နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လင်ဟမ်ကို ပထမဆုံး အကြိမ် ဆက်သွယ်ခဲ့တဲ့ ရီးရဲလ် ကိုယ်စားလှယ်၊ အဲလ်အေ အက်ဖ်စီနဲ့ မိတ်ဖက် အဖြစ် လက်တွဲလိုက်တဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဘယ်လင်ဟမ်ကို ပထမဆုံး အကြိမ် ဆက်သွယ်ခဲ့တဲ့ ရီးရဲလ် ကိုယ်စားလှယ်၊ အဲလ်အေ အက်ဖ်စီနဲ့ မိတ်ဖက် အဖြစ် လက်တွဲလိုက်တဲ့ ဘေယန်မြူးနစ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၄ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘယ်လင်ဟမ်ကို ပထမဆုံး အကြိမ် ဆက်သွယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကိုယ်စားလှယ်

ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အတွက် ပထမဆုံး အကြိမ် အဖြစ် ဆက်သွယ်မှု‌တွေ ပြုလုပ်ခဲ့ကြောင်း စပိန်က လာတဲ့ သတင်းအရင်းမြစ်တွေက ဆိုပါတယ်။

စပိန် အင်အားကြီး ကလပ်ဟာ အသက် (၁၉) နှစ် အရွယ် အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ကို လာမယ့် နွေရာသီ အသင်းရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ကြောင်းလည်း သိရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ရီးရဲလ်မက်ဒရစ်ရဲ့ ကိုယ်စားလှယ်ဟာ ဂျာမနီ နိုင်ငံ အထိ သွားရောက်ပြီး ကစားသမား၊ ကစားသမားရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပထမဆုံး အကြိမ် အဖြစ် ချဥ်းကပ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ဘယ်လင်ဟမ် ကိုယ်တိုင် ကလည်း လာမယ့် နွေရာသီမှာ ဂျာမနီမြေကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီး ဘယ်အသင်းကို ပြောင်းရွှေ့မယ် ဆိုတာ ကိုတော့ လက်ရှိအချိန် အထိ မဆုံးဖြတ်ရသေးပါဘူး။ အဆိုပါ အင်္ဂလန် ကြယ်ပွင့်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ လစ်ဗာပူးလ်က အပြိုင် စိတ်ဝင်စားလျက် ရှိပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
AFC ဘုန်းမောက်
1X2 သရေ (Draw) @ 3.80
ဂိုးပေါ် 2.50 @ 1.88
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အော့စ်ဘတ်ကို အနိုင်ရပြီးနောက် အသင်းသားတွေကို နှစ်ရက် အနားပေးခဲ့တဲ့ နေဂဲလ်စ်မန်း

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ပွဲစဉ်မှာ အော့စ်ဘတ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် အသင်းသားတွေကို နှစ်ရက်ကြာ အားလပ်ရက် ပေးခဲ့ကြောင်း သိရှိရပါတယ်။

ဘေယန်မြူးနစ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၃) ပွဲဆက်တိုက်မှာ အနိုင်ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း ပီအက်စ်ဂျီကို အနိုင်ယူ ကျော်ဖြတ်ကာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စနေညက နိုင်ပွဲကြောင့် ဘေယန်မြူးနစ်တို့ ဒေါ့မန်ထက် (၂) မှတ် အသာနဲ့ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့တဲ့နောက် နေဂဲလ်စ်မန်းက အခုလိုပဲ အသင်းသားတွေကို အားလပ်ရက် ပေးခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကစားသမားတွေဟာ ဗုဒ္ဓဟူးနေ့ မှသာ လေ့ကျင့်ရေးကွင်းကို ပြန်လာရမှာ ဖြစ်ပြီး လေဗာကူဆင်နဲ့ ကစားရမယ့် အဝေးကွင်း ပွဲစဥ် အတွက် ဆက်လက် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။


LAFCနဲ့ မိတ်ဖက် အဖြစ် လက်တွဲလိုက်တဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အမေရိကန်နိုင်ငံ မှာလည်း သူတို့ရဲ့ အမှတ်တံဆိပ်ကို အကောင်းဆုံး ထိုးဖောက်နိုင်ဖို့ ကြိုးစားနေပြီး မေဂျာလိဂ် ကလပ်နဲ့ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ လက်တွဲလိုက်တာပါ။
အမေရိကန်နိုင်ငံ မှာလည်း အသင်းရဲ့ အမှတ်တံဆိပ်ကို ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ မေဂျာလိဂ် အသင်း တစ်သင်း ဖြစ်တဲ့ လော့စ်အိန်ဂျယ်လိစ် အက်ဖ်စီနဲ့ မိတ်ဖက် အသင်းတွေ အဖြစ် လက်တွဲလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အမေရိကန်နိုင်ငံ မှာလည်း သူတို့ရဲ့ အမှတ်တံဆိပ်ကို အကောင်းဆုံး ထိုးဖောက်နိုင်ဖို့ ကြိုးစားနေပြီး မေဂျာလိဂ် ကလပ်နဲ့ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ လက်တွဲလိုက်တာပါ။

ဘေယန်မြူးနစ် အမှုဆောင် အရာရှိချုပ် အိုလီဗာခန်း ကလည်း နှစ်သင်းကြား လူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေကို တိုးမြှင့် ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း အသင်း ဝက်ဘ်ဆိုက် ကနေ တစ်ဆင့် ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဥရုဂွေးက အသင်း တစ်သင်း ဖြစ်တဲ့ ကလပ် အက်သလက်တီကို ရေးဗားပလိတ်နဲ့လည်း အခုလိုမျိုး လက်တွဲ‌ ဆောင်ရွက်ဖို့ ဆွေးနွေး ပြောဆိုမှုတွေ ရှိနေကြောင်း အိုလီဗာခန်းက ထပ်လောင်း အတည်ပြုခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်