နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘောလုံး ပြန်ကစားနိုင်ပြီ ဖြစ်တဲ့ ဆွီဒင် နတ်ဘုရားကြီး၊ ဂျူဗင်တပ်စ်က အဆင့် ၄ အတွင်း ဝင်နိုင်တယ်လို့ ဆိုလိုက်တဲ့ ကစားသမားဟောင်း (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဘောလုံး ပြန်ကစားနိုင်ပြီ ဖြစ်တဲ့ ဆွီဒင် နတ်ဘုရားကြီး၊ ဂျူဗင်တပ်စ်က အဆင့် ၄ အတွင်း ဝင်နိုင်တယ်လို့ ဆိုလိုက်တဲ့ ကစားသမားဟောင်း စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နာပိုလီကို လိုက်မီဖို့ ကြိုးစားရင်း ပြတ်ကျန်ခဲ့ပြီ ဖြစ်တဲ့ အင်တာမီလန်

အီတလီ စီးရီးအေ မှာတော့ နာပိုလီက ဖလားရဖို့ သေချာသထက် သေချာသွားခဲ့ပါပြီ။ မနေ့က ကစားခဲ့တဲ့ ပွဲမှာ အင်တာမီလန်က ဘိုလော့ဂ်နာကို အဝေးကွင်းမှာ အရေးနိမ့်သွားခဲ့လို့ သူတို့ နှစ်သင်းကြားမှာ ရမှတ် ၁၈ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ကာ နာပိုလီတို့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ သေချာသထက် သေချာလာခဲ့ပါပြီ။

အင်တာမီလန်ဟာ အဝေးကွင်းမှာ ဘာဆို ဘာမှမလုပ်နိုင်ခဲ့ဘဲ ဘိုလော့ဂ်နာက သူတို့ထက် ပိုကောင်းအောင် ကစားပြနိုင်ခဲ့ပါတယ်။ သူတို့ အနေနဲ့ နာပိုလီကို လိုက်မမီတော့ပေမယ့် အဆင့် ၂ နေရာ အတွက် အေစီမီလန်နဲ့ အပြိုင်အဆိုင် ဖြစ်နေပြီး အေစီမီလန်က နောက်ကျပွဲမှာ အနိုင်ရသွားခဲ့လို့ အင်တာတို့ ဒုတိယ နေရာ အတွက်ပါ စိုးရိမ်လာရပါပြီ။

အင်တာနဲ့ အေစီက ရမှတ် ၄၇ မှတ်စီနဲ့ ရှိနေပြီး ရိုးမား ကလည်း ၄၄ မှတ် ရထားလို့ ဒုတိယနေရာ အတွက် ပြိုုင်ဆိုင်မှုက ပိုစိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါတယ်။ လာဇီယိုက ၄၂ မှတ် ရထားလို့ အီတလီ စီးရီးအေမှာ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့် တစ်နေရာ အတွက် အကြိတ်အနယ် ဖြစ်လာဦးမှာပါ။


ဆွီဒင် နတ်ဘုရားကြီး ဘောလုံး ပြန်ကစားပြီ

စီးရီးအေ ကလပ် အေစီမီလန် အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ် ကတော့ အတ္တလန္တာနဲ့ ပွဲမှာ အသင်း အတွက် လူစားလဲ ဝင်ရောက် ကစားပေးသွားခဲ့ပါပြီ။ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ ဇလာတန်ဟာ အေစီမီလန် အတွက် ဒီရာသီမှာ ပထမဆုံး အကြိမ် ဝင်ရောက် ကစားပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ချဲလ်ဆီး
ဒေါ့မွန်
1X2 ဒေါ့မွန် @ 3.80
ဂိုးပေါ် 2.79 @ 2.09
ဂိုးပေါင်း 0-1 @ 3.45
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အေစီမီလန်က ၂-၀နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပြီး အင်တာမီလန်ရဲ့ ဒုတိယနေရာ ကိုပါ ရမှတ်တူ အနေအထားနဲ့ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အသက် ၄၁ နှစ် အရွယ် ဇလာတန်ဟာ ရက်ပေါင်း ၁၄၆ ရက်ကြာ အနားယူခဲ့ရပြီးနောက် ပွဲကစားချိန် ၇၄ မိနစ်မှာ ဝင်ရောက် ကစားခဲ့ပြီး အေစီမီလန် သမိုင်းမှာ အသက်အကြီးဆုံး ကစားခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။

