နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျူဗင်တပ်စ် အတွက် ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ဒီမာရီယာ၊ ဆဲလ်ဘာ့ဂျ်ကို အနိုင်ရခဲ့လို့ အားရ ကျေနပ်နေတဲ့ မော်ရင်ဟို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဂျူဗင်တပ်စ် အတွက် ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ဒီမာရီယာ၊ ဆဲလ်ဘာ့ဂျ်ကို အနိုင်ရခဲ့လို့ အားရ ကျေနပ်နေတဲ့ မော်ရင်ဟို စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ် အတွက် ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ဒီမာရီယာ

အိန်ဂျယ် ဒီမာရီယာ ကတော့ မနေ့ညက နန့်တက်စ်နဲ့ ပွဲမှာ အသင်း အတွက် ဟက်ထရစ် သွင်းပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ ဒါက ဂျူဗီ ကစားသမားဘ၀မှာ သူက ပထမဆုံး ဟက်ထရစ် ရခဲ့တာ ဖြစ်ပြီး အသင်းကို ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ စီးရီးအေမှာ ရမှတ်လျှော့ ပြသနာတွေ ရင်ဆိုင်နေရတဲ့ အသင်းကို ဒီမာရီယာက ကယ်တင်ပေးနေတာ ဆိုရင်လည်း မမှားပါဘူး။

ရမှတ်လျှော့ခံရပြီး ကတည်းက ဒီမာရီယာက အသင်း အတွက် ဂိုးတွေ ဆက်တိုက် သွင်းပေးနေတာပါ။ ထိပ်တန်း ကစားသမား တစ်ဦး အနေနဲ့ ဘယ်လိုနေရာမျိုးကို ရောက်ရောက်၊ အသင်းက ဘယ်အခြေအနေမှာ ဖြစ်ဖြစ် သူ့ ခြေစွမ်းကို အခုလိုမျိုး ပြသနိုင်တာကိုက သူ့အဆင့်အတန်းပါပဲ။ ဂျူဗီ အတွက်တော့ အဆိုးထဲက အကောင်း လို့ပဲ ပြောရမှာပါ။

ဂျူဗီ အတွက် ဒီရာသီမှာ ဒီမာရီယာက ပြိုင်ပွဲစုံ သွင်းဂိုး ၇ ဂိုးသွင်းပြီး ၆ ကြိမ် အထိ ဖန်တီးပေးထားခဲ့ပါပြီ။ ပေါ့ဘာက တပွဲမှ မကစားပေးနိုင်လို့ သူတို့ စိတ်ပျက်ခဲ့ရပေမယ့် ဒီမာရီယာ ကတော့ သူတို့ကို စိတ်မပျက်ရလေအောင် ကစားပြနေခဲ့လို့လည်း ဂျူဗီတို့ ကံကောင်းတယ်လို့ ဆိုရပါမယ်။


ဆဲလ်ဘာ့ဂျ်ကို အနိုင်ရခဲ့လို့ အားရ ကျေနပ်နေတဲ့ မော်ရင်ဟို

အီတလီ စီးရီးအေ ကလပ် ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက ဩစတြီးယား ကလပ် ဆဲလ်ဘာ့ဂျ်ကို အနိုင်ယူပြီး ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အပေါ်မှာ ကျေနပ် အားရနေပါတယ်။
ဆဲလ်ဘာ့ဂျ်ကို အနိုင်ရပြီး ယူရိုပါလိဂ် နောက်တစ်ဆင့် တက်လို့ ကျေနပ်နေတဲ့ မော်ရင်ဟို

