နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်ရဲ့ တိုက်စစ်မှူးသစ် ဖြစ်နိုင်ချေ စာရင်းထဲ ဗလာဟိုဗစ်လည်း ပါဝင်လာ၊ ဒီဗရစ်ချ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ အင်တာမီလန် ဆွေးနွေး (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်ရဲ့ တိုက်စစ်မှူးသစ် ဖြစ်နိုင်ချေ စာရင်းထဲ ဗလာဟိုဗစ်လည်း ပါဝင်လာ၊ ဒီဗရစ်ချ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ အင်တာမီလန် ဆွေးနွေး စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်ရဲ့ တိုက်စစ်မှူးသစ် ဖြစ်နိုင်ချေ စာရင်းထဲ ဗလာဟိုဗစ်လည်း ပါဝင်လာ

နောက်လာမယ့် ဘောလုံးရာသီသစ် အတွက် ရီးရဲလ်မက်ဒရစ်တို့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ပြင်ဆင်လာဖွယ် ရှိပြီး ဒီစာရင်းထဲမှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်လည်း ပါဝင်လာနိုင်ကြောင်း မီဒီယာတွေက ဖော်ပြနေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာဟာ အသက်အရွယ် အားဖြင့် အကျပိုင်း ရောက်ရှိလာတာကြောင့် လာမယ့် ရာသီသစ်မှာ ရီးရဲလ်မက်ဒရစ်တို့ တိုက်စစ်ပိုင်း အတွက် မဖြစ်မနေ အင်အား ဖြည့်တင်းရတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် စာရင်းထဲမှာ စီးရီးအေ ကြယ်ပွင့် ဗလာဟိုဗစ်နဲ့ အတူ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ရစ်ချာလီဆန်လည်း ပါဝင်နေကြောင်း သိရပါတယ်။

ဗလာဟိုဗစ် ကတော့ ဂျူဗင်တပ်စ်ရဲ့ အခြေအနေဆိုးတွေကြောင့် လာမယ့် နွေရာသီမှာ တူရင်မြို့ကို စွန့်ခွာသွားဖွယ် ရှိပြီး ပရီးမီးယားလိဂ် အသင်းတွေ ဘက်ကလည်း ဒီကစားသမားအပေါ် စိတ်ဝင်စားနေကြပါတယ်။


ဒီဗရစ်ချ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ အင်တာမီလန် ဆွေးနွေး

စီးရီးအေ ကလပ်ဟာ လာမယ့် နွေရာသီမှာ အဓိက အသင်းခေါင်းဆောင် နောက်ခံလူ မီလန် ရှက်ခရီညာကို ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။
မီလန် ရှက်ခရီညာ အပြင် ဒီဗရစ်ဂျ်ကို ဆုံးရှုံးခံလိုခြင်း မရှိတဲ့ အင်တာမီလန်

အင်တာမီလန်ဟာ အသင်းရဲ့ ဗဟို နောက်ခံလူ စတီဖန် ဒီဗရစ်ချ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် စကားပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ နယ်သာလန် ဗဟိုနောက်ခံလူ ကိုယ်တိုင် ကလည်း အင်တာမီလန်နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးနေကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညက ဖွင့်ဟ ပြောကြားခဲ့ပါသေးတယ်။

စီးရီးအေ ကလပ်ဟာ လာမယ့် နွေရာသီမှာ အဓိက အသင်းခေါင်းဆောင် နောက်ခံလူ မီလန် ရှက်ခရီညာကို ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နောက်ထပ် ဝါရင့်နောက်ခံလူ တစ်ယောက်ကို လက်မလွှတ်ရဖို့ အင်တာမီလန်တို့ ကြိုးစားနေတာ ဖြစ်ပြီး မကြာခင်မှာပဲ ဒီဗရစ်ချ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အခိုင်အမာ ယုံကြည်ထားပါတယ်။

ဒါ့အပြင် အင်တာမီလန်ဟာ အသင်းရဲ့ ဗဟိုခံစစ်တန်း နေရာ အတွက် ကစားသမားသစ် တစ်ယောက်ကို သေချာပေါက် ရှာဖွေသွားဦးမှာ ဖြစ်ကြောင်းလည်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။


အသင်းဖော် ဘာရီလာနဲ့ ကွင်းထဲမှာ အချင်းများခဲ့တဲ့ လူကာကူ

အင်တာမီလန် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ဆမ်ဒိုးရီးယားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲမှာ အသင်းဖော် ကွင်းလယ်လူ နီကိုလာ ဘာရီလာနဲ့ အချင်းများခဲ့ကြောင်း သိခဲ့ရပါတယ်။

အဆိုပါ စီးရီးအေပွဲရဲ့ ပွဲကစားချိန် မိနစ် (၄၀) မှာ လူကာကူက ဘာရီလာကို “မင်းတစ်ချိန်လုံး လက်မြှောက်နေတာကို တော်သင့်ပြီ။ ဒါက ကောင်းတဲ့အရာ မဟုတ်ဘူး၊ အခုချက်ချင်း ရပ်လိုက်တော့” လို့ အော်ဟစ်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဘာရီလာ ကိုယ်တိုင် ကလည်း လူကာကူကို ပြန်လည် တုံ့ပြန်ခဲ့တာကြောင့် နှစ်ယောက် အကြား အခြေအနေ ပိုမိုဆိုးရွားခဲ့ပြီး လူကာကူက နောက်ပိုင်းမှာ ဘာရီလာကို ဆဲဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒီမြင်ကွင်း အပေါ် အင်တာမီလန် နည်းပြ ဆီမြွန်နီ အင်ဇာဂီ ကလည်း ဒါမျိုးတွေက ကွင်းထဲမှာ ဖြစ်တတ်ကြောင်း၊ ဒါပေမယ့် မဖြစ်သင့်တဲ့ ကိစ္စ တစ်ခု ဖြစ်ပြီး ဒီလိုမျိုး မြင်တွေ့ရတာကို မနှစ်မြို့ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်