ဘေယန်မြူးနစ်နဲ့ အနာဂတ် မသေချာတော့တဲ့ နော်အာ၊ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခြင်း မရှိတော့တဲ့ ဘယ်လင်ဟမ် စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်နဲ့ အနာဂတ် မသေချာတော့တဲ့ နော်အာ
ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဂျာမန် လက်ရွေးစင် ကစားသမားဟာ လက်ရှိ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အတောအတွင်း အသင်းနဲ့ အကြိတ်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားမထက်သန်တော့တဲ့ ဘယ်လင်ဟမ်
ဘယ်လင်ဟမ်ဟာ လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကနေ သေချာပေါက် စွန့်ခွာတော့မှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ လစ်ဗာပူးလ် တို့က အသက် (၁၉) နှစ် အရွယ် ဒီကွင်းလယ်လူကို အထူးစိတ်ဝင်စားနေပါတယ်။
ါပေမယ့် လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က ရလဒ်ပိုင်း ကျဆင်းနေပြီး အသင်း အတွက် လိုအပ်တဲ့ အင်အား ဖြည့်တင်းမှုတွေ ကိုလည်း ပြုလုပ်ခြင်း မရှိတာကြောင့် ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်ကို ဦးစားပေး အဖြစ် မသတ်မှတ်တော့ကြောင်း သိရပါတယ်။
ဘေယန် အသင်းခေါင်းဆောင် မဖြစ်ထိုက်တော့ဘူးလို့ နော်အာဝေဖန်ခံနေရ
ဘေယန်မြူးနစ် ဘက်က အသင်းရဲ့ ဂိုး နည်းပြ တိုနီ တာပါလိုဗစ်ကို ထုတ်ပယ်ခဲ့တာကြောင့် နော်အာက အသင်းကို ပြန်လည် ဝေဖန်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ အကြီးအကဲတွေ ကလည်း နော်အာရဲ့ လုပ်ရပ် အပေါ် စိတ်ပျက်နေကြပါတယ်။
ဒီလိုမျိုး နော်အာက အင်တာဗျူး အစီအစဥ်မှာ မိမိအသင်းကို ပြန်လည် ထိုးနှက်ခဲ့တာကြောင့် သူ့ကို ဘေယန်မြူးနစ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် ထပ်မံ လက်မခံသင့်တော့ကြောင်း မားသီးယပ်စ်က ဂျာမနီ စကိုင်းစပေါ့ကို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.