နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေစီမီလန် ကနေ ထွက်ခွာတော့မယ့် ဘာကာယိုကို၊ လေသံ စပြောင်းလာတဲ့ ဒီမာရီယာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အေစီမီလန်က ထွက်ခွာတော့မယ့် ဘာကာယိုကို၊ လေသံ စပြောင်းလာတဲ့ ဒီမာရီယာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃၁ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အေစီမီလန်က ထွက်ခွာတော့မယ့် ဘာကာယိုကို

အီတလီ စီးရီးအေ ကလပ် အေစီမီလန် ကွင်းလယ်လူ ဘာကာယိုကိုဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မှာပဲ အသင်း ကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ အီတလီ သတင်းထောက် တစ်ဦး ဖြစ်တဲ့ Gianluca Di Marzio ရဲ့ ဖော်ပြချက်အရ တီမူ ဘာကာယိုကို,ကို တူရကီ ကလပ် အဒါနာဒီမာစပေါ်က ကမ်းလှမ်းခဲ့ပေမယ့် ကစားသမား ဘက်က ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဘာကာယိုကိုက မီလန် ကနေ ထွက်ခွာချင်နေပြီး ဒီရာသီမှာ လုံးဝ ပွဲထွက် ကစားခွင့် မရသေးတဲ့ အပေါ် စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အတွက် စီးရီးအေ ပြိုင်ဘက် ဖြစ်တဲ့ ခရီမွန့်စ်က စိတ်ဝင်စားနေပြီး လက်ရှိမှာ ညှိနှိုင်းမှုတွေ ပြုလုပ်နေကာ အီတလီ မှာပဲ ဆက်နေချင်တဲ့ ဘာကာယိုကိုရဲ့ ဆန္ဒကြောင့် သဘောတူညီမှု ရဖွယ် ရှိပါတယ်။

ဘာကာယိုကိုဟာ အေစီမီလန် အတွက် ပွဲပေါင်း ၆၀ ကျော် ကစားပေးထားခဲ့ပြီး သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ခြေစွမ်းပိုင်း ကတော့ အားရစရာ မရှိသလို မိုနာကိုမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းမျိုး ပြန်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဘာကာယိုကိုက ချဲလ်ဆီး ကစားသမားဟောင်းလည်း ဖြစ်သလို ပြင်သစ် လက်ရွေးစင် အသင်း အတွက်လည်း ကစားပေးခဲ့ဖူးပါတယ်။


လေသံ စပြောင်းလာတဲ့ ဒီမာရီယာ

ဒီနှစ် ဘောလုံးရာသီမှ ပီအက်စ်ဂျီ ကနေ ဂျူဗင်တပ်စ်ကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိန်ဂျယ် ဒီမာရီယာဟာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ ယူဆရတဲ့ ပြောဆိုမှုမျိုးတွေ ပြုလုပ်လာခဲ့ပါတယ်။ ဂျူဗီ ကတော့ ဒီရာသီ စီးရီးအေမှာ ရမှတ် ၁၅ မှတ် လျှော့ချခံရပြီး နောက်ဆုံး ပွဲမှာလည်း မွန်ဇာကို အိမ်ကွင်း မှာတင် အရေးနိမ့်ခဲ့ပါတယ်။

သူ့ရဲ့ စာချုပ် သက်တမ်းတိုးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒီမာရီယာက “ ကျနော့်ရဲ့ အနာဂတ်လား၊ ကျနော့် မိသားစုက ပျော်ရွှင်နေပါတယ်၊ ဂျူဗီက ခမ်းနား ကြီးကျယ်တဲ့ အသင်းပါ၊ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကြည့်ရတာပေါ့” လို့သာ ပြောဆိုခဲ့ပြီး အတိအကျ ပြောဆိုသွားခြင်းတော့ မရှိပါဘူး။

ဂျူဗီရဲ့ ရလဒ်တွေ ဆိုးရွားနေမှု၊ လာမယ့်ရာသီ ဥရောပ ဝင်ခွင့်ရဖို့ မသေချာမှုတွေကြောင့် ဂျူဗီ ကနေ ကစားသမားတွေ ထွက်ခွာတာမျိုးတွေ မြင်တွေ့ရနိုင်ပါတယ်။ ဒီမာရီယာက တူရင် ကလပ်ကို တစ်နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့် ရရှိမှာ ဖြစ်တာကြောင့် သူ့ရဲ့ အနာဂတ်က ဘယ်ကို ဦးတည်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာပါ။


ဒိုက်ဗင် မထိုးဖို့ အိုဆင်ဟမ်ကို သတိပေးခဲ့တဲ့ မော်ရင်ဟို

အီတလီ စီးရီးအေ ကလပ် ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်ကို ဒိုက်ဗင်ထိုးတာတွေ မပြုလုပ်ဖို့ သတိပေးခဲ့ပါတယ်။ နာပိုလီနဲ့ ရိုးမားတို့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အိုဆင်ဟမ်က နာပိုလီ အတွက် လှပတဲ့ သွင်းဂိုး တစ်ဂိုးကို ရယူပေးခဲ့ပြီး မော်ရင်ဟိုရဲ့ ချီးကျူးမှုကို ရရှိခဲ့သလို သတိပေးခြင်းပါ ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုက “ သူက ဒရော့ဘာလို အဆင့်အတန်းမျိုးကို ရောက်နေပါပြီ၊ ဒါပေမယ့် ဒရော့ဘာက ဒိုက်ဗင် မထိုးပါဘူး၊ အိုဆင်ဟမ် သွင်းခဲ့တဲ့ ဂိုးက ကောင်းမွန် လှပတယ်လို့ ကျနော် သူ့ကို သွားပြောခဲ့ပါတယ်၊ ပြီးတော့ ဒိုက်ဗင် မထိုးဖို့ ကိုပါ ကျနော် ပြောခဲ့ပါတယ်၊ စီးရီးအေမှာ ဒီအပြုအမူက ဘာမှမဖြစ်ပေမယ့် အင်္ဂလန်မှာ ဆိုရင် သူ့ကို ဝိုင်းပြီး ဆိုးဆိုးရွားရွား ဝေဖန်ကြမှာပါ” လို့ ပြောခဲ့ပါတယ်။

အိုဆင်ဟမ် ကတော့ နာပိုလီ အတွက် ခြေစွမ်းပြ ကစားနေပြီး လက်ရှိမှာ စီးရီးအေ သွင်းဂိုး ၁၄ ဂိုးအထိ ရရှိထားပြီး ဖြစ်ပါတယ်။ အာဖရိသား တိုက်စစ်မှူးတွေ ဆိုရင် သဘောကျတတ်တဲ့ မော်ရင်ဟိုက ရိုးမား မှာသာ ငွေကြေး အများအပြား ရှိမယ် ဆိုရင် အိုဆင်ဟမ်ကို ခေါ်ယူချင်တယ် လို့လည်း ဝန်ခံထားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်