နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကတ်စမဲရိုးရဲ့ အနီကတ် အတွက် အယူခံဝင်တော့မှာ မဟုတ်တဲ့ ယူနိုက်တက်၊ လစ်ဗာပူးလ်က အသင်းငယ် စိတ်ဓာတ်ပဲ ရှိတယ်လို့ လှောင်ပြောင်ခဲ့တဲ့ ဖာဒီနန် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ကတ်စမဲရိုးရဲ့ အနီကတ် အတွက် အယူခံဝင်တော့မှာ မဟုတ်တဲ့ ယူနိုက်တက်၊ လစ်ဗာပူးလ်က အသင်းငယ် စိတ်ဓာတ်ပဲ ရှိတယ်လို့ လှောင်ပြောင်ခဲ့တဲ့ ဖာဒီနန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၄ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကတ်စမဲရိုးရဲ့ အနီကတ် အတွက် အယူခံဝင်တော့မှာ မဟုတ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ ဆောက်သမ်တန်နဲ့ ပွဲမှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ ကွင်းလယ်လူ ကတ်စမဲရိုးရဲ့ အနီကတ် ပြစ်ဒဏ်ကို အယူခံမဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ ဆောက်သမ်တန် ကစားသမား ကားလို့စ် အယ်လ်ကာရတ်ဇ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒို င်လူကြီး အန်တိုနီ တေလာက အစောပိုင်းက အဝါကတ် ပြသခဲ့တာပါ။

ဒါပေမယ့် VAR ဒိုင်လူကြီးရဲ့ အကြံပေးမှုနဲ့ တီဗီမော်နီတာကို သွားရောက် ကြည့်ပြီး အနီကတ် ပြသဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို ပြန်ပြောင်းနိုင်ဖို့ အတွက် အခွင့်အရေး နည်းတယ်လို့ ယုံကြည်နေတာကြောင့် အယူခံမဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲ့ဒါကြောင့် ကတ်စမဲရိုးဟာ ယူနိုက်တက် အသင်းရဲ့ ပြည်တွင်း ပွဲစဉ် ၄ ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ အက်ဖ်အေ၊ နယူးကာဆယ်၊ ဘရန်ဖိုဒ့်၊ အဲဗာတန် တို့နဲ့ ပရီးမီးယားလိဂ် ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအနီကတ်ဟာ ကတ်စမဲရိုး အတွက် ဒီရာသီ ဒုတိယမြောက် ပြသခံခဲ့ရတဲ့ အနီကတ် ဖြစ်ပြီး ပထမဆုံး ပြသခံခဲ့ရတာ ကတော့ ပဲလေ့စ်နဲ့ ပွဲစဉ်ပါ။ အဲ့ဒီတုန်း ကလည်း ယူနိုက်တက် အသင်းဟာ အယူခံ မအောင်မြင်ရင် ပွဲပယ် ထပ်ပြီး တိုးနိုင်တာကြောင့် အယူခံမဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


လစ်ဗာပူးလ်က အသင်းငယ် စိတ်ဓါတ်ပဲ ရှိတယ်လို့ လှောင်ပြောင်ခဲ့တဲ့ ဖာဒီနန်

ဘုန်းမောက် အသင်းကို အရေးနိမ့်ခဲ့တဲ့ လစ်ဗာပူးလ်ဟာ အသင်းငယ် စိတ်ဓါတ်ပဲ ရှိတယ်လို့ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ပြောလိုက်ပါတယ်။

လစ်ဗာပူးလ်ဟာ ယူနိုက်တက်ကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရယူခဲ့ပြီး နောက်တစ်ပတ် အကြာမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ ဘုန်းမောက်ကို အံ့အားသင့်ဖွယ် ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ယူနိုက်တက်ကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရယူခဲ့ပြီး နောက်တစ်ပတ် အကြာမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ ဘုန်းမောက်ကို အံ့အားသင့်ဖွယ် ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ဂန္တဝင် နှစ်ဦးကို လက်စားချေ တုန့်ပြန် ပြောစကားဆိုခဲ့တဲ့ ဖာဒီနန်

