နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး ကနေ ဂွာဒီယိုလာ ထွက်ခွာမယ့် အလေးပေးချက်တွေ မြင့်တက်လာ၊ မန်စီးတီး ကနေ ထွက်ခဲ့တာက ကန်ဆယ်လို အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပဲလို့ ဆိုလိုက်တဲ့ ဆေးလ်ဗား (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

မန်စီးတီး ကနေ ဂွာဒီယိုလာ ထွက်ခွာမယ့် အလေးပေးချက်တွေ မြင့်တက်လာ၊ မန်စီးတီး ကနေ ထွက်ခဲ့တာက ကန်ဆယ်လို အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပဲလို့ ဆိုလိုက်တဲ့ ဆေးလ်ဗား စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီး ကနေ ဂွာဒီယိုလာ ထွက်ခွာမယ့် အလေးပေးချက်တွေ မြင့်တက်လာ

မန်ချက်စတာစီးတီးရဲ့ FFP စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ အရေးယူခံရမယ် ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်မှာ အသင်း နည်းပြ ပပ် ဂွာဒီယိုလာ လည်း အသင်း ကနေ ထွက်ခွာဖို့ ရေပန်းစားလာပါတယ်။ ဘွတ်ကီတွေရဲ့ အလေးပေးမှုတွေဟာ မြင့်တက်လာခဲ့ပြီး စပိန်သား နည်းပြဟာ အီတီဟတ်ကို စွန့်ခွာတော့မှာလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

ဂွာဒီယိုလာက မန်စီးတီး နည်းပြ အဖြစ် နှစ်ပေါင်း အနည်းငယ်ကြာ တာဝန်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် အပါအဝင် ပြည်တွင်း ဆုဖလား အောင်မြင်မှု အများအပြား ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် မေလ အတွင်းမှာ ဂွာဒီယိုလာက သူ့အပေါ်ကို အသင်းဘက်က လိမ်ညာထားတာမျိုး ရှိနေခဲ့တယ် ဆိုရင် သူအသင်း ကနေ ချက်ချင်း ထွက်ခွာမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒါကြောင့် လက်ရှိမှာ ဂွာဒီယိုလာက အသင်းဘက်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းပြီး သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖွယ် ရှိတယ်လို့ အားလုံးက ယူဆနေကြပါတယ်။ မန်စီးတီးဟာ ၉ နှစ်တာ ကာလအတွင်း FFP စည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကို တွေ့ရှိခဲ့ပြီး ငွေဒဏ်၊ ရမှတ်လျှော့၊ တန်းဆင်း အစ ရှိတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရဖွယ် ရှိနေပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
အက်စတန် ဗီလာ
1X2 မန်ချက်စတာစီးတီး @ 1.22
ဂိုးပေါ် 3.00 @ 1.79
ဂိုးပေါင်း 2-3 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်စီးတီး ကနေ ထွက်ခဲ့တာက ကန်ဆယ်လို အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပဲလို့ ဆိုလိုက်တဲ့ ဆေးလ်ဗား

ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီး ကနေ ဘေယန်မြူးနစ် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ယာအို ကန်ဆယ်လိုဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ခံစားရကြောင်း ပေါ်တူဂီ လက်ရွေးစင် အသင်းဖော် ဘာနာဒို ဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။ ကန်ဆယ်လိုဟာ ဘေယန်မြူးနစ် အသင်းထံ အံအားသင့်ဖွယ် အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ယူရိုသန်း ၇၀ နဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့် ပါဝင်နေတာပါ။

ကန်ဆယ်လိုဟာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့တာကြောင့် နည်းပြ ဂွာဒီယိုလာနဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပြီး နည်းပြ ကိုယ်တိုင်က သူ့ကို အသင်း ကနေ ထွက်ခွာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘာနာဒို ဆေးလ်ဗားက “ သူ့အတွက် ပျော်ရွှင်ပါတယ်။ ဒါက သူ့ဘဝမှာ ပျော်ရွှင်စွာ ရှေ့ဆက်သွားနိုင်ဖို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပါပဲ။ အသင်းနဲ့ ကျွန်တော့် အတွက်တော့ ဒါဟာ ဝမ်းနည်းဖို့ ကောင်းပါတယ်”

ကန်ဆယ်လိုဟာ ပရီးမီးယားလိဂ် ကနေ ထွက်ခွာလာပြီးနောက် ဘေယန်မြူးနစ် အသင်းကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြသနေပြီး ၂ ပွဲကစား အပြီးမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။
ဘေယန်မြူးနစ်မှာ ၂ ပွဲ ကစားပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတဲ့ ကန်ဆယ်လို

“ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော် သူ့ကို နေ့တိုင်း အားကိုးလို့ မရတော့လို့ပါ။ သူဟာ ကျွန်တော် အလွန် သဘောကျတဲ့ လူတစ်ယောက် ဖြစ်တယ် ဆိုတာကို သူသိပါတယ်၊ ဒါပေမယ့် သူဟာ သူ့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချလိုက်နိုင်ပြီး သူ့အတွက် ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ကန်ဆယ်လိုဟာ ပရီးမီးယားလိဂ် ကနေ ထွက်ခွာလာပြီးနောက် ဘေယန်မြူးနစ် အသင်းကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြသနေပြီး ၂ ပွဲကစား အပြီးမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။


ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ကံကောင်းလို့ အသက်မသေခဲ့တဲ့ အက်ဆု

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ်ယူနိုက်တက် အသင်း ကစားသမားဟောင်း ခရစ္စတီယန် အက်ဆုဟာ တူရကီမှာ ကြီးမား ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကို ရင်ဆိုင်ခဲ့ရပြီး ကံကောင်းစွာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ တူရကီနဲ့ ဆီးရီးယားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇.၈ ရှိပြီး လူပေါင်း ၃၈၀၀ အထိ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အဆောက်အဦး အများအပြားလည်း ပြိုကျ ပျက်စီးခဲ့ပြီး အက်ဆု ဟာလည်း အပျက်အစီးပုံတွေ အောက်မှာ ရောက်နေခဲ့ပါတယ်။ သူ့ကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ချိန်မှာ သူ့ ညာခြေထောက်မှာ ဒဏ်ရာ ရရှိထားပြီး အသက်ရှူရလည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ဆေးရုံကို အချိန်မီ ပို့ဆောင်နိုင်ခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပြီလို့ သိရပါတယ်။

အက်ဆုဟာ တူရကီ ကလပ် ဟာတေစပေါ်မှာ ကစားနေပြီး အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်ကာ တောင်ပံ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ငလျင်ကြောင့် သေဆုံးနှုန်း တိုးမြင့်လာမယ်လို့ ခန့်မှန်းရပြီး တူရကီက ဒီအဖြစ်အပျက်ဆိုး အတွက် နိုင်ငံတကာ ကိုလည်း အကူအညီတွေ တောင်းခံထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်