ရီးရဲလ်ဘက်တစ် – ဘာစီလိုနာ
လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲမှာတော့ လာလီဂါ ပွဲစဉ် ၁၇ ရဲ့ ပွဲကျန် အဖြစ် ရီးရဲလ်ဘက်တစ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။ မတူညီတဲ့ ရည်မှန်းချက် ကိုယ်စီနဲ့ ရမှတ် လိုအပ်နေတဲ့ အသင်းတွေ ဖြစ်နေတာကြောင့် အပြည့်အဝ အားစိုက်လာကြဖို့ ရှိပြီး ဘက်တစ် အနေနဲ့ ပုံစံကောင်းရနေတဲ့ ဘာစီလိုနာကို ခက်ခဲစေနိုင်ဦးမလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
အလယ်အလတ် အသင်းတွေရဲ့ ထုံးစံအတိုင်း တစ်ဖက် ပြိုင်ပွဲကို အာရုံစိုက်ရင် တစ်ဖက်မှာ အားလျော့သွားတတ်တဲ့ ဘက်တစ်တို့ ယူရိုပါလိဂ်၊ ကိုပါဒယ်ရေးနဲ့ စူပါဖလား တို့ကြားမှာ ဗျာများရင်း လာလီဂါမှာ ရလဒ်တွေ ထိခိုက်နေပါတယ်။ လာလီဂါ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိခဲ့ပြီး နောက်ဆုံး ပွဲမှာတော့ ဇယား အောက်နားက ဂီတာဖေးကို ၁-၀ နဲ့ နိုင်ပြီး ၃ မှတ် ရထားပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေတဲ့ ဘက်တစ်က အဆင့် ၄ နေရာက တီကိုနဲ့ ၃ မှတ်သာ ကွာဟနေတာပါ။ ဒါ့အပြင် ပွဲလျော့ ကစားထားတဲ့ အားသာချက်လည်း ရှိနေလို့ ဒီပွဲ မှာသာ တတ်နိုင်သမျှ ရမှတ် ရှာဖွေနိုင်မယ် ဆိုရင်တော့ ဘက်တစ် အတွက် ကျေနပ်စရာပါပဲ။ ကစားသမားကောင်း တချို့ ပိုင်ဆိုင်ထားတဲ့ ဘက်တစ်က မထင်ရင် မထင်သလို ခြေစွမ်းပြတတ်ပြီး စူပါဖလား ဆီမီးဖိုင်နယ်တုန်းကလိုပဲ ဘာစီလိုနာကို ဒုက္ခပေးဖို့ ပြင်ဆင်လာပါလိမ့်မယ်။
လာလီဂါ အမှတ်ပေးဇယားထိပ် ကနေ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၅ မှတ် ဖြတ် ဦးဆောင်ထားတဲ့ ဘာစီလိုနာတို့ အမှားခံမှာ မဟုတ်ပါဘူး။ ရှေ့ပွဲတွေမှာ ဇာဗီရဲ့ အသင်းက ရီးရဲလ်မက်ဒရစ်ရဲ့ ခြေချော်မှုတွေကို အခွင့်ကောင်း ယူထားနိုင်ခဲ့သလို အခုပွဲ ကတော့ သူတို့ ကိုယ်တိုင် ခြေမချော်ဖို့ သတိထားရမယ့် ပွဲဖြစ်ပါတယ်။ ဘာဆာက ဒီပွဲပြီးရင် ဆီဗီလာနဲ့ ကစားရဖို့ ရှိသလို ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ရှုံးထွက်လည်း ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပ ပွဲတွေ မကစားခင် ဘာစီလိုနာတို့ တတ်နိုင်သလောက် အမှတ်ယူထားဖို့ လိုအပ်ပါတယ်။ လက်တလော ခြေစွမ်းအရ ဆိုရင်တော့ ကတ်တာလန် ကလပ်က ကစားသမားကောင်းတွေ တပြုံကြီးနဲ့ ပုံစံကောင်း ရနေသလို ရလဒ်တွေကလည်း တောက်လျောက်ကို ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်ကို ဂိုးပြတ် ရှုံးပြီး ကတည်းက