နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်ဟန်ကို ကင်းထောက်နေပြီ ဖြစ်တဲ့ ယူနိုက်တက်၊ ဒီဘားလားက ဂျူဗင်တပ်စ်မှာ ချစ်ခြင်းမေတ္တာကို မခံစားခဲ့ရဘူးလို့ ဒယ်လ်ပီယာရို ပြောဆို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အိုဆင်ဟန်ကို ကင်းထောက်နေပြီ ဖြစ်တဲ့ ယူနိုက်တက်၊ ဒီဘားလားက ဂျူဗင်တပ်စ်မှာ ချစ်ခြင်းမေတ္တာကို မခံစားခဲ့ရဘူးလို့ ဒယ်လ်ပီယာရို ပြောဆို စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အိုဆင်ဟန်ကို ကင်းထောက်နေပြီ ဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ အီတလီ စီးရီးအေ ကလပ် နာပိုလီရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်ကို စောင့်ကြည့်နေပြီလို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ နာပိုလီ အတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံမှာ ဆက်တိုက် ဂိုးတွေ သွင်းနေတဲ့ အိုဆင်ဟန်ကို ထိပ်တန်း ပစ်မှတ် အဖြစ် ယူနိုက်တက်က သတ်မှတ်ထားပါတယ်။

စီးရီးအေ
ဘိုလော့နာ
အင်တာမီလန်
1X2 အင်တာမီလန် 1.75
အင်တာမီလန် ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.50 @ 1.75
ဂိုးပေါ် 2.25 @ 1.81
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နာပိုလီနဲ့ ဖရန့်ဖတ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ယူနိုက်တက်က သူတို့ရဲ့ ကင်းထောက်တွေ စေလွှတ်ခဲ့တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် စီးရီးအေ ပွဲစဉ်တွေ ကိုလည်း သွားရောက် ကြည့်ရှုနေပြီး အိုဆင်ဟန်ရဲ့ တိုးတက်မှုနဲ့ အလားအလာကို အကဲဖြတ်ဖို့ အတွက် အစီရင်ခံစာတွေပါ လုပ်ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကလည်း လာမယ့်ရာသီမှာ ဒေါင်ဒေါင်မြည် တိုက်စစ်မှူး တစ်ဦး အလိုရှိနေပြီး အိုဆင်ဟန်က သူ့ရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်နေပါတယ်။ ဒါပေမယ့် နာပိုလီက သူတို့ရဲ့ တိုက်စစ်မှူးကို မရောင်းချဘူးလို့ ပြောဆိုထားပြီး ရောင်းချမယ် ဆိုရင်လည်း မြင့်မားတဲ့ စျေးနှုန်း ရရှိမှသာ လက်လွှတ်ဖွယ် ရှိပါတယ်။


ချန်ပီယံလိဂ် ပွဲရလဒ်ကို မော်ရင်ဟိုက စာအိတ်ထဲ ကြိုရေးပြီးသားလို့ ဖွင့်ဟခဲ့တဲ့ ရှနိုက်ဒါ

