နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဆု ဖာတီကို တင်းနေတဲ့ လီဝမ်ဒေါစကီး၊ လာလီဂါထက် ပရီးမီးယားလိဂ်က ပိုခက်တယ်လို့ ဝန်ခံခဲ့တဲ့ ကက်စ်မဲရိုး (လာလီဂါ နောက်ဆုံးရ သတင်းများ)

အန်ဆု ဖာတီကို တင်းနေတဲ့ လီဝမ်ဒေါစကီး၊ လာလီဂါထက် ပရီးမီးယားလိဂ်က ပိုခက်တယ်လို့ ဝန်ခံခဲ့တဲ့ ကက်စ်မဲရိုး စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အန်ဆု ဖာတီကို တင်းနေတဲ့ လီဝမ်ဒေါစကီး

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်း ချေပဂိုး မရခဲ့တာဟာ အန်ဆု ဖာတီကြောင့်လို့ ယူဆကာ ဒေါသထွက်နေပါတယ်။ ၂-၁ နဲ့ အိုးထရက်ဖို့ဒ်မှာ ဘာဆာတို့ အရေးနိမ့်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

လာလီဂါ
ဘီလ်ဘာအို
ဂျီရိုနာ FC
1X2 ဘီလ်ဘာအို 2.49
ဘီလ်ဘာအိုဟော့စပါး ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.75 @ 1.92
ဂိုးပေါ် 2.25 @ 1.87
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၂-၁ နဲ့ ဘာဆာတို့ အရေးနိမ့်နေပြီးနောက် ချေပဂိုး ရဖို့ အတွက် ဆက်တိုက် တိုက်စစ်ဆင်နေချိန်မှာ အန်ဆု ဖာတီက အခွင့်အရေး ကောင်းတစ်ခုကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဖာရန်း တောရက်စ်ရဲ့ ဖြတ်တင်ဘောကို ယူနိုက်တက် ဂိုးပေါက်ရှေ့မှာ ရှိနေတဲ့ အန်ဆုဖာတီနဲ့ လီဝန်ဒေါစကီး တို့က ပိတ်သွင်းယူဖို့ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပြီး ဖာတီက ခေါင်းတိုက်ခဲ့ရာမှာ ထိချက် မမှန်ဘဲ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့သာ သူက ခေါင်းမတိုက်ဘဲ လွှတ်ပေးလိုက်မယ် ဆိုရင် သူ့နောက်မှာ ရှိနေတဲ့ လီဝမ်ဒေါစကီးက ပိုကောင်းတဲ့ အနေအထားနဲ့ ခေါင်းတိုက် သွင်းယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကြားဖြတ် ခေါင်းတိုက်ပြီး ဂိုးလည်း မရတဲ့ အပေါ် လီဝမ်ဒေါစကီးက ဒေါသထွက်နေပြီး အဝတ်လဲခန်းထဲ မှာလည်း သူ့ရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။


လာလီဂါထက် ပရီးမီးယားလိဂ်က ပိုခက်တယ်လို့ ဝန်ခံခဲ့တဲ့ ကက်စ်မဲရိုး

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်းနဲ့ လက်ရှိ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးက လာလီဂါထက် အင်္ဂလန် ပရီးမီးယားလိဂ်က ပိုမိုခက်ခဲတယ်လို့ ဝန်ခံလိုက်ပါတယ်။ ရီးရဲလ်နဲ့ အတူ လာလီဂါ ဖလား ၃ လုံး အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ကက်စ်မဲရိုးက ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ် ကစားနေတာ ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အပေါ်မှာ မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

“ ရိုးရိုးသားသား ပြောရရင် အရမ်း ကွဲပြားပါတယ်၊ အထူးသဖြင့် ပြင်းထန်ပုံခြင်း မတူညီတဲ့ အခြေအနေတွေကြောင့်ပါ၊ လာလီဂါကို လျှော့တွက်တာ မျိုးတော့ မဖြစ်စေချင်ဘူး၊ ဒါပေမယ့် ဒီက ကစားပွဲတွေက ပိုပြီး ခက်ခဲပါတယ်၊ စပိန်မှာ ဆိုရင် သူတို့က ပုံမှန်အားဖြင့် တီကီတာကာကို ဦးစားပေးပြီး အင်္ဂလန်မှာက အလှည့်အပြောင်းတွေ များလွန်းပါတယ်၊ တိုက်စစ်ကို ပိုပြီး ရွေ့လျား ကစားကြပါတယ်” လို့ ကက်စ်မဲရိုးက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်းနဲ့ လက်ရှိ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးက လာလီဂါထက် အင်္ဂလန် ပရီးမီးယားလိဂ်က ပိုမိုခက်ခဲတယ်လို့ ဝန်ခံလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားပေးနေတဲ့ ကက်စ်မဲရိုး

ကက်စ်မဲရိုး ကတော့ ယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားနေပြီး အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်နေပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ်သမားဟာ ပရီးမီးယားလိဂ် မှာလည်း မြန်မြန်ဆန်ဆန်ပဲ အသားကျသွားခဲ့ပြီး အခုဆိုရင် အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။


ငယ်ဘဝ ကလပ်ကို ပြန်ဖို့ စဉ်းစားနေတဲ့ မက်ဆီ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ငယ်ဘဝ ကလပ် ဖြစ်တဲ့ အာဂျင်တီးနား ကလပ် နယူးဝဲလ် အိုးဘွိုင်းစ်ကို ပြန်သွားဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချူပ်ဆိုထားတဲ့ စာချူပ်ဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချူပ်သစ် အတွက် အခုထိ သဘောတူညီမှု မရရှိသေးပါဘူး။ ပီအက်စ်ဂျီဟာ မက်ဆီကို စာချုပ် သက်တမ်းတိုးဖို့ လုပ်ဆောင်နေပြီး အသင်းမှာ ဆက်ရှိအောင် လုပ်နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ အသင်းဟောင်း ဘာစီလိုနာ အသင်း ကလည်း မက်ဆီရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ပြန်လည် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာ နည်းပြ ဇာဗီက သူနဲ့ မက်ဆီဟာ အမြဲတမ်း အဆက်အသွယ်ရှိပြီး သူပြန်လာဖို့ အတွက် တံခါးဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာ လိုပဲ ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ ကလည်း မက်ဆီကို ခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။

အင်တာ မိုင်ယာမီ နည်းပြ ဖီးလ် နဗီးလ်က မက်ဆီကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ဒါဟာ အမေရိကန် အားကစား လောကရဲ့ အကြီးမားဆုံး လတ်မှတ်ထိုးမှု ဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။ ဒီအချိန်မှာ မက်ဆီ ကတော့ ဒီအသင်းတွေ အားလုံးထက် ငယ်ဘဝ ကလပ် နယူးဝဲလ် အိုးဘွိုင်းစ်ကို ပြန်ဖို့ စဉ်းစားနေတာပါ။ မက်ဆီဟာ အရင်ကလည်း နယူးဝဲလ် အိုးဘွိုင်းစ် အသင်းထံ ပြန်ပြီး ကစားချင်တယ်လို့ ပြောထားဖူးတာကြောင့် ဒီတစ်ကြိမ်မှာရော အမှန်တကယ် ပြန်ပြီး ကစားမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်