နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇန်နီအိုလိုနဲ့ ရိုးမား အကြား ပိုပိုမြင့်တက်လာတဲ့ တင်းမာမှုများ၊ ဒါရိုက်တာတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒရှိနေတဲ့ ဂျူဗင်တပ်စ် ကစားသမားများ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဇန်နီအိုလိုနဲ့ ရိုးမား အကြား ပိုပိုမြင့်တက်လာတဲ့ တင်းမာမှုများ၊ ဒါရိုက်တာတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒရှိနေတဲ့ ဂျူဗင်တပ်စ် ကစားသမားများ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၃ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဇန်နီအိုလိုနဲ့ ရိုးမား အကြား တင်းမာမှုတွေ မြင့်တက်

ရိုးမား ကြယ်ပွင့် နီကိုလို ဇန်နီအိုလိုဟာ အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း တရားဝင် ကြေညာခဲ့ပြီးနောက် အသင်း ဥက္ကဌ တီယာဂို ပင်တိုနဲ့ လာမယ့် တစ်ပတ်မှာ ဆွေးနွေးဖွယ် ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

စီးရီးအေ
အင်တာမီလန်
အေစီမီလန်
1X2 အေစီမီလန်3.70
အေစီမီလန် အာရှ ဟန်းဒီးကပ် +0.50 @ 1.93
ဂိုးပေါ် 2.25 @ 1.67
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဇန်နီအိုလိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် ရိုးမား ဘက်ကတော့ ဒီကစားသမားကို လက်လွှတ်ခဲ့ခြင်း မရှိပါဘူး။

တချို့သော သတင်းတွေရဲ့ ဖော်ပြချက်အရ ဇန်နီအိုလိုဟာ သူကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ရိုးမားကို ပြန်လည် တရားစွဲဆိုဖို့ အထိ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။


ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်မရခဲ့လို့ တုန်လှုပ်ခဲ့ရတဲ့ အမ်မရာဘတ်

စီးရီးအေ ကလပ် ဖီအိုရင်တီးနားရဲ့ ကြယ်ပွင့် ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ ဘာစီလိုနာထံ ပြောင်းရွှေ့ခွင့် မရခဲ့တဲ့ အတွက် တုန်လှုပ် ချောက်ချားခဲ့ကြောင်း သိရပါတယ်။

ဒီအကြောင်း ကိုတော့ ဖီအိုရင်တီးနား နည်းပြ ဗင်ဆန်ဇို အီတလီယာနို ကိုယ်တိုင်က တိုရီနိုကို အနိုင်ရရှိခဲ့တဲ့ ကိုပါအီတလီယာ ကွာတားဖိုင်နယ် ပွဲအပြီးမှာ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

အီတလီယာနိုက အမ်မရာဘတ် အနေနဲ့ ဖြစ်ပျက်ခဲ့တာတွေ အပေါ် တုန်လှုပ် ချောက်ချားခဲ့ရကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ အသင်းကို ပြန်လည် တောင်းပန်ခဲ့ပြီး လာမယ့် ဇွန်လအထိ အသင်း အတွက် ရာနှုန်းပြည့် ပေးဆပ်သွားရမှာကို သိထားကြောင်းနဲ့ အမ်မရာဘတ်က ထိပ်တန်း ကစားသမား ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ဒါရိုက်တာတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဂျူဗင်တပ်စ် ကစားသမားတွေ ဆန္ဒရှိနေ

ဂျူဗင်တပ်စ်ဟာ အပြောင်းအရွှေ့နဲ့ စာချုပ် ကိစ္စ၊ ဘဏ္ဍာရေး ကိစ္စတွေမှာ မသမာမှု ကျူးလွန်ခဲ့တာကြောင့် စီးရီးအေမှာ (၁၅) မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ အသင်းလည်း ဖြစ်ပါတယ်။
မသာမာမှုတွေ အတွက် ရမှတ် လျှော့ခံထားရတဲ့ ဂျူဗင်တပ်စ် အသင်း

လတ်တလော ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်စ် ကစားသမားတွေဟာ အသင်းရဲ့ ဒါရိုက်တာတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်ဟာ အပြောင်းအရွှေ့နဲ့ စာချုပ် ကိစ္စ၊ ဘဏ္ဍာရေး ကိစ္စတွေမှာ မသမာမှု ကျူးလွန်ခဲ့တာကြောင့် စီးရီးအေမှာ (၁၅) မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ အသင်းလည်း ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ဂျူဗင်တပ်စ် ကစားသမားတွေက အသင်းရဲ့ လက်ရှိ အခြေအနေတွေ အပေါ်မှာ စိုးရိမ်နေကြပြီး အသင်းရဲ့ အကြီးပိုင်း တာဝန်ရှိသူတွေ ဖြစ်တဲ့ ပေဗယ်လ် နက်ဗက်၊ အန်ဒရီယာ အဂ္ဂါနယ်လီတို့ မရှိတဲ့နောက် ကျန် ဒါရိုက်တာ အဖွဲ့ဝင်တွေနဲ့ အစည်းအဝေး ပြုလုပ်ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်