နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်နဲ့ ပွဲအတွက် အချိန်မီ ရောက်လာတဲ့ ဘူးစကွက်စ်၊ ဒါလော့တ်ကို စိတ်ဝင်စားမှု တိုးလာတဲ့ ရီးရဲလ်မက်ဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ယူနိုက်တက်နဲ့ ပွဲအတွက် အချိန်မီ ရောက်လာတဲ့ ဘူးစကွက်စ်၊ ဒါလော့တ်ကို စိတ်ဝင်စားမှု တိုးလာတဲ့ ရီးရဲလ်မက်ဒရစ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်နဲ့ ပွဲအတွက် အချိန်မီ ရောက်လာတဲ့ ဘူးစကွက်စ်

ဘာစီလိုနာ အသင်းခေါင်းဆောင် ဆာဂျီယို ဘတ်စ်ကွက်ဟာ ကာဒစ်ဇ် အသင်းနဲ့ ကစားခဲ့တဲ့ ဘာစီလိုနာ အသင်း လူစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ ကစားမယ့် ယူရိုပါလိဂ် ပလေးအောဖ့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘတ်စ်ကွက်ဟာ ဆီဗီလာ အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲ အပါအဝင် အသင်းရဲ့ နောက်ဆုံး ၃ ပွဲကို ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 ရီးယဲလ်မက်ဒရစ် @ 2.64
ဂိုးပေါ် 3.00 @ 2.14
ဂိုးပေါင်း 0-1 @ 3.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက်နဲ့ ပွဲမှာ ပီဒရီနဲ့ ဂါဗီတို့ မပါဝင်နိုင်မယ့် အချိန်မှာ ဘတ်စ်ကွက် ပါဝင်လာတာဟာ ဇာဗီ အတွက် အားတက်စရာ ဖြစ်ခဲ့ရတာပါ။ ဇာဗီဟာ ကာဒစ်ဇ်ကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘတ်စ်ကွက်ကို အရန် ကစားသမား အဖြစ်သာ ထားခဲ့ပြီး ယူနိုက်တက်နဲ့ ပွဲအတွက် အားခဲထားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာ အသင်းဟာ အဓိက ကစားသမား အချို့ကို အနားပေးပြီး ယူနိုက်တက်နဲ့ ပွဲကို အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဇာဗီက “ ဘတ်စ်ကွက်က ဒီနေ့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမယ့် သူ့ကို ဒီပွဲမှာ အသုံးမပြုချင်ခဲ့ပါဘူး။ သူဟာ ယူနိုက်တက်နဲ့ ကစားမယ့် ပွဲမှာ ပွဲစတင်နိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ကာဒစ်ဇ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဘာစီလိုနာ အတွက် ဂိုးတွေကို လီဝမ်ဒေါစကီးနဲ့ ရော်ဘတ်တို တို့က သွင်းယူခဲ့ပြီး ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက ရီးရဲလ် အသင်းကို ၈ မှတ် ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။


ရိုဒရီဂိုကြောင့် အံ့အားသင့်မိတယ်လို့ ရာဖင်ညာ ဝန်ခံ

ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာက လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားနေတဲ့ ဘရာဇီးလ် အသင်းဖော် ရိုဒရီဂို ကြောင့် အံ့အားသင့်နေရတယ်လို့ ဝန်ခံလိုက်ပါတယ်။ ရီးရဲလ်မှာ ခြေစွမ်းပြနေတဲ့ ရိုဒရီဂို ကစားပုံက သူ့ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“ ရီးရဲလ်မက်ဒရစ်မှာ ကျနော့်ကို အံ့အားအသင့်ဆုံး ဖြစ်စေသူက ရိုဒရီဂိုပါ၊ သူကစားတာကို ကြည့်ပြီး ကျနော် အံ့ဩခဲ့ရပါတယ်” လို့ ရာဖင်ညာက ဆိုပါတယ်။ ရိုဒရီဂို ကတော့ ဒီရာသီမှာ ရီးရဲလ် အတွက် ပွဲထွက်ခွင့် ပိုမိုရရှိနေတာ ဖြစ်ပြီး တောင်ပံတိုက်စစ် ကစားသမား အနေနဲ့ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရာသီမှာ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ ရီးရဲလ်ဘက်တစ်၊ လိုက်ဇစ် တို့လို အသင်းတွေကို ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အန်ဆယ်လော့တီ အားထားနေရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ပွဲတွေ မှာတော့ သူ အရန်ခုံထိုင်နေရဆဲ ဖြစ်ပြီး ပုံမှန်ကစားခွင့်ရဖို့ ဆိုရင် ဒီထက် ခြေစွမ်းပြနိုင်ဖို့တော့ လိုအပ်နေပါတယ်။


ဒါလော့တ်ကို စိတ်ဝင်စားမှု တိုးလာတဲ့ ရီးရဲလ်မက်ဒရစ်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒီအိုဂို ဒါလော့တ်ကို ခေါ်ယူဖို့ အတွက် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းက စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။
ခံစစ် ညာအစွန်ကို အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒီအိုဂို ဒါလော့တ်ကို ခေါ်ယူဖို့ အတွက် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းက စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်သေးတဲ့ ပေါ်တူဂီ နောက်ခံလူဟာ အသင်းမှာ အာရွန် ဝမ်ဘစ်ဆာခါနဲ့ နေရာလုနေရတာ ဖြစ်ပြီး တန်ဟက်ဂျ် အားကိုးရတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

ရီးရဲလ်က သူ့ကို ဒန်နီ ကာဗာဂျယ် နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားလာတာ ဖြစ်ပြီး ယူနိုက်တက်မှာ ပြသနေတဲ့ ခြေစွမ်းတွေကို သဘာကျနေပါတယ်။ ဒါလော့ဟာ အေစီမီလန်ကို အငှားသွားကစားပြီနောက် ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပြီး တန်ဟက်ဂျ် လက်အောက်မှာ ပုံမှန်နေရာ ပြန်ရလာခဲ့တာလည်း ဖြစ်ပါတယ်။

ရီးရဲလ် နည်းပြ အန်ဆယ်လော့တီ ကတော့ ယာအို ကန်ဆယ်လိုကို ခေါ်ယူချင်ပေမယ့် မန်စီးတီးက ဘေယန်မြူးနစ်ကို အငှားချလိုက်ကာ အပြီးသတ် ဝယ်ယူခွင့်လည်း ပေးခဲ့တာကြောင့် ဒါလော့ကို မြှားဦး လှည့်လာခဲ့တာပါ။ ဒါပေမယ့် တန်ဟက်ဂျ် ကလည်း သူ့ကစားသမားကို လက်လွှတ်ခံမှာ မဟုတ်လို့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်တော့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်