နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်ရဲ့ ဒုတိယ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဘန်ဇီမာ၊ ဥရောပမှာ ထိပ်တန်း အသင်း တသင်း အနေနဲ့ ကစားပြချင်နေတဲ့ ဇာဗီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်ရဲ့ ဒုတိယ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဘန်ဇီမာ၊ ဥရောပမှာ ထိပ်တန်း အသင်း တစ်သင်း အနေနဲ့ ကစားပြချင်နေတဲ့ ဇာဗီ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်ရဲ့ ဒုတိယ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဘန်ဇီမာ

အယ်လ်ချီနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲမှာ ပင်နယ်တီက တဆင့် ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာဟာ လာလီဂါ သွင်းဂိုး ၂၃၀ အထိ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ အသင်း ဂန္ထဝင် တိုက်စစ်မှူးဟောင်း ရာအူးလ် ဂွန်ဇာလက်ဇ်ရဲ့ ၂၂၈ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ သူက ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါ သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နောက်မှာ ရပ်တည်နေပြီ ဖြစ်ပြီး ရော်နယ်ဒိုက ၃၁၁ ဂိုး အထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒ့ါအပြင် လာလီဂါရဲ့ ထာ၀ရ ဂိုးသွင်း အများဆုံး ကစားသမား စာရင်း မှာလည်း အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ 

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
ဆယ်တာဗီဂို
1X2 ဆယ်တာဗီဂို @ 4.40
ဆယ်တာဗီဂို အာရှ ဟန်းဒီးကပ် +0.50 @ 2.13
ဂိုးပေါ် 2.25 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သူ့ရဲ့ အထက် မှာတော့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း လီယွန်နယ် မက်ဆီ၊ အသင်းဖော်ဟောင်း ရော်နယ်ဒို၊ ဘီလ်ဘာအို တိုက်စစ်မှူးဟောင်း တယ်လ်မိုဇာရာ၊ ရီးရဲလ် တိုက်စစ်မှူးဟောင်းပဲ ဖြစ်တဲ့ ဟူဂို ဆန်းချက်ဇ် တို့က ရှိနေပါတယ်။ ဟူဂို ဆန်းချက်ဇ်ကို ကျော်ဖြတ်ဖို့ အတွက်တော့ ဘန်ဇီမာက သွင်းဂိုး ၄ ဂိုးတည်းသာ လိုအပ်တော့တာ ဖြစ်ပါတယ်။


အယ်လ်ချီကို ဂိုးပြတ် အနိုင်ယူပြီး ဘာဆာကို အမီပြန်လိုက်နေတဲ့ ရီးရဲလ်

လာလီဂါ မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ပွဲကျန် အဖြစ် အယ်လ်ချီနဲ့ အိမ်ကွင်းပွဲ ကစားခဲ့ရာ မှာတော့ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ၁၁ မှတ် အထိ ကွာဟနေတဲ့ ရီးရဲလ်တို့ ဒီပွဲကို အမှားအယွင်း မခံခဲ့ဘဲ ဖိဖိစီးစီး ကစားခဲ့ကာ ပထမပိုင်း ကတည်းက ၃ ဂိုးသွင်းပြီး သက်တောင့် သက်သာနဲ့ နိုင်ပွဲ တစ်ပွဲကို ပုံဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အဆန်စီယိုက အဖွင့်ဂိုး သွင်းယူပြီးနောက် ဘန်ဇီမာက ပင်နယ်တီက တဆင့် ၂ ဂိုး အထိ ရယူခဲ့ကာ ဒုတိယပိုင်းမှာ လူကာ မိုဒရစ်က ပွဲသိမ်းဂိုး သွင်းယူခဲ့ပါတယ်။ လက်ရှိမှာ ပွဲတူ အနေအထားနဲ့ ဘာစီလိုနာအောက် ၈ မှတ် အကွာမှာ ရှိနေလို့ ရီးရဲလ်မက်ဒရစ်တို့ အမီလိုက်ဖို့တော့ ခက်ခဲနေဦးမှာ ဖြစ်ပြီး လာမယ့် ပွဲတွေကို အမှားအယွင်း မရှိအောင် ကစားဖို့တော့ လိုအပ်နေပါသေးတယ်။

