နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာရဲ့ အပြုအမူဆိုးကြောင့် ရှော့ခ်ရခဲ့တဲ့ အင်တာမီလန်, နည်းပြ ဘက်က ရပ်တည်ပေးဖို့ ပရိသတ်တွေကို မာလ်ဒီနီ တောင်းဆို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဘာစီလိုနာရဲ့ အပြုအမူဆိုးကြောင့် ရှော့ခ်ရခဲ့တဲ့ အင်တာမီလန်, နည်းပြ ဘက်က ရပ်တည်ပေးဖို့ ပရိသတ်တွေကို မာလ်ဒီနီ တောင်းဆို စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာရဲ့ အပြုအမူဆိုးကြောင့် ရှော့ခ်ရခဲ့တဲ့ အင်တာမီလန်

စီးရီးအေ ကလပ် အင်တာမီလန်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့် ကက်ဆီကို အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာ ဘက်က ကစားသမားရဲ့ လစာငွေကို တစ်ပြားမျှ အကုန်အကျ မခံလိုတာကြောင့် အခက်တွေ့ခဲ့ရကြောင်း သိရှိရပါတယ်။ 

ဘာစီလိုနာဟာ အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ လစာငွေ ပမာဏကို လျှော့ချဖို့ အခုလို ပြုမူခဲ့တာ ဖြစ်ပြီး အင်တာမီလန် ကတော့ ကက်ဆီကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်လျှော့လိုက်ရပါတယ်။ 

ဒါပေမယ့် ဘာစီလိုနာ ကတော့ ဒီလောက်နဲ့ မကျေနပ်သေးဘဲ ကက်ဆီနဲ့ အင်တာမီလန် ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ်ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့သေးပါတယ်။ ဒီအပြောင်းအရွှေ့ ကိုလည်း အင်တာမီလန် ဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ 

အင်တာမီလန် တာဝန်ရှိသူတွေဟာ ဘာစီလိုနာရဲ့ လုပ်ရပ် အပေါ် လက်မခံနိုင်စရာ အဖြစ် ရှုမြင်ခဲ့ကြပြီး သူတို့ရဲ့ လုပ်ရပ်တွေကြောင့် အံ့အားသင့်ခဲ့ရတယ် လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 


နည်းပြဘက်က ရပ်တည်ပေးဖို့ ပရိသတ်တွေကို မာလ်ဒီနီ တောင်းဆို

အေစီမီလန် အကြီးအကဲ ပေါ်လို မာလ်ဒီနီက ပရိသတ်တွေ အနေနဲ့ နည်းပြ စတီဖန်နို ပီအိုလီနဲ့ အတူတကွ ရပ်တည်ပေးဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

အေစီမီလန်ဟာ (၂၀၂၃) ခုနှစ်အတွင်း ကစားထားတဲ့ ပွဲစဥ်တွေမှာ ဆက်တိုက် ရလဒ်ဆိုးခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ တိုရီနိုနဲ့ စီးရီးအေ အိမ်ကွင်းပွဲမှသာ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့တာပါ။ 

အဲ့ဒါကြောင့်လည်း ပီအိုလီရဲ့ နည်းပြ ရာထူး အနာဂတ်က တော်တော်လေး လှုပ်ခတ်နေပြီး ဖိအားတွေ များပြားနေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် မာလ်ဒီနီ ကတော့ ပီအိုလီ အနေနဲ့ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ပေးနေရကြောင်း၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ အထိ အသင်းရဲ့ အနေအထားက ပြီးခဲ့တဲ့ ရာသီနဲ့ အများကြီး ကွာဟမှု မရှိခဲ့ဘဲ နာပိုလီ ပုံစံကောင်း ပြနေတာသာ ကွာဟမှု ရှိခဲ့ကြောင်း၊ ပရိသတ်တွေ အနေနဲ့ ပီအိုလီနဲ့ အတူတကွ ရပ်တည်ပေးဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


အသင်းရဲ့တိုက်စစ်ပိုင်း ရုန်းကန်နေရမှုကို ဆာရီ ငြီးတွား

လာဇီယို နည်းပြ မာရူဇီယို ဆာရီက အတ္တလန္တာကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ စီးရီးအေ ပွဲအပြီးမှာ အသင်းရဲ့ တိုက်စစ်ပိုင်းက ရုန်းကန်နေရကြောင်း ငြီးတွား ပြောဆိုခဲ့ပါတယ်။ 

ဒီပွဲမှာ အတ္တလန္တာက ဇာပါကော်စတာ၊ ဟုချ်လန်း တို့ရဲ့ သွင်းဂိုးတွေနဲ့ လာဇီယို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး လာဇီယို အတွက်တော့ ပြိုင်ပွဲစုံ နောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ဒီ (၄) ပွဲ မှာလည်း လာဇီယိုရဲ့ တိုက်စစ်ပိုင်းက (၂) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နောက်ပိုင်း ပွဲတွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းမှုက တော်တော် သိသာလာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဆာရီက အေစီမီလန်နဲ့ ပွဲပြီးတည်းက အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ထက်မြက်မှုတွေ ပျောက်ဆုံးသွားခဲ့ကြောင်း၊ လက်ရှိ အခိုက်အတန့်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းက ထိရောက်တဲ့ ကစားပုံကို ပြသဖို့ ရုန်းကန်နေရကြောင်း၊ ဒါပေမယ့် မကြာခင် ပုံစံကောင်း ပြန်ပြနိုင်မှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်