နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗင်နီဆီးယပ်စ် က မက်ဆီ ထက်တောင် ပွဲကို အဆုံးအဖြတ် ပေးနိုင်သူလို့ ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ၊ မက်ဒရစ်ဒါဘီကို လွဲချော်တော့မယ့် ဒီပေါလ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဗင်နီဆီးယပ်စ် က မက်ဆီ ထက်တောင် ပွဲကို အဆုံးအဖြတ် ပေးနိုင်သူလို့ ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ၊ မက်ဒရစ်ဒါဘီကို လွဲချော်တော့မယ့် ဒီပေါလ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗင်နီဆီးယပ်စ်က မက်ဆီ ထက်တောင် ပွဲကို အဆုံးအဖြတ် ပေးနိုင်သူလို့ ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက သူ့အသင်း တောင်ပံကစားသမား ဗင်နီဆီးယပ်စ် ဂျူနီယာဟာ ကမ္ဘာပေါ်မှာ အဆုံးအဖြတ် အပေးနိုင်ဆုံး ကစားသမားလို့ ချီးကျူးလိုက်ပါတယ်။ လစ်ဗာပူးလ်ကို ၂-၅ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်ပွဲမှာ ဗင်နီဆီးယပ်စ်က ခြေစွမ်းပြခဲ့တာပါ။

လာလီဂါ ကလပ်ဟာ ၂-၀ နဲ့ အရေးနိမ့်နေချိန်မှာ ဗင်နီဆီးယပ်စ်က ချေပဂိုး နှစ်ဂိုး သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ကာရင်မ် ဘန်ဇီမာ အတွက် တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ သူက အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့လို့ အန်ဆယ်လော့တီက ချီးကျူးခဲ့တာပါ။

“ ဒီနေ့မှာ ကျနော့် အမြင်အရတော့ သူက ဘောလုံး လောကမှာ အဆုံးအဖြတ်ပေးနိုင်ဆုံး ကစားသမားပါပဲ၊ သူက ရပ်တန့်လို့ မရပါဘူး၊ သူ့ရဲ့ ဘောလုံး ဆွဲပြေးပုံ၊ ဖန်တီးမှု၊ သွင်းဂိုးတွေ ရောပေါ့၊ သူက အဆုံးအဖြတ် အပေးနိုင်ဆုံးပါ၊ သူ ဒီလိုမျိုး ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။


မက်ဒရစ်ဒါဘီကို လွဲချော်တော့မယ့် ဒီပေါလ်

အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ရိုဒရိဂို ဒီပေါလ်ဟာ ဒီတစ်ပတ် ကစားရမယ့် လာလီဂါ မက်ဒရစ် ဒါဘီပွဲကို လွဲချော်တော့မယ်လို့ သိရပါတယ်။
ကြွက်သား ဒဏ်ရာကြောင့် မက်ဒရစ် ဒါဘီနဲ့ လွဲချော်ရတော့မယ့် ဒီပေါလ်

အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ရိုဒရိဂို ဒီပေါလ်ဟာ ဒီတစ်ပတ် ကစားရမယ့် လာလီဂါ မက်ဒရစ် ဒါဘီပွဲကို လွဲချော်တော့မယ်လို့ သိရပါတယ်။ စနေနေ့ညမှာ ဘာနေဗျူးမှာ ကစားရမှာ ဖြစ်ပြီး အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်ကာ ဒီလို လွဲချော်ခဲ့တာက အက်သလက်တီကို အတွက်တော့ နစ်နာခဲ့ပြီ ဖြစ်ပါတယ်။

အေတီကိုဟာ လာလီဂါမှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ဘာစီလိုနာကို အမီလိုက်ဖို့ ကြိုးစားနေရပြီး အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့ အပြင် ပြိုင်ဘက် အသင်းရဲ့ အဓိက ကစားသမား တစ်ဦး မပါဝင်တာမို့ အခွင့်အရေး ပိုရနေပါတယ်။

အာဂျင်တီးနား ကွင်းလယ်လူဟာ ဒဏ်ရာ ပြသနာကြောင့် အနားယူရမှာ ဖြစ်ပြီး ကြွက်သား ပြဿနာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အားထားရတဲ့ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ ကာရက်စ်ကို ကတော့ ပြန်လည် ကစားနိုင်ပြီ ဖြစ်လို့ အေတီကို နည်းပြ ဒီယေဂို ဆီမြွန်နီ အတွက် ဝမ်းသာစရာ ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
အာဆင်နယ်
ဂိုးပေါ် 2.75 @ 1.85
ဂိုးပေါင်း 2-3 @ 1.94
1X2 သရေ (Draw) @ 3.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက်ရဲ့ တိုးတက်လာမှုကို ချီးကျူးမဆုံးဖြစ်နေတဲ့ ဇာဗီ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီက ယူရိုပါလိဂ် ပလေးအော့ အဆင့် ဒုတိယအကျော့ပွဲ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ကစားမယ့် ပွဲမတိုင်ခင်မှာ ပြိုင်ဘက် နည်းပြနဲ့ ကစားသမားတွေကို ချီးကျူးလိုက်ပါတယ်။ ပထမအကျော့မှာ သူ့အသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တဲ့ ယူနိုက်တက်ကို ဇာဗီက အထင်ကြီးနေတာပါ။

“ တန်ဟက်ဂ်က သူ့ကစားသမားတွေဆီက စွမ်းရည်အားလုံးကို ရယူထားနိုင်ခဲ့တယ်၊ ဂျေဒန် ဆန်ချို၊ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခင်ဗျားကြည့်ပါလား၊ ပြီးတော့ ပေါ်တူဂီသား ဘရူနို ဖာနန်ဒက်စ်၊ ဖရက်ဒ် ကစားပုံ ကိုသာ ကြည့်တော့ဗျာ” လို့ ဇာဗီက ပြောဆိုခဲ့ကာ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အရည်အသွေးကို ချီးကျူးခဲ့ပါတယ်။ ပထမအကျော့တုန်းက ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘာစီလိုနာကို ကောင်းကောင်း ဒုက္ခပေးခဲ့ပြီး သွင်းဂိုး နှစ်ဂိုး စလုံးမှာ တိုက်ရိုက် ပါဝင် ပတ်သက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း သူက ခြေစွမ်းထပ်ပြနေပြီး လာမယ့်ပွဲမှာ ဘာကာကို အဓိက ဒုက္ခပေးမယ့်သူ အဖြစ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်