မေလ အတွင်းမှာ သူက ဘယ်ဘက် ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီး ၄ လကျော် အနားယူခဲ့ရတာပါ။ အခုတော့ သူ ပြန်ကစားနိုင်ပြီ ဖြစ်လို့ အေစီမီလန် တိုက်စစ်ပိုင်းမှာ ကစားသမား တောင့်တင်းသွားပြီ ဖြစ်ကာ အဆင့် ၂ နေရာ အတွက် မြို့ခံ ပြိုင်ဘက်နဲ့ ပြိုင်ဆိုင်နေရမှုမှာ အင်ပြည့်အားပြည့် ကစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။


ဂျူဗင်တပ်စ်က အဆင့် ၄ အတွင်း ဝင်နိုင်တယ်လို့ ဆိုလိုက်တဲ့ ကစားသမားဟောင်း ပြောဆို

ရက်ဂျီနားနဲ့ မွန်ဇာ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အန်တိုနီယို ဘာရီလာက ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ဂျူဗင်တပ်စ်က စီးရီးအေမှာ အဆင့် ၄ အတွင်း ဝင်ရောက် နိုင်လိမ့်မယ်လို့ အံ့အားသင့်ဖွယ် မှတ်ချက် ပေးလိုက်ပါတယ်။
ဂျူဗင်တပ်စ်က အဆင့် ၄ အတွင်း ဝင်နိုင်တယ်လို့ ဆိုလိုက်တဲ့ ကစားသမားဟောင်း

ရက်ဂျီနားနဲ့ မွန်ဇာ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အန်တိုနီယို ဘာရီလာက ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ဂျူဗင်တပ်စ်က စီးရီးအေမှာ အဆင့် ၄ အတွင်း ဝင်ရောက် နိုင်လိမ့်မယ်လို့ အံ့အားသင့်ဖွယ် မှတ်ချက် ပေးလိုက်ပါတယ်။ ဂျူဗီ ကတော့ ဘဏ္ဍာရေး စာရင်းပိုင်း လိမ်လှည်မှုတွေကြောင့် ၁၅ မှတ် လျှော့ချခံရတဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရတာပါ။

ဒါကြောင့် လက်ရှိမှာ သူတို့က အဆင့် ၄ နေရာက အသင်းနဲ့ ၁၂ မှတ် အထိ ကွာဟနေပြီး ယူရိုပါလိဂ် ဝင်ခွင့် ကိုသာ အဓိကထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာရီလာ ကတော့ ဂျူဗီရဲ့ လက်ရှိ ခြေစွမ်းကို အထင်ကြီးနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ကိုပါ ရယူနိုင်တယ်လို့ ပြောဆိုသွားခဲ့တာပါ။

“ အဆင့် ၄ နေရာ အတွက် အမှတ်တွေ အများကြီး စုဆောင်းရမှာပါ၊ ဒါပေမယ့်လည်း သူတို့ကို ကျနော် ဖယ်မထုတ်ချင်သေးဘူး၊ အယ်လီဂရီက သူ့အသင်းကို ကောင်းကောင်း တည်ဆောက်နေပြီး လက်ရှိ ပုံစံကို ဆက်ထိန်းထားနိုင်ရင် သူတို့တွေ ဒါကို လုပ်ဆောင်နိုင်ပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဂျူဗီ ကတော့ စီးရီးအေမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိနေပြီး ဒီနေ့မှာ တိုရီနိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်