နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မုဒိမ်းမှုနဲ့ စွပ်စွဲခံနေရပေမယ့် ဘေယန်နဲ့ ပွဲမှာ ပါဝင်လာနိုင်တဲ့ ဟာကီမီ၊ ဒေါ့မန်ကို ရွေးခဲ့တဲ့ ဘယ်လင်ဟမ်ကို ချီးကျူးလိုက်တဲ့ ဒေါ့မန် နည်းပြ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

မုဒိမ်းမှုနဲ့ စွပ်စွဲခံနေရပေမယ့် ဘေယန်နဲ့ ပွဲမှာ ပါဝင်လာနိုင်တဲ့ ဟာကီမီ၊ ဒေါ့မန်ကို ရွေးခဲ့တဲ့ ဘယ်လင်ဟမ်ကို ချီးကျူးလိုက်တဲ့ ဒေါ့မန် နည်းပြ စတဲ့ သတင်းတွေ အပါအဝင် မတ် ၈ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မုဒိမ်းမှုနဲ့ စွပ်စွဲခံနေရပေမယ့် ဘေယန်နဲ့ ပွဲမှာ ပါဝင်လာနိုင်တဲ့ ဟာကီမီ

ပီအက်စ်ဂျီ နောက်ခံလူ အာချက်ဖ် ဟာကီမီဟာ ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်မယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ဒုတိယအကျော့ ပွဲမှာ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ 

အဆိုပါ မော်ရိုကို လူမျိုး ကြယ်ပွင့်ဟာ မုဒိမ်းမှု ကျူးလွန်ထားတယ်လို့ ဒီရက်ပိုင်း အတွင်းမှာ စွပ်စွဲခံနေရပေမယ့် ဘွန်ဒက်စ်လီဂါ ဘီလူးကြီးနဲ့ ရင်ဆိုင်ရမယ့် ပွဲအတွက် အသင်းရဲ့ ကစားသမား စာရင်းမှာ ပါဝင်လာခဲ့တာပါ။ 

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
စတုဂတ်
1X2 စတုဂတ် @ 3.80
စတုဂတ် အာရှ ဟန်းဒီးကပ် +0.50 @ 2.07
ဂိုးပေါ် 2.75 @ 2.12
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပီအက်စ်ဂျီတို့ ဂျာမနီမြေကို ခရီးထွက်လာချိန် မှာလည်း ဟာကီမီက လိုက်ပါလာခဲ့ပြီး ပွဲချိန် အတွင်း ပါဝင် ကစားဖြစ်၊ မကစားဖြစ်ဆိုတာ ကိုတော့ နည်းပြ ခရစ္စတိုဖာ ဂဲလ်တီယာ ကသာ ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီဟာ ပထမအကျော့ အိမ်ကွင်းမှာ ဘွန်ဒက်စ်လီဂါ ကလပ်ကို ၀-၁ ဂိုးနဲ့ အရေးနိမ့်ထားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ အတွက် ဂျာမနီမြေမှာ သေချာပေါက် နိုင်ပွဲ ရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်။ 


ရှာနိုင်သလောက်ပဲ သုံးစွဲနိုင်မယ်လို့ အသိပေးလိုက်တဲ့ အိုလီဗာခန်း 

ဘေယန်မြူးနစ် အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက အသင်း အနေနဲ့ ဝင်ငွေ ရရှိသလောက် ပမာဏ ကိုပဲ ပြန်လည် သုံးစွဲသွားနိုင်မယ်လို့ အသိပေး ပြောကြားလိုက်ပါတယ်။ 

ဘေယန်မြူးနစ်ဟာ အရင်ကတည်းက ကစားသမား တစ်ယောက်တည်း အတွက် ငွေကြေး အလုံးအရင်း သိပ်ပြီး သုံးစွဲလေ့ မရှိဘဲ နောက်ခံလူ မာသီးယပ်စ် ဒီလစ်ဂ် ကိုသာ ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) အထိ ရှားရှားပေးပေး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အဆိုပါ ဘွန်ဒက်စ်လီဂါ နာမည်ကျော် ကလပ် ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ နာမည်ကျော် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အာလင်း ဟာလန်း တို့ကို ခေါ်ယူဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့် မခေါ်ယူခဲ့ပါဘူး။ 

ဒီအပေါ်မှာ အိုလီဗာခန်းက အသင်း အနေနဲ့ ဝင်ငွေ ရှာဖွေနိုင်သလောက် ကိုသာ သုံးစွဲသွားမှာ ဖြစ်ကြောင်းနဲ့ ကစားသမား တစ်ယောက်တည်း အပေါ် ငွေကြေး ကြီးကြီးမားမား သုံးစွဲတာက အန္တရာယ်များတဲ့ ကိစ္စ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ယူနိုက်တက်ကို မရွေးဘဲ ဒေါ့မန်ကို ရွေးခဲ့တဲ့ ဘယ်လင်ဟမ်ကို ချီးကျူးလိုက်တဲ့ တာဇစ်

အသက် (၁၉) နှစ်အရွယ် ဘယ်လင်ဟမ်ကို မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ် အများအပြားက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကိုသာ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။
ဒေါ့မန်ကို ရွေးခဲ့တဲ့ ဘယ်လင်ဟမ်ကို ချီးကျူးလိုက်တဲ့ ဒေါ့မန် နည်းပြ

ဒေါ့မန် နည်းပြ အီဒင် တာဇစ်က ဂျူ့ဒ် ဘယ်လင်ဟမ် အနေနဲ့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာ ပရီးမီးယားလိဂ်ကို မပြောင်းရွှေ့ခဲ့ဘဲ ဒေါ့မန်ကို ရွေးချယ်ခဲ့တာက အပြီး ပြည့်စုံဆုံး ခြေလှမ်း တစ်ရပ် ဖြစ်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။ 

အသက် (၁၉) နှစ်အရွယ် ဘယ်လင်ဟမ်ကို မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ် အများအပြားက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကိုသာ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ 

ဒီအပေါ်မှာ တာဇစ်က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်း အများအပြားက စိတ်ဝင်စားခဲ့ပေမယ့် သူကတော့ ကျွန်တော် တို့ကိုပဲ ရွေးချယ်ခဲ့ကြောင်း၊ ဒါက သူ့အတွက် အပြီးပြည့်စုံဆုံး ခြေလှမ်း တစ်ရပ် ဆိုတာကို သိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆက်လက် ပြီးတော့လည်း ဘယ်လင်ဟမ်က အသင်းရဲ့ အစိတ်အပိုင်း ဖြစ်နေတဲ့ အပေါ် ဝမ်းသာမိကြောင်း၊ အသက် (၁၉) နှစ်မှာတင် အသင်းရဲ့ ကပ္ပတိန်တွေ ထဲက တစ်ယောက် ဖြစ်နေကြောင်းနဲ့ အင်္ဂလန် မှာပါ ရွေးချယ်ခံရတဲ့ အပေါ် ဝမ်းသာမိကြောင်း တာဇစ်က ပြောကြားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်