နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လေဗာကူဆင် ကြယ်ပွင့်ကို (၂) နှစ်ကြာ စောင့်ကြည့်နေခဲ့တဲ့ အာဆင်နယ်၊ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူပေးဖို့ အသင်းကို တိုက်တွန်းလိုက်တဲ့ မာနေး (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လေဗာကူဆင် ကြယ်ပွင့်ကို (၂) နှစ်ကြာ စောင့်ကြည့်နေခဲ့တဲ့ အာဆင်နယ်၊ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူပေးဖို့ အသင်းကို တိုက်တွန်းလိုက်တဲ့ မာနေး စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၃ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လေဗာကူဆင် ကြယ်ပွင့်ကို (၂) နှစ်ကြာ စောင့်ကြည့်နေခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လေဗာကူဆင် ကြယ်ပွင့် မူဆာ ဒီယာဘီကို (၂) နှစ်ကြာ စောင့်ကြည့်နေခဲ့ပြီး ဖြစ်ကြောင်း အပြောင်းအရွှေ့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။

အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ လက်ရှိ ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး (၁၁) ဂိုး သွင်းပြီး ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားခဲ့ကာ တောက်ပလာမယ့် ကြယ်ပွင့် တစ်ယောက် အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါ့အပြင် လေဗာကူဆင် အတွက်လည်း ပွဲပေါင်း (၁၅၆) ပွဲ ကစားပေးထားရာမှာ (၈၉) ဂိုးမှာ ပါဝင် ပတ်သက်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီကစားသမားကို ဥရောပထိပ်တန်း အသင်းကြီး တချို့က ပစ်မှတ်ထား စောင့်ကြည့်လျက် ရှိပြီး အာဆင်နယ် ကလည်း ဒီယာဘီကို သူတို့ရဲ့ ကာလရှည် ပစ်မှတ် အဖြစ် စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ် အနေနဲ့ လာမယ့် နွေရာသီ မှာတော့ ဒီယာဘီကို အရခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိကြောင်းလည်း ရိုမာနိုက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
လီဗာပူးလ်
1X2 ရီးယဲလ်မက်ဒရစ် @ 2.29
ဂိုးပေါ် 3.00 @ 1.90
ဂိုးပေါင်း 2-3 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူပေးဖို့ အသင်းကို တိုက်တွန်းလိုက်တဲ့ မာနေး

ဘေယန်မြူးနစ် ကြယ်ပွင့် ဆာဒီယို မာနေးဟာ အသင်းမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ ယာအို ကန်ဆယ်လိုကို လာမယ့် ရာသီ မှာလည်း အသင်းနဲ့ အတူ ရှိနေစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ပေါ်တူဂီ ညာနောက်ခံလူဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ (၆) လ အငှားစာချုပ်နဲ့ မန်ချက်စတာစီးတီး ကနေ ဘွန်ဒက်စ်လီဂါ ကလပ်ကို ပြောင်းရွှေ့လာခဲ့တာပါ။ ဒီကစားသမားကို ဘေယန်မြူးနစ်တို့ အပြီးသတ် ခေါ်ယူခွင့် ရှိပေမယ့် အသင်းနဲ့ အံမဝင်တာကြောင့် မခေါ်ယူဘူး လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဆိုပါ ပေါ်တူဂီ ညာနောက်ခံလူဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ (၆) လ အငှားစာချုပ်နဲ့ မန်ချက်စတာစီးတီး ကနေ ဘွန်ဒက်စ်လီဂါ ကလပ်ကို ပြောင်းရွှေ့လာခဲ့တာပါ။
(၆) လ အငှားစာချုပ်နဲ့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ ကစားနေတဲ့ ကန်ဆယ်လို

ဒါပေမယ့် ဖရိုင်းဘတ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲအပြီး မှာတော့ မာနေးက ကန်ဆယ်လိုက ကမ္ဘာ့အကောင်းဆုံးတွေ ထဲက တစ်ယောက် ဖြစ်ကြောင်း၊ သူ အသင်းမှာ ရှိနေလို့ ပျော်ရွှင်ရကြောင်းနဲ့ လာမယ့် ရာသီ မှာလည်း ကန်ဆယ်လိုကို အသင်းမှာ ဆက်ရှိစေချင်ကြောင်း၊ ဒီလို ကစားသမားမျိုးကို အသင်း အတွက် သေချာပေါက် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


Volley ကန်ချက်တွေနဲ့ ကန်သွင်းရတာကို သဘောကျကြောင်း ပြောလာတဲ့ ပါဗက်

ဘေယန်မြူးနစ် ညာနောက်ခံလူ ဘင်ဂျာမင် ပါဗက်က သူ့ အနေနဲ့ မြေမကျ ကန်ချက်တွေနဲ့ ဂိုး ကန်သွင်းရတာ သဘောကျကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
ပါဗက်ဟာ ဖရိုင်းဘတ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ပွဲစဥ်မှာ အသင်း အတွက် သွင်းဂိုး တစ်ဂိုးကို ဗော်လီကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့ပြီးနောက် အခုလိုမျိုးပဲ ပြောကြားခဲ့တာပါ။

အဆိုပါ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ နောက်ခံလူ တစ်ယောက် ဖြစ်ပေမယ့် မကြာခဏဆို သလို အဝေးကန်ချက်တွေ၊ Volley ကန်ချက်တွေနဲ့ ဂိုးတွေ လှလှပပ သွင်းယူနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဖရိုင်းဘတ်နဲ့ ပွဲအပြီးမှာ ပါဗက်က သူ့အနေနဲ့ Volley ကန်ရတာကို သဘောကျ နှစ်သက်ကြောင်း၊ သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အတွက်လည်း အရမ်း အရမ်းကို ပျော်ရွှင်ရကြောင်းနဲ့ လာမယ့် ပွဲတွေ အတွက် ဆက်လက် အာရုံစိုက်မှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်