အီတလီ စီးရီးအေ ကလပ် ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက ဩစတြီးယား ကလပ် ဆဲလ်ဘာ့ဂျ်ကို အနိုင်ယူပြီး ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အပေါ်မှာ ကျေနပ် အားရနေပါတယ်။ ပထမအကျော့မှာ ရိုးမားတို့ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ကာ ဘယ်လော့တီနဲ့ ဒီဘားလား တို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီး မှာတော့ မော်ရင်ဟိုက “ ဒီညမှာ အရေးကြီးတဲ့ ရလဒ် တခုနဲ့ လှပတဲ့ ရိုးမားကို မြင်တွေ့ခဲ့ရပါတယ်၊ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ပါပဲ၊ ကျနော်တို့ အစုအဖွဲ့ တစ်ခု အနေနဲ့ ကစားနိုင်ခဲ့ပြီး အာရုံစိုက်နိုင်၊ ကျစ်ကျစ်လစ်လစ် ကစားနိုင်ခဲ့ပါတယ်၊ ဒီညရဲ့ အရာအားလုံးကို ကျနော် သဘောကျပါတယ်၊ ဒါပေမယ့် ကျနော့် ဝန်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ အလုပ်တွေ ကိုတော့ ဒီလို ပြောရုံနဲ့ မလုံလောက်ပါဘူး”

“ ကျနော့် နည်းပြတွေက အလုပ် အများကြီးလုပ်ခဲ့တယ်၊ ခွဲခြမ်း စိတ်ဖြာခဲ့တယ်၊ ဒီပွဲ အတွက် အကောင်းဆုံး ဖြစ်နိုင်သမျှ ဖြစ်အောင်လည်း ကျနော် ပြင်ဆင်နိုင်ဖို့ ကူညီခဲ့ကြပါတယ်၊ ဒီညမှာ အသင်း အတွက် အနစ်နာခံခဲ့တဲ့ အယ်လ်ရှာဝေး ကိုလည်း ကျနော် ပြောချင်ပါတယ်၊ သူမျှော်လင့်သလောက် မကစားခဲ့ရပါဘူး၊ သူ့ကို ပွဲထွက်စေမယ် ဆိုရင်လည်း ကျနော့်မှာ Plan B ရှိခဲ့မှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
အာဆင်နယ်
ဂိုးပေါ် 2.75 @ 1.85
ဂိုးပေါင်း 2-3 @ 1.94
1X2 သရေ (Draw) @ 3.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီလို ဟက်ထရစ် သွင်းနိုင်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတယ်လို့ ဒီမာရီယာ ဖွင့်ဟ

ပြင်သစ် လီဂူးဝမ်း ကလပ် နန့်စ်နဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ အိန်ဂျယ် ဒီမာရီယာက ဂျူဗင်တပ်စ် အတွက် ဒီလို အခွင့်အရေးမျိုးကို သူ အကြာကြီး စောင့်ဆိုင်းခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဂျူဗီက အဝေးကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ရာမှာ သွင်းဂိုး အားလုံးကို ဒီမာရီယာက သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။

“ အသင်း အတွက် ကောင်းမွန်တဲ့ အလုပ်တွေကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့လို့ ကျနော် တကယ်ကို ပျော်ရွှင်မိပါတယ်၊ ကျနော်တို့ နောက်တဆင့်ကို တက်လှမ်းချင်ခဲ့ပြီး ယူရိုပါလိဂ်က ကျနော်တို့ အတွက် အရမ်းကို အရေးကြီးပါတယ်၊ ဂျူဗီ ဂျာစီ ဝတ်ဆင်ပြီး ဒီလို အခွင့်အရေး အတွက် ကျနော် အကြာကြီး စောင့်ဆိုင်းနေခဲ့ရတာပါ” လို့ ဒီမာရီယာက ဖွင့်ဟခဲ့ပါတယ်။ “ အသင်းကို ကူညီနိုင်ဖို့ ကျနော် ကြိုးစားခဲ့ပြီး အနိုင်ရခဲ့လို့ ၁၆ သင်း အဆင့်ကို ရောက်ခဲ့ပါပြီ၊ ဒီရလဒ်က ဒီရာသီမှာ ကျနော်တို့ အတွက် အများကြီး အရေးပါပါတယ်၊ တကွင်းလုံး ကလည်း ကျနော် တို့နဲ့ ဆန့်ကျင်နေခဲ့ကြတာပါ၊ ဒါပေမယ့် ကျနော်တို့ လိုချင်တာကို ရအောင် ယူနိုင်ခဲ့ပါတယ်” လို့ သူက ထပ်ပြောခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်