ဘာဆာတို့ ၁၃ ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး။ ရှုံးပွဲ မရှိဘူး ဆိုတာထက် နိုင်ပွဲဆက်နေတယ်လို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ ၁၃ ပွဲမှာ ဘာဆာတို့ အက်စ်ပန်ညိုနဲ့ သရေကျခဲ့တဲ့ ပွဲက လွဲရင် ကျန်ပွဲအားလုံးကို အနိုင်ရထားလို့ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ရီးရဲလ်ဘက်တစ် – ဆေးလ်ဗား၊ ပက်ဇဲလာ၊ ဖီလစ်ပီ၊ မီရန်ဒါ၊ ရိုဒရီဂက်ဇ်၊ ကာဗယ်လ်ဟို၊ ဟင်းနရစ်ခ်၊ ဖက်ကီရာ၊ ရိုဒရီ၊ အီဂလက်စီးယပ်စ်
ဘာစီလိုနာ – တာစတီဂန်၊ ကွန်ဒေး၊ အာရူဟို၊ ခရစ္စတန်ဆန်၊ အဲလ်ဘာ၊ ဂါဗီ၊ ဒီယောင်၊ ပက်ဒရီ၊ ရာဖင်ညာ၊ ပါအူ တောရက်စ်၊ လီဝမ်ဒေါစကီး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အစဉ်အလာ အရတော့ ဘာဆာတို့ ဘက်တစ်ကို အပြတ်အသတ် အသာရထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း တွေ့ဆုံမှုတွေ မှာတော့ ဘာစီလိုနာတို့ ဘက်တစ်နဲ့ တွေ့တိုင်း ခက်ခက်ခဲခဲ ကစားနေရပါတယ်။ ပြီးခဲ့တဲ့ ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဘက်တစ်က ဘာစီလိုနာကို ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၄ ပွဲ အရေးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက ကစားခဲ့တဲ့ စပိန် စူပါဖလား ဆီမီးဖိုင်နယ် မှာတော့ အချိန်ပို ပြီးဆုံးချိန်အထိ ၂ ဂိုးစီ သရေကျနေခဲ့လို့ ပင်နယ်တီ ကန်ခဲ့ရပြီး ပင်နယ်တီ မှာတော့ ဘာစီလိုနာက ၂-၄ နဲ့ အနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာတော့ ဘက်တစ် အနိုင် ဆိုရင် ၄.၇ ဆ၊ ဘာစီလိုနာ အနိုင် ဆိုရင် ၁.၆၈ ဆနဲ့ သရေ ဆိုရင်တော့ ၃.၈ ဆ ပေးထားပါတယ်။ ထုံးစံ အတိုင်း အာရှဟန်းဒီးကပ်မှာ အသင်းကြီး ဖြစ်တဲ့ ဘာစီလိုနာ ဘက်ကပဲ အကျောပေးထားပါတယ်။ ဒီနှစ်သင်း တွေ့ချိန်တိုင်းမှာ အပြန်အလှန် ဂိုးတွေ သွင်းတတ်လို့ ဂိုးပေါင်းကို ၂ လုံး ကနေ စဖွင့်ထားပါတယ်။ ဘာစီလိုနာတို့ ဘက်တစ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၉ ပွဲဆက် ဂိုးပေးခဲ့ရတာကြောင့် ဒီပွဲမှာလည်း အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဦးမယ့် သဘော ရှိပါတယ်။ ရောဘတ် လီဝမ်ဒေါစကီး ပြန်လည် ဦးဆောင်လာမယ့် တိုက်စစ်ကို ယုံကြည်ပြီး ဧည့်သည် ဘာစီလိုနာနဲ့ သွင်းဂိုး အများကို မျှော်လင့်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ရီးရဲလ်ဘက်တစ် ၁-၃ ဘာစီလိုနာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.