နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေစီမီလန် တိုက်စစ်မှူးကို အံ့အားသင့်ဖွယ် ချိတ်ဆက်လာတဲ့ လစ်ဗာပူးလ်၊ လူကာကူရဲ့ အနာဂတ် မသေချာကြောင်း ဝန်ခံလာတဲ့ အင်တာမီလန် CEO (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အေစီမီလန် တိုက်စစ်မှူးကို အံ့အားသင့်ဖွယ် ချိတ်ဆက်လာတဲ့ လစ်ဗာပူးလ်၊ လူကာကူရဲ့ အနာဂတ် မသေချာကြောင်း ဝန်ခံလာတဲ့ အင်တာမီလန် CEO စတဲ့ သတင်းတွေ အပါအဝင် မတ် ၃ ရက်နေ့ ညနေပိုင်း စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အေစီမီလန် တိုက်စစ်မှူးကို အံ့အားသင့်ဖွယ် ချိတ်ဆက်လာတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ်ဟာ စီးရီးအေ ကလပ် အေစီမီလန်ရဲ့ တိုက်စစ်ကြယ်ပွင့် ရာဖေးလ် လီယောင်ကို အံ့အားသင့်ဖွယ် ချိတ်ဆက်လာကြောင်း သိရှိရပါတယ်။

အဆိုပါ တိုက်စစ်မှူးဟာ လက်ရှိ အချိန်မှာ အေစီမီလန်နဲ့ စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးမှုတွေ ရှိနေပေမယ့် အဆင်မပြေသေးဘဲ လိပ်ခဲတည်းလည်း အနေအထားမျိုးမှာသာ ရှိနေပါသေးတယ်။

အသက် (၂၃) နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ လာမယ့် (၂၀၂၄) ခုနှစ်မှာ အေစီမီလန်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို အခြားသော ဥရောပ ထိပ်တန်း အသင်းကြီးတွေ ကလည်း စိတ်ဝင်စားနေကြပါတယ်။

နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရ အေစီမီလန်ဟာ လီယောင်ကို စာချုပ် သက်တမ်းတိုးဖို မသေချာတဲ့နောက် ဒီကစားသမား အတွက် ရရှိလာမယ့် ကမ်းလှမ်းမှုတွေကို နားစွင့်နေပြီး လစ်ဗာပူးလ် ကလည်း အသင်းမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ တိုက်စစ် ကစားသမား လူးဝစ္စ ဒီယက်ဇ်ရဲ့ နေရာ အတွက် လီယောင်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


လူကာကူရဲ့ အနာဂတ် မသေချာကြောင်း ဝန်ခံလာတဲ့ အင်တာမီလန် CEO

အင်တာမီလန်ရဲ့ အမှုဆောင် အရာရှိချုပ် ဂူဆက်စပီ မာရော့တာက အသင်းရဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူရဲ့ အနာဂတ်နဲ့ ပတ်သက်လို ရှင်းလင်း ပြတ်သားမှု မရှိကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အဆိုပါ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ (၂) ရာသီ အငှားစာချုပ်နဲ့ စီးရီးအေကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေနဲ့ အချိန်ကာလ အများစုကို ဖြတ်သန်းနေခဲ့ရပါတယ်။
ချဲလ်ဆီး အသင်းထံ ပြန်သွားမယ်လို့လည်း သတင်းတွေ ထွက်နေတဲ့ လူကာကူ

အဆိုပါ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ (၂) ရာသီ အငှားစာချုပ်နဲ့ စီးရီးအေကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေနဲ့ အချိန်ကာလ အများစုကို ဖြတ်သန်းနေခဲ့ရပါတယ်။

လက်ရှိအချိန် မှာလည်း လူကာကူကို သူ့ရဲ့ မိခင်အသင်း ချဲလ်ဆီးက လာမယ့် နွေရာသီမှာ ပြန်လည် ခေါ်ယူမယ်လို သတင်းတွေ ထွက်ပေါ်နေပြီး ဟာကင်မ် ဇီယက်ချ်ကို လက်လွှတ်ခံသွားမယ်လို သတင်းတွေက ဖော်ပြနေပါတယ်။

ဒီအချိန်မှာပဲ မာရော့တာက လူကာကူ အသင်းမှာ ဆက်ရှိ၊ မရှိကို ဆုံးဖြတ်ဖို့က အချိန်စောလွန်းနေသေးကြောင်း၊ အနာဂတ်မှာ ဘာတွေ ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


သူပြန်လာပြီ ဖြစ်ကြောင်း အသိပေးလိုက်တဲ့ အီဘရာဟီမိုဗစ်

အေစီမီလန် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်က သူ့ အနေနဲ့ အကောင်းဆုံး ပုံစံနဲ့ ပြန်လာပြီ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဆွီဒင် တိုက်စစ်မှူးကြီးဟာ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေရပြီး အေစီမီလန်နဲ့ လမ်းခွဲရဖို့ အထိ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ ဒဏ်ရာက ပြန်လည် သက်သာလာခဲ့ပြီး အတ္တလန္တာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲမှာ အသင်း အတွက် တစ်ကျော့ပြန် ကစားပေးနိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲအပြီးမှာ အီဘရာဟီမိုဗစ်က ကျွန်တော့် အနေနဲ့ အများကြီး ခံစားခဲ့ရပေမယ့် အခုချိန် မှာတော့ အကောင်းဆုံး ပုံစံနဲ့ ပြန်လာပြီ ဖြစ်ကြောင်း၊ (၅) မိနစ် (၆) မိနစ်လောက် ကစားဖို ဒီမှာ ရှိနေတာ မဟုတ်ကြောင်းနဲ့ တစ်ပွဲလုံး ပါဝင် ကစားပေးချင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်