နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွါဒီယိုလာနဲ့ ပြဿနာ တက်တဲ့ သတင်းတွေကို ငြင်းခဲ့တဲ့ ကန်ဆယ်လို၊ နောက်ဆုံး အချိန်ရောက်မှ ပျက်ပြယ်ခဲ့တဲ့ အစ္စကိုရဲ့ အပြောင်းအရွှေ့ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒီတစ်ခါ မှာတော့ ဂွါဒီယိုလာနဲ့ ပြဿနာ တက်တဲ့ သတင်းတွေကို ငြင်းခဲ့တဲ့ ကန်ဆယ်လို၊ နောက်ဆုံး အချိန်ရောက်မှ ပျက်ပြယ်ခဲ့တဲ့ အစ္စကိုရဲ့ အပြောင်းအရွှေ့ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂွါဒီယိုလာနဲ့ ပြဿနာ တက်ခဲ့တယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ ကန်ဆယ်လို

ဘေယန်မြူးနစ် ကစားသမားသစ် ယာအို ကန်ဆယ်လိုက အသင်းဟောင်း မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာနဲ့ ပြဿနာ တက်ခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်လို့ ငြင်းဆန်သွားခဲ့ပါတယ်။ 

ဒီကစားသမားဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်စီးတီး ကနေ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းထံ အချိန်တို အတွင်းမှာ အံ့အားသင့်ဖွယ် အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ရာသီကုန်မှာ အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ 

ကန်ဆယ်လို အနေနဲ့ မန်စီးတီးက ထွက်ခဲ့ရတာက နည်းပြ ဂွါဒီယိုလာနဲ့ ပြဿနာတက်ခဲ့လို့ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပေမယ့် ကန်ဆယ်လို ကတော့ အသင်းသစ်နဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ဒီအကြောင်းအရာတွေကို ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
အာဆင်နယ်
1X2 သရေ @ 4.50
အာဆင်နယ် အာရှ ဟန်းဒီးကပ် -1.50 @ 2.31
ဂိုးအောက် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက်ကို ပျော်ပျော်ကြီး ပြောင်းချင်ခဲ့တဲ့ ဆာဘစ်ဇာ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကနေ မန်ချက်စတာယူနိုက်တက်ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇာဟာ ယူနိုက်တက်ကို ပျော်ပျော်ကြီး ပြောင်းရွှေ့လိုခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ကစားသမားကို ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ အပြိုင် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင်က ယူနိုက်တက်ကို ရွေးချယ်သွားခဲ့တာပါ။ 

နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဆာဘစ်ဇာ အနေနဲ့ သူ့ရဲ့ အေးဂျင့်အဖွဲ့ကို ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့ပြီး အဲရစ်ခ် တန်ဟက်ဂ်ရဲ့ စီမံကိန်းတွေမှာ ပါဝင်ခွင့်ရခဲ့ခြင်း အတွက် ပျော်ရွှင်တာထက် ပိုတယ် ဆိုပြီး ပြောခဲ့ကြောင်း ဖွင့်ဟသွားခဲ့တာပါ။


နောက်ဆုံး အချိန်ရောက်မှ ပျက်ပြယ်ခဲ့တဲ့ ယူနီယံဘာလင်နဲ့ အစ္စကိုရဲ့ အပြောင်းအရွှေ့ 

ယူနီယံဘာလင်ဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ကွင်းလယ်လူ အစ္စကို,ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံး အချိန်မှ အပြောင်းအ‌ရွှေ့ ပျက်ပြယ်သွားခဲ့ရကြောင်း သိရပါတယ်။ 

အစ္စကို အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ကို လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ ပြောင်းရွှေ့ဖို့ ပြင်ဆင်ထားပြီးမှ နှစ်ဖက် ညှိနှိုင်းမှုတွေ ရုတ်ချည်း အဆင်မပြေ ဖြစ်ခဲ့တာပါ။

အစ္စကိုဟာ ယူနီယံဘာလင်နဲ့ ဆေးစစ်မှုတောင် ခံယူခဲ့ပြီး နောက်ဆုံး အဆင့် ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အချိန်ရောက်မှ နှစ်ဦး နှစ်ဖက် လုံးဝ ညှိနှိုင်းလို့ မရခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့တယ်လို့လည်း သိရပါတယ်။

ကစားသမား ဘက်ကတော့ ယူနီယံဘာလင်ရဲ့ ကနဦး ကမ်းလှမ်းမှုတွေနဲ့ နောက်ဆုံး ကမ်းလှမ်းမှုတွေမှာ ကွာဟချက် ရှိခဲ့တယ်လို့ ဆိုထားပြီး ယူနီယံဘာလင် ဘက်ကလည်း အစ္စကို,ကို ခေါ်ယူမယ့် အပြောင်းအရွှေ့ မဖြစ်နိုင်တော့ကြောင်း တရားဝင် အတည်ပြု ကြေညာသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်