နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးသွင်း အပြီးမှာ ဖခင်ကို ရည်ရွယ်ပြီး အောင်ပွဲခံခဲ့တဲ့ မားကို့စ် အလွန်ဆို၊ လူစားလဲခံရချိန် သူ့ရဲ့ အပြုအမူ အတွက် ပြန်လည် တောင်းပန်ခဲ့တဲ့ ရာဖင်ညာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဂိုးသွင်း အပြီးမှာ ဖခင်ကို ရည်ရွယ်ပြီး အောင်ပွဲခံခဲ့တဲ့ မားကို့စ် အလွန်ဆို၊ လူစားလဲခံရချိန် သူ့ရဲ့ အပြုအမူ အတွက် ပြန်လည် တောင်းပန်ခဲ့တဲ့ ရာဖင်ညာ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂိုးသွင်း အပြီးမှာ ဖခင်ကို ရည်ရွယ်ပြီး အောင်ပွဲခံခဲ့တဲ့ မားကို့စ် အလွန်ဆို

မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဘာစီလိုနာ အတွက် အဖွင့်ဂိုးကို ထောင့်ကန်ဘောက တဆင့် နောက်ခံလူ မားကို့စ် အလွန်ဆိုက သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီး နောက်ခံလူဟောင်းဟာ ဘာစီလိုနာမှာ ခြေစွမ်းပြနေပြီး သူ့ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဒီပွဲစဉ်ကို ဦးဆောင်ခဲ့ပြီး နောက်မှာ ကောင်းကင်ကို လက်ညိုးထိုးကာ အောင်ပွဲခံသွားခဲ့တာပါ။

ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူ ဖခင် မားကို့စ် အလွန်ဆို ပီနာကို သူက ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင် စီနီယာ အလွန်ဆို ကလည်း လာလီဂါ ကလပ် ဘာစီလိုနာ ကစားသမားဟောင်း ဖြစ်ပြီး သူက ဖခင်ခြေရာကို လိုက်နင်းကာ နူးကမ့်မှာ ကစားနိုင်ခဲ့ပြီး ဇာဗီ စိတ်ကြိုက် ခြေစွမ်းမျိုးကို ပြသနေခဲ့သူလည်း ဖြစ်ပါတယ်။

အလွန်ဆိုဟာ ဂိုးသွင်း အပြီး ကြီးကြီးမားမား အောင်ပွဲမခံခဲ့ဘဲ ကောင်းကင်ကို လက်ညိုးထိုးကာ မော့ကြည့်ပြီး ဖခင် အတွက် ရည်ရွယ်ကြောင်းသာ ပြသသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် မျက်နှာပျက်နေခဲ့ပြီး ဖခင်ကို သတိရနေဟန် ရှိကာ အလွန်ဆိုရဲ့ အမူအယာ အတွက် ပရိသတ်တွေက ဝမ်းနည်းမိကြောင်းလည်း ပြောဆိုနေကြပါတယ်။


လူစားလဲခံရချိန် သူ့ရဲ့ အပြုအမူ အတွက် ပြန်လည် တောင်းပန်ခဲ့တဲ့ ရာဖင်ညာ

လာလီဂါ ကလပ် ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာ ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ လူစားလဲခံရချိန် သူ့ရဲ့ ဒေါသထွက်တဲ့ အမူအယာကြောင့် ပြန်လည် တောင်းပန်လိုက်ရပါတယ်။
အရေးပါတဲ့ ချေပဂိုးသွင်းခဲ့ပေမယ့် လူစားလဲခံခဲ့ရတဲ့ ရာဖင်ညာ

