နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ ကာတာ အုပ်စု၊ ရိုက်စ်က ပါတေးနဲ့ ကက်စ်မဲရိုးထက် ပိုကောင်းတယ်လို့ ပြောလိုက်တဲ့ ထရစ်ပီယာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ ကာတာ အုပ်စု၊ ရိုက်စ်က ပါတေးနဲ့ ကက်စ်မဲရိုးထက် ပိုကောင်းတယ်လို့ ပြောလိုက်တဲ့ ထရစ်ပီယာ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်ကို ကာတာ အုပ်စုက ဝယ်ယူဖို့ ကြိုးပမ်းနေ

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းကို လာမယ့် ရက်ပိုင်း အနည်းငယ် အတွင်းမှာ ကာတာ အခြေစိုက် ရင်းနှီးမြုပ်နှံမှု အုပ်စုက ငွေကြေးတလုံး တခဲတည်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ ယူနိုက်တက်ကို အလုံးစုံ ပိုင်ဆိုင်ဖို့ အတွက် ကမ်းလှမ်းမှာ ဖြစ်ပြီး အခြား ပြိုင်ဘက်တွေထက် ပိုမိုသာလွန်လိမ့်မယ်လို့ ကာတာ ဘက်က ယုံကြည်နေပါတယ်။

ဝယ်ယူမှုကို မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်ဖို့လည်း ကာတာ အုပ်စုက မျှော်လင့်ထားပြီး ဒီစီးပွားရေး အုပ်စုဟာ ကာတာ စော်ဘွား ရှိတ်တမ်မင် ဘင်ဟာမက် အယ်လ်သာနီ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အယ်လ်သာနီဟာ ယူနိုက်တက် ပရိသတ် ဖြစ်ပြီး သူတို့ မိသားစုရဲ့ ချမ်းသာကြွယ်၀မှုက ဒေါ်လာ ၃၃၅ ဘီလီယံ အထိ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ယူနိုက်တက် အသင်း ပိုင်ရှင် ဖြစ်တဲ့ ဂလေဇာ မိသားစု ကတော့ အသင်းကို ရောင်းချမယ်လို့ သတင်းလွှင့်လိုက်၊ မရောင်းချဘဲ ငြင်းဆန်လိုက်လုပ်နေတာပါ။ ကာတာ အုပ်စုကတော့ သူတို့သာ အသင်းကို ပိုင်ဆိုင်ခဲ့ပြီးရင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ကုန်ကျမှုတွေ အားလုံးကို ပြုလုပ်ပေးသွားဖို့ ဝန်လေးနေမှာ မဟုတ်ဘဲ ငွေကြေး သုံးစွဲသွားဖို့လည်း အသင့် ဖြစ်နေပါတယ်။


ရိုက်စ်က ပါတေးနဲ့ ကက်စ်မဲရိုးထက် ပိုကောင်းတယ်လို့ ပြောလိုက်တဲ့ ထရစ်ပီယာ

ဝက်စ်ဟမ်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ ရိုက်စ်ကို ခေါ်ယူဖို့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အများအပြားက စိတ်ဝင်စားနေချိန်မှာ ထရစ်ပီယာက ချီးကျူးခဲ့တာပါ။
ဥရောပထိပ်တန်း ကလပ်တွေက ပစ်မှတ်ထား စောင့်ကြည့်ခံနေရတဲ့ ရိုက်စ်

နယူးကာဆယ် ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ ကီရင် ထရစ်ပီယာက အင်္ဂလန် ကွင်းလယ်လူ ဒီကလန် ရိုက်စ်ဟာ အာဆင်နယ် ကွင်းလယ်လူ သောမတ်စ် ပါတေးနဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရိုက်စ် ကတော့ ဝက်စ်ဟမ်း အတွက် ကစားပေးနေတာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ ရိုက်စ်ကို ခေါ်ယူဖို့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အများအပြားက စိတ်ဝင်စားနေချိန်မှာ ထရစ်ပီယာက ချီးကျူးခဲ့တာပါ။ ဒါဟာ နယူးကာဆယ် ကလည်း ဒီကစားသမားကို စိတ်ဝင်စားမှု ရှိနေပြီး စိန့် ဂျိမ်းစ်ပတ်ခ် ဆီ ရိုက်စ် ရောက်လာဖို့ ထရစ်ပီယာက မျှော်လင့်နေဟန် ရှိတယ်လို့ ယူဆရပါတယ်။

“ ရိုက်စ်က ဉာဏ်ရည် ဉာဏ်သွေး ကောင်းမွန်ပြီး ပါဝါအပြည့်နဲ့ ကစားနိုင်တဲ့သူပါ၊ ကမ္ဘာ့အကောင်းဆုံးတွေ ထဲက တစ်ဦးလိုမျိုး သူ လုပ်ပြနေတာပါ။ ကက်စ်မဲရိုးက ဆုဖလားတွေ ရခဲ့တယ်၊ ချန်ပီယံလိဂ် ဖလားတွေ ရခဲ့တယ်၊ ကမ္ဘာ့အဆင့် ကစားသမားပါ၊ ဒါပေမယ့် ရိုက်စ်က မယုံနိုင်စရာ ကောင်းလွန်းတဲ့ ကစားသမားလည်း ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


လိဒ်စ်နဲ့ ပွဲမှာ လွဲချော်မယ့် ကစားသမား ၃ ဦးကို တန်ဟက်ဂ် အတည်ပြု

စီးရီးအေ
အမ်ပိုလီ
စပီဇီယာ
1X2 သရေ (Draw) @ 3.35
ဂိုးအောက် 2.25 @ 2.07
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ လိဒ်ယူနိုက်တက်နဲ့ ကစားရမယ့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကစာသးမား ၃ ဦး သေချာပေါက် လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။ တိုက်စစ်မှူး အန်သိုနီ မာစီရယ်၊ ကွင်းလယ်လူ မက် တော်မီနေးနဲ့ တောင်ပံ ကစားသမား အန်တိုနီတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ ကက်စ်မဲရိုး ပွဲပယ်ခံထားရချိန်မှာ ထပ်မံလွဲချော်မယ့် ကစားသမားတွေ ဖြစ်ပြီး ယူနိုက်တက် အတွက်တော့ အခက်တွေ့လာနိုင်ပါတယ်။ တဖက်မှာ လိဒ်စ်ယူနိုက်တက်က နည်းပြကို ထုတ်ပယ်ထားရတဲ့ အသင်း ဖြစ်လို့ ဒီပွဲကို လျှော့တွက်လို့ မရကြောင်း တန်ဟက်ဂ်က အသင်းသားတွေကို သတိပေးထားပါတယ်။

“ သူတို့တွေ ပါဝင်နိုင်မှာ မဟုတ်ပါဘူး၊ အန်တိုနီလည်း မကစားနိုင်ပါဘူး၊ ကျနော်တို့ အသင်းမှာ ကစားခွင့် မရသေးတဲ့ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်၊ ဒီလူတွေနဲ့ ကျနော် လုပ်ဆောင်သွားမှာပါ” လို့ တန်ဟက်ဂ်က ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ လိဒ်နဲ့ ၂ ပွဲ ဆက်တိုက် ကစားသွားရမှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်