နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လင်ဟမ် အတွက် ခြေရှုပ်နေတဲ့ ဖခင် ဖြစ်သူနဲ့ ဒေါ့မန် ဒါရိုက်တာ၊ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူသွားမှာ မဟုတ်တဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဘယ်လင်ဟမ် အတွက် ခြေရှုပ်နေတဲ့ ဖခင်ဖြစ်သူနဲ့ ဒေါ့မန် ဒါရိုက်တာ၊ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူသွားမှာ မဟုတ်တဲ့ ဘေယန်မြူးနစ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၉ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘယ်လင်ဟမ် အတွက် ခြေရှုပ်နေတဲ့ ဖခင်ဖြစ်သူနဲ့ ဒေါ့မန် ဒါရိုက်တာ

ဒေါ့မန် ဒါရိုက်တာ ဆီဘက်စတီယန် ခါးလ်နဲ့ ဖခင်ဖြစ်သူ တို့ဟာ ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့ အတွက် လက်ရှိအချိန် ကတည်းက အလုပ်တွေ ရှုပ်နေကြောင်း နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

ဘန်ဒက် လီဂါ
‌ရှော်ကေး
ဒေါ့မွန်
1X2 ဒေါ့မွန် 1.68
ဒေါ့မွန် အာရှ ဟန်းဒီးကပ် -0.75 @ 1.90
ဂိုးပေါ် 2.75 @ 1.86
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီးက ဒေါ့မန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့တဲ့ ပွဲမတိုင်ခင်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ဒါရိုက်တာအဖွဲ့နဲ့ ချဲလ်ဆီး ပိုင်ရှင် တော့ဒ်ဘိုလေ၊ ရီးရဲလ်မက်ဒရစ် အကြီးအကဲတို့ လန်ဒန်မြို့မှာ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒီအပေါ်မှာ ရိုမာနိုက ဒါရိုက်တာတွေ အချင်းချင်း ချန်ပီယံလိဂ် ပွဲတွေ ရှိနေချိန် ခရီးသွားရင်း တွေ့ဆုံတာက ပုံမှန် ကိစ္စသာ ဖြစ်ကြောင်း၊ ဘယ်လင်ဟမ်ရဲ့ ဖခင် ဖြစ်သူ ကတော့ အပတ်တိုင်း အစည်းအဝေးတွေ ပြုလုပ်နေပြီး ခါးလ်လည်း အတူတူပဲ ဖြစ်ကြောင်း၊ ဒါပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်နေပြီး ဘယ်လင်ဟမ် ကတော့ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ့မန် ဒါရိုက်တာ ခါးလ် ကတော့ လာမယ့် နွေရာသီမှာ ဘယ်လင်ဟမ်ကို ဆက်လက် ထိန်းသိမ်းသွားဖို့ အရာ အားလုံး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။


ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူသွားမှာ မဟုတ်တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ မန်ချက်စတာစီးတီး ကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူသွားမှာ မဟုတ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

ကန်ဆယ်လိုဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ကို (၆) လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားနေတာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် အနေနဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို ပေါင် (၆၂) သန်းနဲ့ ခေါ်ယူခွင့် ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်း ပွဲတွေမှာ ကန်ဆယ်လိုရဲ့ ပွဲထွက်ခွင့်က သိသိသာသာ ကန့်သတ်ခံလာရပြီး နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ကလည်း နည်းစနစ်ပိုင်း အကြောင်းပြကာ ကန်ဆယ်လိုကို ချန်လှပ်ခဲ့ပါတယ်။

ကန်ဆယ်လိုဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ကို (၆) လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားနေတာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် အနေနဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို ပေါင် (၆၂) သန်းနဲ့ ခေါ်ယူခွင့် ရှိနေတာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်မှာ ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေတဲ့ ယာအို ကန်ဆယ်လို

အီတလီ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရလည်း ဘေယန်မြူးနစ်ဟာ ကန်ဆယ်လို အတွက် အပြီးသတ် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်း မရှိဘဲ လာမယ့်နွေရာသီမှာ မန်စီးတီးထံ ပြန်လည် စေလွှတ်သွားမယ်လို့ သိရပါတယ်။


ဘယ်လင်ဟမ်ကို ချဲလ်ဆီး လာကစားဖို့ ပရိသတ်တွေ ဖိတ်ခေါ်ခဲ့

အသက် (၁၉) နှစ် အရွယ် ဂျူ့ဒ် ဘယ်လင်ဟမ်ကို အသင်းမှာ လာရောက် ကစားဖို့ အတွက် ချဲလ်ဆီး ပရိသတ်အချို့က တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ချဲလ်ဆီးက ဒေါ့မန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့တဲ့ ပွဲမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ် ကွင်း အတွင်း လာရောက် အားပေးတဲ့ ချဲလ်ဆီး လူငယ် ပရိသတ် အချို့က ဘယ်လင်ဟမ် ဘောလုံးထိချိန်တိုင်းမှာ “ချဲလ်ဆီးကို လာခဲ့ပါ” လို့ အော်ဟစ် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ကတော့ ပွဲအပြီးမှာ ချဲလ်ဆီး အနိုင်ဂိုးရသွားတဲ့ ကိုင် ဟာဗက်ဇ်ရဲ့ ပင်နယ်တီ သွင်းဂိုး အတွက် ပြစ်တင်ဝေဖန်ခဲ့ပြီး ပင်နယ်တီကို နှစ်ခါပြန် ကန်ခိုင်းခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ လှောင်ပြောင်သွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်