လာလီဂါ ကလပ် ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာ ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ လူစားလဲခံရချိန် သူ့ရဲ့ ဒေါသထွက်တဲ့ အမူအယာကြောင့် ပြန်လည် တောင်းပန်လိုက်ရပါတယ်။ ရာဖင်ညာဟာ အသင်း အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပြီး မကြာခင်မှာပဲ လူစားလဲခံလိုက်ရတာ ဖြစ်ပြီး သူ့ကို လဲလှယ်မှန်း သိချိန် မှာတော့ ဒေါသထွက်ကာ ဆဲဆို ကျိန်းမောင်းမှုတွေ လုပ်သွားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ လှပတဲ့ ဖြတ်တင်ဘောဟာ ဘယ်သူနဲ့မှ မထိဘဲ ဂိုးထဲ တိုက်ရိုက် ဝင်ခဲ့ပြီး ဘာဆာ အတွက်တော့ အဖိုးတန်ချေပဂိုးဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဇာဗီကတော့ တိုက်စစ်ကို ထပ်မြှင့်ဖို့အတွက် သူ့ကို လဲလှယ်ခဲ့ပြီး အသင်း အတွက် ဆက်ကစားချင်နေတဲ့ ရာဖင်ညာ ကတော့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကာ ဆိုးရွားတဲ့ အမူအယာတွေ လုပ်ပြခဲ့တာ ဖြစ်ပါတယ်။

“ အားလုံးကို လူသိရှင်ကြား ကျနော် တောင်းပန်ချင်ပါတယ်၊ နည်းပြ၊ ဖာရန်း တောရက်စ်နဲ့ ပရိသတ်တွေ အားလုံး ကိုပါ၊ ကျနော် တို့က အသင်းကို ကူညီပေးချင်နေခဲ့တာပါ၊ ဒါကြောင့် တခါတလေမှာ ထိန်းချုပ်မှု မဲ့သွားပါတယ်၊ ကျနော်တို့ အားလုံး လူသားတွေပါ၊ ကျနော် အမှားတစ်ခု လုပ်ခဲ့မိပြီး အဲဒီအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်” လို့ ရာဖင်ညာက ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
အာဆင်နယ်
1X2 အက်စတန် ဗီလာ @ 4.10
အက်စတန် ဗီလာ အာရှ ဟန်းဒီးကပ် +0.50 @ 2.09
ဂိုးပေါ် 2.50 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိမ်ကွင်းမှာ ဂိုးပြတ် နိုင်ပွဲရခဲ့တဲ့ ဆီဗီလာ

လာလီဂါ ကလပ် ဆီဗီလာ ကတော့ ယူရိုပါလိဂ် ၃၂ သင်း အဆင့်မှာ နယ်သာလန် ထိပ်သီးအသင်း PSV ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် သေချာသွားတဲ့ ရလဒ် တစ်ခုဖြစ်ပြီး ဆီဗီလာရဲ့ ယူရိုပါလိဂ် ဆိုရင် ခြေစွမ်းပြတတ်တဲ့ အစဉ်အလာကို နည်းပြ ဆမ်ပါအိုလီ လက်ထက်မှာလည်း ဆက်ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီဗီလာ အတွက် အန်နဆာရီ၊ လူးကပ်စ် အိုကမ်ပို့စ်နဲ့ ဂွီဒီ တို့က ဂိုးတွေ သွင်းယူပေးခဲ့ပြီး နစ္စတယ်ရွိုင်းရဲ့ ဟော်လန် ကလပ်ဟာ အဝေးကွင်းမှာ ချေပဂိုး တစ်ဂိုးတောင် မရပဲ အရေးနိမ့်ခဲ့ရပါတယ်။ အိမ်ကွင်း ဆိုရင် ရလဒ် ပိုကောင်းတဲ့ ဆီဗီလာက အခွင့်အရေးတွေကို မလွတ်တမ်း အသုံးချခဲ့ကာ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ ရလဒ်ကို ရယူသွားခဲ့ပါတယ်။ ဟော်လန်မှာ ကစားရမယ့် ပွဲမှာတော့ PSV က အနည်းဆုံး ၄ ဂိုးသွင်းနိုင်မှသာ နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ဆီဗီလာဟာ လာလီဂါ မှာလည်း ဆက်တိုက် ခြေစွမ်းပြနေပြီး ယူရိုပါလိဂ်မှာလည်း ဒီပုံစံကောင်းကို ပြသခဲ့ကာ သူတို့ရဲ့ ပြန်လည် နိုးထမှုတွေကိုလည်း အားလုံးသိအောင် သတိပေးနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်