးနိမ့်သွားခဲ့တာပါ။ လက်ရှိမှာ အမှတ်ပေးဇယား ထိပ်ဆုံးက နာပိုလီနဲ့ ၁၃ မှတ် အထိ ကွာဟသွားပြီ ဖြစ်တာကြောင့် ဒီရာသီ စီးရီးအေ ဆုဖလားကို နေပယ်လ်မြို့သားတွေ သိမ်းပိုက်နိုင်မယ့် အလားအလာ ပိုမိုများလာခဲ့ပြီ ဖြစ်ပါတယ်။


ရှုံးပွဲ အတွက် ပြန်လည် တောင်းပန်ခဲ့တဲ့ ကယ်ဟာနိုဂလူ

လက်ရှိမှာ အမှတ်ပေးဇယား ထိပ်ဆုံးက နာပိုလီနဲ့ ၁၃ မှတ် အထိ ကွာဟသွားပြီ ဖြစ်တာကြောင့် ဒီရာသီ စီးရီးအေ ဆုဖလားကို နေပယ်လ်မြို့သားတွေ သိမ်းပိုက်နိုင်မယ့် အလားအလာ ပိုမိုများလာခဲ့ပြီ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက် တဖြည်းဖြည်း ဝေဝါးလာတဲ့ အင်တာမီလန်

င်တာမီလန် ကွင်းလယ် ကစားသမား ဟာကန် ကယ်ဟာနိုဂလူက အမ်ပိုလီကို အရေးနိမ့်ခဲ့မှု အတွက် အသင်း ပရိသတ်တွေကို ပြန်လည် တောင်းပန်လိုက်ပါတယ်။ အင်တာမီလန်ဟာ အိမ်ကွင်း မှာပဲ အရေးနိမ့်ခဲ့ပြီး ပထမပိုင်းမှာ နောက်ခံလူ ရှက်ကရီနီယာ အထုတ်ခံခဲ့ရလို့ ရုန်းကန်ခဲ့ရကာ ဆန်စီရိုမှာ အမ်ပိုလီကို ၃ မှတ် ပေးခဲ့ရပါတယ်။

ကယ်ဟာနိုဂလူက “ ကျနော်တို့ အခက်တွေ့ခဲ့ရပါတယ်၊ ကွင်းထဲမှာ အကောင်းဆုံး ပုံစံမရှိခဲ့ဘူး၊ ခြေချော်ခဲ့ရပြီး အရေးနိမ့်ခဲ့ရပါတယ်၊ ဒါပေမယ့် ရာသီကုန်ဆုံး ဖို့က အများကြီး လိုပါသေးတယ်၊ ပရိသတ်တွေကို တောင်းပန်ပါတယ်၊ ခင်ဗျား တို့ရဲ့ အားပေးမှုကိုလည်း ပိုပြီးတော့ လိုအပ်ပါတယ်” လို့ ပြောဆိုသွားခဲ့တာပါ။
အင်တာမီလန်ဟာ ဒီပွဲမတိုင်ခင် အီတလီ စူပါဖလားပွဲ အဖြစ် အေစီမီလန်နဲ့ ကစားခဲ့ပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ပိုင်း အရလည်း ဒီပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့သင့်ပေမယ့် အထလေးနေခဲ့ပြီး ကစားသမား တစ်ဦးပါ လျော့ခဲ့ရကာ ဆိုးရွားလှတဲ့ ပွဲစဉ် တစ်ပွဲကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်