တော့တင်ဟမ်ဟော့စပါးရဲ့ ထာ၀ရဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဟယ်ရီကိန်း၊ ချဲလ်ဆီးနဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ မေဆန်မောင့် စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ် ရှုံးပွဲကို အခွင့်ကောင်းမယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ် မှာတော့ မန်ချက်စတာစီးတီးက အာဆင်နယ်တို့ စနေနေ့က အဲဗာတန်ကို အရေးနိမ့်ခဲ့မှုကို အခွင့်ကောင်း မယူနိုင်ခဲ့ဘဲ တော့တင်ဟမ်ဟော့စပါးကို လိုက်ရှုံးခဲ့လို့ အမှတ် ကွာဟချက်ကို မလျှော့ချနိုင်ခဲ့ဘဲ ရှိခဲ့ပါတယ်။ နည်းပြ အန်တိုနီယို ကွန်တီ ကျန်းမာရေးကြောင့် မကိုင်တွယ်နိုင်ခဲ့တဲ့ ပွဲမှာ စပါး အတွက် ဟယ်ရီကိန်းက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီး နိုင်ပွဲ ယူသွားခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီရဲ့ အမှားက တဆင့် မန်စီးတီးတို့ ဂိုးပေးလိုက်ရတာ ဖြစ်ပြီး ဒါကို ပြန်ချေပဖို့ အားထုတ်ခဲ့ပေမယ့်လည်း ချေပဂိုး လုံး၀မရဘဲ ဖြစ်ခဲ့ရပါတယ်။ တိုက်စစ်မှူး အာလင်း ဟာလန်းလည်း ဘာမှမတတ်နိုင်ခဲ့ဘဲ လက်မှိုင်ချခဲ့ရပြီး ပွဲအစကတည်းက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကို အသုံးမပြုခဲ့တဲ့ ဂွာဒီယိုလာရဲ့ နည်းစနစ်ပိုင်းက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။
ဒီရှုံးပွဲကြောင့် မန်စီးတီးတို့ အာဆင်နယ်နဲ့ ၅ မှတ် ကွာဟနေဆဲ ဖြစ်တဲ့ အပြင် တစ်ပွဲ ပိုလည်း ကစားထားသေးတာ ဖြစ်ပါတယ်။ စပါး ကတော့ ၃၉ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက နယူးကာဆယ်နဲ့ ၁ မှတ်၊ အဆင့် ၃ နေရာက မန်ချက်စတာယူနိုက်တက်နဲ့ ၂ မှတ်ကွာ အနေအထားမှာ ဆက်ရှိနေပါတယ်။
တော့တင်ဟမ်ဟော့စပါးရဲ့ ထာ၀ရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဟယ်ရီကိန်း
ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ချက်စတာစီးတီးနဲ့ ပွဲမှာ အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ထာ၀ရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါဟာ စပါး ဂန္ထဝင်ဟောင်းကြီး ဂျင်မီ ဂရေ့ဗ်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂျင်မီဂရေ့ဗ်က ၃၇၉ ပွဲမှာ ၂၆၆ ဂိုး အထိ သွင်းယူခဲ့ပြီး ဟယ်ရီကိန်း ကတော့ ၄၁၆ ပွဲမှာ ၂၆၇ ဂိုး အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ စပါးရဲ့ အဓိက ဂိုးသွင်းရှင် အဖြစ် ဆယ်စုနှစ် တစ်ခု ကြာရှိနေခဲ့ပြီးနောက် ဟယ်ရီကိန်းက ဂုဏ်ယူဖွယ်ရာ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး စပါးမှာ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ဆက်လက် ပြသနေဆဲ ဖြစ်ပါတယ်။
အသင်းနဲ့ အတူ အောင်မြင်မှု မရယူနိုင်တာကြောင့် အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် ကိန်း ကတော့ သူ့ရဲ့ ဂိုးသွင်းနှုန်းကို ဟန်မပျက် ရှိစေခဲ့ပါတယ်။ နည်းပြ အန်တိုနီယို ကွန်တီ မကိုင်တွယ်နိုင်ချိန်မှာ မန်စီးတီးကို အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာ ကိန်းက ကွန်တီဆီ ဖုန်းဆက်သွယ်ခဲ့ကာ ကွန်တီက သူဂုဏ်ယူရအောင် ကိန်းက လုပ်ပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ မေဆန်မောင့်
အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမား မေဆန်မောင့် ကတော့ ချဲလ်ဆီးနဲ့ စာချုပ်သစ် ဆွေးနွေးနေမှုတွေ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ အတွက် စီစဉ်နေခဲ့ပေမယ့် လက်ရှိမှာ ချဲလ်ဆီးက အဆိုပါ အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီ ဖြစ်လို့ ဒီကိစ္စဟာ ပျက်ပြယ်သွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ချဲလ်ဆီးဟာ ကစားသမားသစ်တွေ အများအပြား ဝယ်ယူထားတာလည်း ဖြစ်ပါတယ်။ မေဆန်မောင့်က တပတ်ကို လုပ်ခလစာ ပေါင် ၈ သောင်း အထိ ရရှိနေတာ ဖြစ်ပြီး လက်ရှိမှာ ခြေစွမ်းမပြနိုင်တာကြောင့် အသင်းဘက်က သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ တုံ့ဆိုင်းလာခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကစားသမား အတွက် ချဲလ်ဆီး ဘက်က ကမ်းလှမ်းခဲ့မှု ကလည်း လုံလောက်မှု မရှိဘူးလို့ ကစားသမား ဘက်က ယုံကြည်နေပြီး စာချုပ်ကိစ္စက တော်တော်လေး အဆင်မပြေဖြစ်နေတာပါ။ လက်ရှိ အတိုင်း ဆိုရင် မေဆန်မောင့်ဟာ အသင်း ကနေ ထွက်ခွာရဖွယ်တောင် ရှိနေပြီး သူ ဆက်ရှိနေမယ် ဆိုရင်လည်း အရန်ခုံမှာသာ ထိုင်နေရဖွယ် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.