နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလင်စီယာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂတ်တူဆို၊ အမ်မရာဘတ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဗလင်စီယာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂတ်တူဆို၊ အမ်မရာဘတ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃၁ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗလင်စီယာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂတ်တူဆို

လာလီဂါ ကလပ် ဗလင်စီယာ အသင်းဟာ နည်းပြ ဖြစ်သူ ဂျန်နာရို ဂတ်တူဆိုကို ရာထူး ကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဗလင်စီယာဟာ နည်းပြသစ် ခန့်အပ်ပြီး ၇ လ အကြာမှာပဲ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသင်းက အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို ရောက်ရှိနေပြီး တန်းဆင်းဇုန်ရဲ့ အထက်က အသင်းနဲ့ ၁ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။ 

ဂတ်တူဆိုဟာ ဗလင်စီယာကို ၂၂ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ အမှတ်ပေး ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲ အထိ ရှုံးနိမ့်ခဲ့တာကြောင့် အခုလို ထုတ်ပယ်ခံရဖို့ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် ဂတ်တူဆိုဟာ အသင်းပိုင်ရှင် ပီတာလင်း လက်ထက်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ၁၀ ဦးမြောက် နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။ ဗလင်စီယာဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး စပိန် စူပါဖလား ပြိုင်ပွဲ ကနေလည်း ထွက်ခွာခဲ့ရပါတယ်။

ဂတ်တူဆိုဟာ အသင်းကို မြင့်မားတဲ့ ရည်ရွယ်ချက်တွေနဲ့ ရောက်ရှိလာခဲ့ပေမယ့် သူကိုင်တွယ်ခဲ့တဲ့ ၂၂ ပွဲမှာ ဗလင်စီယာဟာ ၇ ပွဲ နိုင် ၅ ပွဲ သရေနဲ့ ၁၀ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဗလင်စီယာဟာ ကာဒစ်ဇ် အသင်းနဲ့ ၁ မှတ်သာ ကွာဟနေတာကြောင့် လာမယ့် ပွဲတွေမှာ ရလဒ်ဆိုးခဲ့ရင် တန်းဆင်းဇုန်ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့ မှာတော့ ဗလင်စီယာတို့ ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါ ပွဲစဉ် (၁၇) ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲ ကိုတော့ ယာယီ နည်းပြ အဖြစ် ဗိုရို ဂွန်ဇာလတ်ဇ်က တာဝန်ယူ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ (Draw) @ 4.50
ဂိုးပေါ် 2.50 @ 1.88
ဂိုးပေါင်း 2-3 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကလပ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတဲ့ ရီးရဲလ်မက်ဒရစ်

မော်ရိုကိုမှာ ကျင်းပသွားမယ့် ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု သိမ်းပိုက်ပြီး ဥရောပ ကလပ်တွေ ၁၀ ကြိမ် ဆက်တိုက် ဗိုလ်စွဲတဲ့ စံချိန်ကို ရရှိဖို့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ၂၀၂၅ မှာ ပုံစံအသစ်နဲ့ ကျင်းပတော့မှာ ဖြစ်ပြီး အသင်းပေါင်း ၃၂ သင်း ပါဝင်ကာ အကြိတ်အနယ် ရှိတဲ့ ပြိုင်ပွဲ တစ်ခု အဖြစ် ပြောင်းလဲတော့မှာလည်း ဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ပုံစံ မှာတော့ အသင်းပေါင်း ၇ သင်း ပါဝင်ပြီး တိုက်ကြီး ၆ တိုက်ရဲ့ ချန်ပီယံ အသင်းတွေ ပါဝင် ကစားခွင့်ရတာပါ။ ပြီးခဲ့တဲ့ ပြိုင်ပွဲ ၅ ကြိမ် ဆက်တိုက်ကို အရှေ့အလယ်ပိုင်းဒေသမှာ ကျင်းပခဲ့ပြီး ဒီနှစ် မှာတော့ မော်ရိုကို နိုင်ငံက လက်ခံ ကျင်းပမှာပါ။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ်နဲ့ ဆီမီးဖိုင်နယ် အဆင့် ကနေ စတင် ကစားရမှာလည်း ဖြစ်ပါတယ်။

တခြားသော ပြိုင်ပွဲ ဝင်ခွင့်ရ အသင်းတွေ ကတော့ မေဂျာလိဂ် ကလပ် ဆီယက်တဲလ် ဆောင်းဒါးစ်၊ အီဂျစ် အင်အားကြီး ကလပ် အယ်လ်အာလီ၊ နယူးဇီလန် ကလပ် အူခ်လန်းစီးတီး၊ ဘရာဇီးလ် ကလပ် ဖလာမင်ဂို၊ ဆော်ဒီ ကလပ် အယ်လ်အာလီနဲ့ မော်ရိုကို ကလပ် ဝိုင်ဒက် ကာဆာဘလန်ကာ တို့ပဲ ဖြစ်ပါတယ်။ 


အမ်မရာဘတ်ကို အငှားနဲ့ ခေါ်ယူဖို့ အားထုတ်နေတဲ့ ဘာစီလိုနာ

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်း ကတော့ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ မော်ရိုကို အတွက် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
အမ်မရာဘတ်ကို အငှားနဲ့ အရင် ခေါ်ယူပြီးမှ အပြီးသတ် စာချုပ်ချုပ်ဆိုမယ့် ဘာစီလိုနာ

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်း ကတော့ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ မော်ရိုကို အတွက် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဘာဆာတို့ စျေးကွက် မပိတ်ခင်မှာ အသည်းအသန် ကြိုးစားနေပြီး လာလီဂါ ဥက္ကဌ ကလည်း ဘာစီလိုနာ အနေနဲ့ ကစားသမား ခေါ်ယူနိုင်သေးတယ်လို့ အတည်ပြုပေးထားလို့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့တော့ ရှိနေပါတယ်။  

အမ်မရာဘတ် ကလည်း ဘာစီလိုနာမှာ ကစားခွင့်ရမယ့် အခွင့်အရေးကို လက်လွှတ်မခံချင်တာကြောင့် ကတ်တာလန် ကလပ် ဘက်က ကမ်းလှမ်းလာတာနဲ့ လက်ခံသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ အမ်မရာဘတ်ကို လစ်ဗာပူးလ်နဲ့ စပါး အပါအဝင် အသင်း အများအပြားက စိတ်ဝင်တစား ချိတ်ဆက်နေချိန်မှာ လာလီဂါ ကလပ်နဲ့ အခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို ခံရလို့လည်း ဂုဏ်ယူမိတယ် ဆိုပြီး ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။ 

လက်ရှိမှာ သူက အီတလီ စီးရီးအေ ကလပ် ဖီအိုရင်တီးနား အတွက် ကစားပေးနေပြီး ၂၀၂၄ အထိ စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘာဆာ ကသာ ကမ်းလှမ်းလာမယ် ဆိုရင် ကစားသမား ကိုယ်တိုင်က အသင်းကို တောင်းဆိုလာဖွယ် ရှိနေတာကြောင့် ဖီအိုရင်တီးနားတို့ အမ်မရာဘတ်ကို မဖြစ်မနေ လက်လွှတ်ပေးရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်