နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန်က စိတ်ပျက်စရာ မဟုတ်ဘူး ဆိုတာ ပေါ်တိုနဲ့ ပွဲမှာ ပြသမယ်လို့ ကြွေးကြော်လိုက်တဲ့ မက်ခီတာရန်၊ အမှတ်ပေးဇယား အပေါ်ကို ရောက်ဖို့ ပစ်မှတ်ထားနေတယ်လို့ အယ်လီဂရီ ဆို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အင်တာမီလန်က စိတ်ပျက်စရာ မဟုတ်ဘူး ဆိုတာ ပေါ်တိုနဲ့ ပွဲမှာ ပြသမယ်လို့ ကြွေးကြော်လိုက်တဲ့ မက်ခီတာရန်၊ အမှတ်ပေးဇယား အပေါ်ကို ရောက်ဖို့ ပစ်မှတ်ထားနေတယ်လို့ အယ်လီဂရီ ဆို စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာမီလန်က စိတ်ပျက်စရာ မဟုတ်ဘူး ဆိုတာ ပေါ်တိုနဲ့ ပွဲမှာ ပြသမယ်လို့ ကြွေးကြော်လိုက်တဲ့ မက်ခီတာရန်

အီတလီ စီးရီးအေ ကလပ် အင်တာမီလန် ကွင်းလယ်လူ ဟန်းရစ်ခ် မက်ခီတာရန်က သူတို့ အသင်းဟာ စိတ်ပျက်စရာ ကောင်းတဲ့ အသင်း မဟုတ်ဘူးဆိုတာကို ပေါ်တိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်မှာ ပြသမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ အင်တာမီလန် ကတော့ စီးရီးအေမှာ နာပိုလီရဲ့ အနောက် ၁၅ မှတ် အထိ ကွာဟနေခဲ့တာ ဖြစ်ပါတယ်။

ရလဒ်ပိုင်းတွေ အရလည်း အင်တာမီလန်က အားရစရာမရှိ ဖြစ်နေခဲ့ပြီး အသင်းရဲ့ ခြေစွမ်း အပေါ် ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။ ဒါကြောင့် မက်ခီတာရန်က သူတို့ အသင်းက အားလုံးထင်သလို မဟုတ်ဘူး ဆိုတာကို ပေါ်တိုနဲ့ ပွဲမှာ ပြသဖို့ စိတ်အားထက်သန်နေပြီး အနိုင်ရဖို့ အတွက်လည်း ယုံကြည်မှု အပြည့် ရှိနေပါတယ်။

“ ကျနော်တို့ နေ့တိုင်း အလုပ် ကြိုးစားနေပါတယ်၊ ပေါ်တိုကို ကျနော်တို့ အနိုင်ယူနိုင်ပါတယ်၊ ကောင်းကောင်း ပြင်ဆင်ထားနိုင်ဖို့သာ အရေးကြီးတာပါ၊ ဒီလို လုပ်နိုင်မယ်လို့လည်း ယုံကြည်ထားပြီးတော့ ယုံကြည်မှု အပြည့်နဲ့ ကစားသွားမှာပါ၊ ဘယ်အသင်းနဲ့ မဆို ရင်ဆိုင်နိုင်ပါတယ်၊ ဘာလို့လဲ ဆိုရင် ကျနော် တို့က အင်တာမီလန် ဖြစ်နေလို့ပါ” လို့ သူက ပြောဆိုခဲ့ပါတယ်။


အမှတ်ပေးဇယား အပေါ်ကို ရောက်ဖို့ ပစ်မှတ်ထားနေတယ်လို့ အယ်လီဂရီ ဆို

အီတလီ စီးရီးအေမှာ ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံထားရပြီး ဥရောပ ဝင်ခွင့် ကိုတောင် မသေချာတော့တဲ့ ဂျူဗင်တပ်စ် အသင်း ကတော့ ဇယား အထက်ပိုင်းကို ရောက်ရှိဖို့ ကိုပဲ ဦးစားပေးနေတယ်လို့ နည်းပြ အယ်လီဂရီက ပြောဆိုလိုက်ပါတယ်။ စပီဇီယာနဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ သူက ပြောဆိုခဲ့တာပါ။