ဘာစီလိုနာက ရှုံးပွဲ တစ်ပွဲတည်းသာ ရှိထားပြီး ခံစစ်ပိုင်းက အရမ်းကောင်းနေလို့ ခြေချော်လက်ချော် ဖြစ်ဖို့ ဆိုတာက မလွယ်ကူတဲ့ အနေအထားပါ။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဘာဆာ ခြေချော်ခဲ့ရင်တောင်မှ ကိုယ်က အနိုင်ရဖို့ အတွက် ကစားနိုင်ဖို့ လိုအပ်နေပြီး နောက်ထပ် ခြေချော်လို့ မရတော့ဘဲ အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်ဖို့လည်း အရေးကြီးနေပါတယ်။


ဥရောပမှာ ထိပ်တန်းအသင်း တသင်း အနေနဲ့ ကစားပြချင်နေတဲ့ ဇာဗီ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီက မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ယူရိုပါလိဂ် ၃၂ သင်း အဆင့် ပွဲစဉ် မတိုင်ခင်မှာ သူ့အသင်းကို ဥရောပမှာ ထိပ်တန်း အဆင့် အသင်း တစ်သင်း အနေနဲ့ ကစားစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ညမှာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ် ကစားရဖို့ ရှိနေတဲ့ ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီက မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ယူရိုပါလိဂ် ၃၂ သင်း အဆင့် ပွဲစဉ် မတိုင်ခင်မှာ သူ့အသင်းကို ဥရောပမှာ ထိပ်တန်း အဆင့် အသင်း တစ်သင်း အနေနဲ့ ကစားစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာဆာဟာ ချန်ပီယံလိဂ် ကနေ ပြုတ်လာခဲ့ပြီး ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“ ယူနိုက်တက်ရဲ့ နောက်ဆုံး ပွဲတွေကို ကြည့်ရင် သူတို့ ဘယ်လောက်တောင်မှ တောင့်တင်းလဲ၊ တိုးတက်လာလဲ ဆိုတာ မြင်ရမှာပါ၊ အဲရစ်ခ် တန်ဟက်ဂ်က နည်းပြကောင်း တစ်ဦး ဖြစ်ပြီးတော့ ယူနိုက်တက်ရဲ့ အခြေအနေတွေကို ပြောင်းပြန် လှန်ပစ်ဖို့ ဆိုတာက မလွယ်ကူပါဘူး၊ ဒါပေမယ့် သူ အောင်မြင်ခဲ့တယ်လို့ ကျနော် ထင်တယ်၊ သူတို့က တိုက်စစ်မှာ အများကြီး ပြောင်းလဲလာနိုင်ခဲ့ပြီး သူက တိုက်စစ် အားသန် နည်းပြ တစ်ဦးပါ”

“ ပြင်းထန်မှုတွေ ရှိမယ့် ပွဲတပွဲကို ကျနော် မျှော်လင့်ထားပါတယ်၊ ဒါက ဥရောပ ဖြစ်ပြီး ထိပ်တန်း အဆင့် ဥရောပ အဆင့် ပြိုင်ဘက်တွေနဲ့ ပြိုင်ဆိုင်နိုင်တယ် ဆိုတာကို ကျနော် ပြသချင်ပါတယ်၊ ဒီပွဲက အိုးထရက်ဖို့ဒ်မှာမှ အဆုံးအဖြတ် ဖြစ်လာမှာပါ၊ ဒုတိယအကျော့ကို အိမ်ကွင်းမှာ မကစားရတာက ကံဆိုးတာပါပဲ” လို့ ဇာဗီက ပြောဆိုသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်