နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် ကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ အေစီမီလန်၊ ချန်ပီယံလိဂ် မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့တဲ့ နာပိုလီ ဥက္ကဌ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အာဆင်နယ် ကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ အေစီမီလန်၊ ချန်ပီယံလိဂ် မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့တဲ့ နာပိုလီ ဥက္ကဌ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အာဆင်နယ် ကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ အေစီမီလန်

စီးရီးအေ ကလပ် အေစီမီလန်ဟာ အာဆင်နယ် ကနေ ပြင်သစ် ကလပ် ရိမ်းစ်ကို အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ဖိုလာရင် ဘာလိုဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

အသက် (၂၁) နှစ် အရွယ် ဒီကစားသမားလေးဟာ လက်ရှိအချိန်မှာ လီဂူး သွင်းဂိုး (၁၄) ဂိုး သွင်းယူပေးထားပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ဦးဆောင်လျက် ရှိပါတယ်။

စီးရီးအေ
နာပိုလီ
ခရီမိုနီစီ
1X2 နာပိုလီ 1.18
နာပိုလီ အာရှ ဟန်းဒီးကပ် -2.00@ 1.94
ဂိုးပေါ် 3.25 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါ့အပြင် ဒီနောက်ပိုင်း သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့်လည်း ဥရောပ ထိပ်တန်း အသင်း အများအပြားက စောင့်ကြည့်နေကြပါတယ်။ မာဆေးလ်၊ ဗီလာရီးရဲလ် တို့နဲ့ အတူ အေစီမီလန် ကလည်း ဘာလိုဂန်ကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။

အာဆင်နယ် ကတော့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ လာမယ့် နွေရာသီမှသာ ဆုံးဖြတ်ချက် ချမှတ်သွားဖွယ် ရှိပြီး ကစားသမား အတွက်ရော၊ အသင်း အတွက်ရော အကောင်းဆုံး ဖြစ်မယ့်လမ်း ကိုသာ ရွေးချယ်သွားမယ်လို့ သိရပါတယ်။


စီးရီးအေရဲ့ ကစားပုံကို လာဇီယို ကစားသမား‌ ဝေဖန်

လာဇီယိုဝါရင့် ကစားသမား လူးဝစ္စ အယ်လ်ဘာတိုက စီးရီးအေမှာ ရှိတဲ့ အသင်းတွေရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး ဝေဖန် ပြောကြားသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စပိန်သားက စီးရီးအေ ကလပ်တွေရဲ့ နောက်ခံလူ (၃) ယောက် ထားကစားတဲ့ စနစ်ကို ဝေဖန်ခဲ့တာပါ။ အယ်လ်ဘာတိုက ဒီလိဂ်ပြိုင်ပွဲက အများကြီး မတိုးတက်သေးကြောင်း၊ တစ်ယောက်ချင်း လူကပ် ကစားတဲ့ နောက်ခံလူ (၃) ဦး စနစ် ကိုသာ အများစု အသုံးပြုနေကြကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နာပိုလီ၊ လာဇီယို၊ ဆာဆူအိုလိုနဲ့ ဖီအိုရင်တီးနားတို့ လေးသင်း ကသာ ဥရောပ စတိုင်နဲ့ ကစားကြောင်း၊ ဂျူဗင်တပ်စ် ကတော့ ကွဲပြားခြားနားကြောင်း၊ သူတို့ အမှတ်လျှော့ခံရတဲ့ အပေါ် မှတ်ချက် မပေးလိုကြောင်း အယ်လ်ဘာတိုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။


ချန်ပီယံလိဂ် မျှော်လင့်ချက်နဲ့ ပတ်သက်လို့ နာပိုလီဥက္ကဌ ဖွင့်ဟ

နာပိုလီ ဥက္ကဌ အော်ရယ်လို ဒီလော်ရန်းတစ်က အသင်းရဲ့ ချန်ပီယံလိဂ် ဆုဖလား မျှော်လင့်ချက်နဲ့ ပတ်သက်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

နာပိုလီဟာ ဒီရာသီ စီးရီးအေ မှာရော၊ ချန်ပီယံလိဂ် မှာပါ ပုံစံကောင်း ပြသနေတဲ့ အသင်း တစ်သင်း ဖြစ်ပြီး ချန်ပီယံလိဂ် ဖလား ရယူနိုင်တဲ့ အနေအထားမျိုး အထိ သတ်မှတ်ခံနေရတာပါ။

ဒီအပေါ်မှာ ဒီလော်ရန်းတစ်က ကျွန်တော် တို့က သန်မာတဲ့ အသင်း တစ်သင်း ဖြစ်ကြောင်း၊ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ဥ‌ရောပက အသင်းကောင်းတွေ ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး နာပိုလီ အသင်း ပိုင်ရှင်က အသင်း အနေနဲ့ ချန်ပီယံလိဂ် ဖလား ရနိုင်တာကို လောင်းကစား အေဂျင်စီတွေက အတည်ပြုထားကြောင်း၊ သူတို့က နာပိုလီကို ချန်ပီယံ ဖြစ်နိုင်ချေ (၄) နဲ့ (၅) မှာ သတ်မှတ်ထားကြောင်း၊ ဒါပေမယ့် သေချာပေါက် အချို့ အသင်းတွေက နာပိုလီထက် ပိုမို တောင့်တင်းကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်