အီတလီ စီးရီးအေမှာ ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံထားရပြီး ဥရောပ ဝင်ခွင့် ကိုတောင် မသေချာတော့တဲ့ ဂျူဗင်တပ်စ် အသင်း ကတော့ ဇယား အထက်ပိုင်းကို ရောက်ရှိဖို့ ကိုပဲ ဦးစားပေးနေတယ်လို့ နည်းပြ အယ်လီဂရီက ပြောဆိုလိုက်ပါတယ်။
ရမှတ် ၁၅ မှတ် လျှော့ ပြစ်ဒဏ် ကျခံထားရတဲ့ ဂျူဗင်တပ်စ်

“ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အတွက် ဆက်သွားမှာပါ၊ စပီဇီယာ ကွင်းမှာ သွားကစားရတာက လွယ်တော့ လွယ်မှာ မဟုတ်ပါဘူး၊ သူတို့က အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တဲ့ အသင်းပါ၊ နာပိုလီနဲ့ အတ္တလန္တာ တို့လည်း အဲဒီလို ရင်ဆိုင်ခဲ့ရပါတယ်၊ ကျနော်တို့ ဒီထက် ပိုကောင်းတဲ့ အဆင့်ကို တက်နိုင်ဖို့ မျှော်လင့်ထားပြီး ကွင်းပြင်ပမှာ ဘာတွေပဲ ဖြစ်နေနေ အမှတ်တွေရအောင် ကြိုးစားသွားမှာပါ” လို့ အယ်လီဂရီက ဆိုပါတယ်။

စပီဇီယာနဲ့ ပွဲမှာ အားထားရတဲ့ တိုက်စစ်မှူး ခီယေဆာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့လည်း အယ်လီဂရီက အတည်ပြုခဲ့ါတယ်။ “ သူ ၄ ရက် အတွင်းမှာ ၂ ပွဲ ကစားထားရပြီး အရမ်း ပင်ပန်းနေပါတယ်၊ ပြီးတော့ သူ ၁၀ လလောက် အနားယူခဲ့ရတာပါ၊ ဂိုးသမား ပီရင် ကတော့ ပြန်ကစားနိင်ပါပြီ” လို့ သူက ထပ်ပြောခဲ့ပါတယ်။


တွဲဖက်ကစားခဲ့သူတွေ ထဲမှာ ဘာရယ်လာက အကောင်းဆုံးပဲလို့ ချီးကျူးခဲ့တဲ့ လူကာကူ

အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူက အသင်းဖော် ကွင်းလယ်လူ နီကိုလို ဘာရယ်လာက သူတွဲဖက်ကစားခဲ့တဲ့ အသင်းဖော်တွေ အားလုံးထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အင်တာမီလန်ရဲ့ အဓိက ကွင်းလယ်လူဖြစ်တဲ့ ဘာရယ်လာဟာ အူဒီးနီးစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားခဲ့သလို လူကာကူ ကလည်း အသင်းဖော်ကို အမွှမ်းတင်ခဲ့တာပါ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 လီဗာပူးလ် @ 2.19
ဂိုးပေါ် 3.00 @ 2.52
ဂိုးပေါင်း 0-1 @ 4.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ တကယ်လို့ စစ်ပွဲ တစ်ပွဲကို သွားရဖို့ ကျနော် ရွေးချယ်ရတော့မယ် ဆိုရင် ကျနော့် ဘေးမှာ သူ့ကို ရွေးချယ်သွားမှာပါ၊ ကျနော့် ကစားသမား ဘ၀မှာ တွဲဖက် ကစားခဲ့ဖူးသူတွေထဲ သူက အကောင်းဆုံးပါပဲ” လို့ ဘယ်လ်ဂျီယံ တိုက်စစ်မှူးက ပြောဆိုခဲ့ပါတယ်။ လူကာကူ ကတော့ ချဲလ်ဆီး ကနေ အင်တာမီလန်မှာ အငှားနဲ့ လာကစားနေတာ ဖြစ်ပါတယ်။

“ ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး ကျနော့်ရဲ့ အကောင်းဆုံး ပုံစံ ရခဲ့တဲ့ ပွဲ အနည်းငယ် ရှိခဲ့ပါတယ်။ အခု ကျနော် ပုံမှန်အတိုင်း ကစားနိုင်ပါပြီ၊ ဂိုးမသွင်းနိုင်ခဲ့တာ ကတော့ ဒါက ပုံမှန်ပါပဲ၊ တိုက်စစ်မှူး တစ်ဦးက ဂိုးတွေသွင်းပြီး နိုင်ပွဲတွေ ယူပေးရမှာပါ၊ ဒါက ဖြစ်တတ်ပါတယ်” လို့ သူက ထပ်ပြောခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်