ဘယ်လင်ဟမ်ကို ကြီးမားတဲ့ ပမာဏနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ရီးရဲလ်၊ ဆိုဆီဒက်နဲ့ ကိုပါဒယ်ရေး ပွဲကို အလေးထားနေတဲ့ ဇာဗီ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၆ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်လင်ဂမ်ကို ကြီးမားတဲ့ ပမာဏနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ရီးရဲလ်
စပိန် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ဘွန်ဒက်လီဂါ ကလပ် ဘိုရပ်ရှား ဒေါ့မန်ရဲ့ ကွင်းလယ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒီလို စီစဉ်နေတဲ့ နေရာမှာ ရီးရဲလ်က နည်းလမ်း မျိုးစုံကို သုံးဖို့ စဉ်းစားနေပြီး လက်ရှိ မှာတော့ ဘယ်လင်ဂမ်ကို ယူရိုသန်း ၁၀၀ အပြင် ကာမာဗင်ဂါ ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Sky Germany ရဲ့ ဖော်ပြချက်အရ ပြင်သစ် ကွင်းလယ်လူ ကာမာဗင်ဂါကို ရီးရဲလ်က လက်လွှတ်ခံပြီး ဘယ်လင်ဂမ်ကို အရယူဖို့ ကြိုးစားဖွယ် ရှိတယ်လို့ သိရတာပါ။ ကာမာဗင်ဂါက အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အနာဂတ်ဖြစ်တယ်လို့ ရီးရဲလ်က ဆိုထားပေမယ့် ကစားသမားရဲ့ ခြေစွမ်း တိုးတက်မှု အပေါ်မှာတော့ အားမရဖြစ်နေပါတယ်။
ဒေါ့မန် ကွင်းလယ်လူရဲ့ တန်ကြေးဟာ ယူရိုသန်း ၁၅၀ အထိ ရှိပြီး ရီးရဲလ်က ငွေသား ယူရိုသန်း ၁၀၀ ပေးချေကာ ကာမာဗင်ဂါကို ယူရိုသန်း ၅၀နဲ့ စျေးဖြတ်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ဒေါ့မန် ကတော့ ဒီကမ်းလှမ်းချက်ကို စဉ်းစားဖွယ် ရှိနေပြီး ကာမာဗင်ဂါ ကလည်း အရည်အသွေးမြင့်တဲ့ ကစားသမား တစ်ဦး ဖြစ်လို့ စိတ်ဝင်စားစရာတော့ ကောင်းနေခဲ့ပါတယ်။
ရီးရဲလ်ဆိုဆီဒက်နဲ့ ကိုပါဒယ်ရေးပွဲကို အလေးအနက်ထားနေတဲ့ ဇာဗီ
ဘာစီလိုနာ အသင်း နည်းပြ ဇာဗီဟာ ရီးရဲလ်ဆိုဆီဒက်နဲ့ ကစားရမယ့် ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ကို အလေးအနက် ထားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၁၀ ပွဲ အထိ အနိုင်ရခဲ့ပြီး ၁ ပွဲ သရေကျကာ ရှုံးပွဲ မရှိ ခြေစွမ်းပြနေသလို ဆိုဆီဒက် ကလည်း လာလီဂါမှာ အဆင့် ၃ နေရာ ရောက်နေတဲ့ အထိ ခြေစွမ်း ထက်မြတ်နေတာ ဖြစ်ပါတယ်။
“ ဒီပွဲက အဆုံးအဖြတ် ပွဲပါ၊ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး ပရိသတ်ပေါင်း ၈၀၀၀၀ အထိ လာရောက် အားပေးနိုင်ပါတယ်၊ ပွဲကြီးပွဲကောင်းလည်း ဖြစ်ပြီးတော့ နှစ်သင်းစလုံးက ပုံစံကောင်းရနေတာပါ၊ ဆိုဆီဒက် ကလည်း ကြီးကျယ်ခမ်းနားတဲ့ အသင်း ဖြစ်ပြီး နည်းပြ လက်အောက်မှာ သူတို့တွေ ကောင်းကောင်း အလုပ်လုပ်ပြနေပါတယ်”
“ လူစာရင်း ကိုတော့ ကျနော် မနက်ဖြန် (ဒီနေ့) မှာ ဆုံးဖြတ်သွားမှာပါ၊ ပုံမှန် လေ့ကျင့်ခန်းဆင်းပြီး ဘယ်ကစားသမားတွေကို ပွဲထုတ်မလဲ ဆိုတာ မပြောနိုင်သေးပါဘူး၊ ကျနော်တို့ ဘယ်လောက် အထိ လုပ်နိုင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်၊ ဆီမီးဖိုင်နယ်ကို ရောက်ဖို့တော့ မျှော်လင့်ထားပါတယ်” လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။
ဂျော့ဂျ် မန်ဒက်စ်ကို ပြတ်ပြတ်သားသား ပြောပြီး လမ်းခွဲခဲ့တဲ့ ရော်နယ်ဒို
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ဆော်ဒီ ကလပ် အယ်လ်နာဆာကို မပြောင်းရွှေ့ခင်မှာပဲ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ဂျ် မန်းဒက်စ်နဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ဥရောပမှာ ဆက်လက် ကစားချင်နေပြီး သူ့ကို ဥရောပ အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့နိုင်အောင် လုပ်ပေးဖို့ မန်ဒက်စ်ကို ပြောဆိုခဲ့ပါတယ်။
“ ချဲလ်ဆီး ဒါမှမဟုတ် ဘေယန်မြူးနစ်ကို ရောက်အောင်လုပ်ပေးမလား၊ ဒါမှမဟုတ် ကျနော်တို့ လမ်းခွဲမလား” ဆိုပြီး ရော်နယ်ဒိုက ပြောဆိုခဲ့ကြောင်း စပိန်သတင်းစာ El Mundo က ဖော်ပြခဲ့ပါတယ်။ ဒီနောက်မှာ မန်းဒက်စ်နဲ့ ရော်နယ်ဒိုတို့ လမ်းခွဲခဲ့ပြီး ပေါ်တူဂီ ကစားသမားဟာ ဆော်ဒီ ကလပ် အယ်လ်နာဆာ ကိုသာ ရောက်ရှိခဲ့ပါတယ်။
မန်းဒက်စ်က ရော်နယ်ဒိုကို ဥရောပအသင်းကြီးတွေ ဆီမှာ ကစားရဖို့က မလွယ်ကူကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ချန်ပီယံလိဂ်ပွဲတွေ ကစားချင်နေတဲ့ ရော်နယ်ဒိုက မရရအောင် အားထုတ်ပေးဖို့ တောင်းဆိုခဲ့ဟန် ရှိပြီး သူတို့ နှစ်ဦး အကြားမှာ အချင်းများခဲ့ကာ လမ်းခွဲခဲ့ဖွယ်ရှိတယ် လို့လည်း ယူဆရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.