အင်တာမီလန် ကစားသမားဟောင်း ဝက်စ်လေ ရှနိုက်ဒါက နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုနဲ့ အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တုန်းက အခိုက်အတန့်တွေကို အမှတ်တရ အဖြစ် ပြန်လည် ဝေမျှလာခဲ့ပါတယ်။ မော်ရင်ဟိုဟာ အင်တာမီလန်ကို ၂၀၀၈ ကနေ ၂၀၁၀ အထိ ၃ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး တစ်ရာသီ အတွင်း ဆုဖလား သုံးလုံး ရရှိအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မော်ရင်ဟို လက်အောက်မှာ ရှနိုက်ဒါက အဓိက ကစားသမား ဖြစ်ခဲ့ပြီး ဘယ်လွန်ဒေါဆု ဆွတ်ခူးနိုင်မယ့် အထိ တိုးတက်ခဲ့သူ ဖြစ်ပါတယ်။ မော်ရင်ဟိုက အင်တာမီလန်ကို ၁၀၈ ပွဲ ကိုင်တွယ်ခဲ့ရာမှာ တစ်ပွဲကို ပျမ်းမျှအားဖြင့် ၂.၁၂ မှတ် အထိ ရယူပေးနိုင်ခဲ့ကာ အသင်း သမိုင်းမှာ အကောင်းဆုံး နည်းပြ တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ရှနိုက်ဒါက “ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ရက်သတ္တပတ် အနည်းငယ် မတိုင်ခင်ကပေါ့၊ မော်ရင်ဟိုနဲ့ မာတာရာဇီတို့ ကြားက ဆက်ဆံရေး ကလည်း အရမ်းကောင်းတယ်၊ မော်ရင်ဟိုက သူ့ကို ရုံးခန်းထဲ ခေါ်ပြီး စာအိတ် တစ်အိတ်ပေးတယ်၊ ဗိုလ်လုပွဲ ပြီးရင် ဖွင့်ကြည့်တဲ့၊ အဲဒါက ဘာလဲ ဆိုတော့ ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲ ရလဒ်ပေါ့ဗျာ” လို့ အမှတ်တရပြောဆိုသွားခဲ့ပါတယ်။


ဒီဘားလားက ဂျူဗင်တပ်စ်မှာ ချစ်ခြင်းမေတ္တာကို မခံစားခဲ့ရဘူးလို့ ဒယ်လ်ပီယာရို ပြောဆို

ဂျူဗင်တပ်စ် အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး အလက်ဇန်ဒရို ဒယ်လ်ပီယာရိုက အသင်း တိုက်စစ်မှူးဟောင်း ပေါ်လို ဒီဘားလားဟာ ဂျူဗင်တပ်စ်မှာ သူ့ကို ချစ်မြတ်နိုးတယ်လို့ မခံစားခဲ့ရဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူတို့ နှစ်ဦးဟာ တူရင် အခြေစိုက် စီးရီးအေ ကလပ်မှာ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ခဲ့ဖူးပြီး အခုချိန်ထိ ဒယ်လ်ပီယာရိုက ဒီဘားလားရဲ့ ပွဲတွေကို ကြည့်ရှုနေဆဲ ဖြစ်ပါတယ်။

ဒီရာသီမှာ ဒီဘားလားက ရိုးမားကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိမှာ ခြေစွမ်းပြနေပါတယ်။ သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဒယ်လ်ပီယာရိုက သဘောကျနေကာ ရောမမှာ သူ့ကို ချစ်မြတ်နိုးသူတွေ အကြား ပျော်ရွှင်နေတယ် လို့လည်း သုံးသပ်ခဲ့ကာ ဂျူဗီက အခြေအနေနဲ့ မတူညီခဲ့ဘူးလို့ ပြောဆိုလိုက်တာပါ။

“ မော်ရင်ဟိုက သူ့ကို အလေးအနက် ထားပြီး ခေါ်ယူချင်ခဲ့တယ်၊ သူ့ကို ဒီလို ပုံစံ ဖြစ်အောင် မော်ရင်ဟို ဘယ်လိုလုပ်လိုက်လဲ ဆိုတာ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ သူ့ရဲ့ အရင်တုန်းက အဆင့်အတန်းမျိုးကို ပြန်ရောက်နေပါပြီ၊ ဒီလို စိတ်ပိုင်းဆိုင်ရာ ကဏ္ဍတွေကို လေ့လာရတာ ကျနော် သဘောကျတယ်၊ ဂျူဗီ မှာတော့ သူ့အတွက် လုံလောက်တဲ့ မေတ္တာတရားမျိုး မရှိဘူးလို့ ဒီဘားလားက ခံစားခဲ့ရပါတယ်၊ ဒါက ကွာခြားချက်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်