နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အော်ရီဂီက သူ တွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ်မှူးလို့ မာနေး ပြော၊ နာပိုလီက အီတလီ အသင်းတွေလို ကစားနေတာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဖရန့်ဖတ် နည်းပြ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အော်ရီဂီက သူ တွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ်မှူးလို့ မာနေး ပြော၊ နာပိုလီက အီတလီ အသင်းတွေလို ကစားနေတာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဖရန့်ဖတ် နည်းပြ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အော်ရီဂီက သူ တွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ်မှူးလို့ မာနေး ပြော

ဘေယန်မြူးနစ် တိုက်စစ်မှူး ဆာဒီယို မာနေးက အီတလီ စီးရီးအေ ကလပ် အေစီမီလန်မှာ ကစားနေတဲ့ တိုက်စစ်မှူး ဒီဗော့ခ် အော်ရီဂီက သူ တွဲဖက် ကစားခဲ့ရတဲ့ သူတွေ ထဲမှာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်တယ်လို့ အံ့အားသင့်ဖွယ်ရာ ပြောဆိုလိုက်ပါတယ်။ 

မာနေးက “ ကျနော်နဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးတွေမှာ အကောင်းဆုံးက အော်ရီဂီပါ၊ အဆုံးသတ်ပိုင်း တကယ် ကောင်းခဲ့သူပါ” လို့ ပြောဆိုခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းမှာ မာနေးနဲ့ အော်ရီဂီက ပွဲအနည်းငယ်သာ တွဲဖက်ကစားခဲ့ဖူးပြီး ဆာလာနဲ့က ပိုမို အတွဲအဖက် လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အော်ရီဂီက အေစီမီလန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ၂ ဂိုး တည်းသာ သွင်းယူထားနိုင်ပြီး ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပါတယ်။ ပွဲထွက်ခွင့် ရဖို့ အတွက်လည်း ကြိုးစားနေရပြီး မာနေးရဲ့ ပြောစကားတွေက သူ့ကို အားတက်စေမှာတော့ သေချာပါတယ်။ 

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လိုက်ဇစ်
မန်ချက်စတာစီးတီး
1X2 သရေ @ 3.60
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -0.75 @ 2.03
ဂိုးပေါ် 2.75 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပေါ့ဘာရဲ့ ဒဏ်ရာက ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာက ပိုဖြစ်နေတာလို့ မက်ဆီမို ဘရမ်ဘာတီက ဝေဖန်

တိုရီနီု ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ မက်ဆီမို ဘရမ်ဘာတီက ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ ဒဏ်ရာ ပြသနာတွေနဲ့ ပတ်သက်ပြီး ကစားသမားရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဝေဖန် ပြောဆိုလိုက်ပါတယ်။ ပေါ့ဘာ ကတော့ မန်ချက်စတာယူနိုက်တက် ကနေ ဂျူဗီကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်း အတွက် တစ်ပွဲမှ မကစားရသေးဘဲ အနားယူနေရတာ ဖြစ်ပါတယ်။ 

ရာသီကြို ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ပေါ့ဘာက အဆိုပါ ဒဏ်ရာကို အခုထက်ထိ ကုသနေရဆဲ ဖြစ်ကာ ရာသီဝက်ကာလ ကျော်တဲ့ အထိ မကစားပေးနိုင်သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရမ်ဘာတီက “ ပေါ့ဘာ အခြေအနေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို နည်းပြ အယ်လီဂရီ ပြောခဲ့တာက အဓိပ္ပာယ် ရှိပါတယ်၊ ကြွက်သားဒဏ်ရာက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ သူတို့က ကျနော့်ကို ပြောခဲ့ပါတယ်”

“ ဒါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်လို့ ကျနော်က ယူဆပါတယ်။ ဒဏ်ရာ မရှိဘဲ ဒဏ်ရာရှိတယ်လို့ ထင်နေတာမျိုးပေါ့” လို့ သူက ပြောဆိုခဲ့ပါတယ်။ ပေါ့ဘာ ကတော့ လက်ရှိမှာ ဝေဖန် ပြစ်တင်ခံနေရပြီး ဒဏ်ရာ ပြသနာ ကနေ အမြန်ဆုံး ကျော်ဖြတ်ပြ နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ 


နာပိုလီက အီတလီ အသင်းတွေလို ကစားနေတာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဖရန့်ဖတ် နည်းပြ

ဒီနေ့ည ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ စီးရီးအေ ကလပ် နာပိုလီကို ရင်ဆိုင်ရတော့မယ့် ဘွန်ဒက်လီဂါ ကလပ် ဖရန့်ဖတ် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီဗာဂလက်စ်နာက နာပိုလီဟာ အီတလီ အသင်း တစ်သင်းလို ကစားနေတာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ နာပိုလီ ကတော့ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ၆ ပွဲကစား ၅ ပွဲ အနိုင်ရခဲ့ပြီး အုပ်စုတွင်း အဆင့် ၁ နေရာရခဲ့တာပါ။ 

စီးရီးအေ မှာလည်း ခြေစွမ်းပြနေပြီး ဒုတိယနေရာက အင်တာမီလန်ကို ၁၅ မှတ် ဖြတ်ထားကာ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အခြေအနေ ကောင်းနေတာ ဖြစ်ပါတယ်။ သူတို့ဟာ လိဂ်ပွဲ နောက်ဆုံး ၇ ပွဲ ဆက်တိုက် အနိုင်ရထားပြီး တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းယူထားကာ ဘယ်အသင်းထက် မဆို ပိုမို ကောင်းမွန်တဲ့ ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ 

ဂလက်စ်နာက “ ကျနော်တို့ ရည်မှန်းချက် ကတော့ ရှင်းလင်းပါတယ်၊ နှစ်သင်းစလုံးက အသင်းကောင်းတွေ ဖြစ်ပြီး တည်ငြိမ်ကြပါတယ်၊ နာပိုလီက အီတလီ အသင်း တစ်သင်းလို ကစားနေတာမဟုတ်ပါဘူး၊ သူတို့က အပြင်းအထန် ကစားပြီး ဘောလုံး မရှိချိန် မှာလည်း အရမ်း တက်ကြွလွန်းတယ်၊ မယုံနိုင်လောက်တဲ့ တန်ပြန် တိုက်စစ်တွေနဲ့ ကစားနေတာာပါ၊ ဒါကို ကျနော် သိထားပြီး အဲဒီ အတွက် ပြင်ဆင်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်