လစ်ဗာပူးလ်ဟာ ယူနိုက်တက်ကို အနိုင်ရခဲ့တုန်းက အကြီးအကျယ် အောင်ပွဲခံခဲ့တာပါ။ ဖာဒီနန်က “ ဒါဟာ အသင်းငယ်ရဲ့ စိတ်ဓါတ်ပါပဲ။ အသင်းငယ်လေးရဲ့ အော်သံပါ။ ယူနိုက်တက်ကို အနိုင်ရတုန်းက သူတို့ဟာ အော်ဟစ်ပြီး အောင်ပွဲခံခဲ့ကြတယ်” လို့ ပြောခဲ့ပါတယ်။ အဲ့ဒီတုန်းက လစ်ဗာပူးလ် ဂန္တဝင်တွေ ဖြစ်တဲ့ ဂရေမီ ဆောင်းနက်စ်နဲ့ ကာရေဂါ တို့ဟာ ရွိုင်ကိန်းနဲ့ ဂယ်ရီ နဗီးလ် တို့ ရှေ့မှာ အကြီးအကျယ် အောင်ပွဲခံခဲကြတာပါ။

ဒါကြောင့် ဒီတကြိမ် မှာတော့ ဖာဒီနန်က ဂရေမီ ဆောင်းနက်စ်နဲ့ ကာရေဂါ တို့ကို ထိုးနှက်သွားခဲ့ပါတယ်။ ဖာဒီနန်က “ ဆောင်းနက်စ်နဲ့ ကာရေဂါ တို့ရဲ့အောင်ပွဲခံတဲ့ ပုံစံက ဂယ်ရီ နဗီးလ်နဲ့ ရွိုင်ကိန်း တို့ကို ရန်စနေတဲ့ ပုံစံပါ။ ကိုယ့်ကိုကိုယ် ရှက်သင့်ပါတယ်” လို့ ပြောခဲ့ကာ အခွင့်အရေး ရချိန်မှာ ပြန်ပြီးတော့ လက်စားချေသွားခဲ့ပါတယ်။


ကွန်တီရဲ့ နေရာ အတွက် ရေပန်းစားလာတဲ့ မာကို ဆေးလ်ဗား

ဖူလ်ဟမ်ရဲ့ နည်းပြ မာကို ဆေးလ်ဗားဟာ တော့တင်ဟမ်ဟော့စပါး နည်းပြသစ် ဖြစ်လာဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်လာနေပါတယ်။ ရာသီကုန်မှာ လက်ရှိ နည်းပြ အန်တိုနီယို ကွန်တီကို ရာထူး ကနေ စပါးက ထုတ်ပယ်နိုင်ချေ ရှိနေပြီး ဖူလ်ဟမ်ကို ရလဒ်ကောင်းတွေ ရအောင် စွမ်းဆောင်ပေးထားတဲ့ ဆေးလ်ဗားကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
ဘရန့်ဖို့ဒ် FC
1X2 ဆောက်သမ်တမ် @ 2.89
ဂိုးပေါ် 2.50 @ 2.08
ဂိုးပေါင် 0-1 @ 2.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကွန်တီ ကိုယ်တိုင် ကလည်း သူ့ကို အသင်း ကနေ ထုတ်ပယ်လိမ့်မယ်လို့ အရိပ်အမြွက် ပြောဆိုထားပြီး ဖြစ်ပါတယ်။ ကွန်တီ လက်ထက်မှာ စပါး အသင်း ဘက်က အကောင်းဆုံး ဖြစ်အောင် ရင်းနှီးမြုပ်နှံပေးခဲ့ပေမယ့် ရလဒ်ပိုင်းတွေ ကျဆင်းနေခဲ့ပြီး ထင်မှတ်သလို ဖြစ်မလာခဲ့တဲ့ နောက်မှာ နှစ်ဦး နှစ်ဖက် လမ်းခွဲဖို့ အတွက် ဖြစ်လာခဲ့တာပါ။

ဒါကြောင့် ဆေးလ်ဗား ကိုတော့ သူတို့ရဲ့ နံပါတ် တစ် ပစ်မှတ် အဖြစ် စပါးက သတ်မှတ်ထားပြီးပြီလို့ The Sun က ဆိုပါတယ်။ ဆေးလ်ဗားဟာ ဖူလ်ဟမ်ကို ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်မှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့ပြီး တန်းတက်စေခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၈ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်