နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းပြနေတဲ့ ကင်မင်ဂျေးကို ချီးကျူးလိုက်တဲ့ စပယ်လက်တီ၊ ရမှတ်လျှော့ ပြစ်ဒဏ် ကနေ လွတ်မြောက်ဖို့ မျှော်လင့်နေဆဲ ဖြစ်တဲ့ ဂျူဗင်တပ်စ် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ခြေစွမ်းပြနေတဲ့ ကင်မင်ဂျေးကို ချီးကျူးလိုက်တဲ့ စပယ်လက်တီ၊ (၁၅) မှတ်လျှော့ ပြစ်ဒဏ် ကနေ လွတ်မြောက်ဖို့ မျှော်လင့်နေဆဲ ဖြစ်တဲ့ ဂျူဗင်တပ်စ် စတဲ့ သတင်းတွေ အပါအဝင် မတ်လ ၁၄ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ခြေစွမ်းပြနေတဲ့ ကင်မင်ဂျေးကို ချီးကျူးလိုက်တဲ့ စပယ်လက်တီ

နာပိုလီ နည်းပြ လူစီယာနို စပယ်လက်တီက ဒီရာသီမှာ အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ဗဟို နောက်ခံလူ ကင်မင်ဂျေးကို ချီးကျူး စကားဆိုလိုက်ပါတယ်။ 

အဆိုပါ တောင်ကိုရီးယား နောက်ခံလူဟာ အသင်းနဲ့ အတူ ပထမဆုံး စီးရီးအေ ရာသီကို ဖြတ်သန်းနေတာ ဖြစ်ပေမယ့် ပုံစံကောင်း ပြသနေတာကြောင့် မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပ ထိပ်တန်း အသင်းကြီးတွေ ကပါ စောင့်ကြည့်ခြင်း ခံနေရပါတယ်။ 

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အဲဗာတန်
1X2 ချဲလ်ဆီး @ 1.44
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -1.25 @ 2.11
ဂိုးပေါ် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကင်မင်ဂျေးနဲ့ ပတ်သက်ပြီး စပယ်လက်တီက သူက လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ဗဟိုနောက်ခံလူ တစ်ယောက် ဖြစ်ကြောင်း၊ တစ်ပွဲတည်းမှာ အံ့အားသင့်ဖွယ်ရာ အမျိုးပေါင်း (၂၀) လောက် လုပ်ပြနိုင်ကြောင်း ချီးကျူးခဲ့ပါတယ်။ 

ဒါ့အပြင် ကင်မင်ဂျေးသာ ဘောလုံးနဲ့ အတူ ဆွဲတက်သွားခဲ့ရင် ပြိုင်ဘက် ပင်နယ်တီ ဧရိယာ အတွင်းကို (၅) စက္ကန့် အတွင်း ရောက်ရှိနိုင်ကြောင်းကိုလည်း စပယ်လက်တီက သူ့ရဲ့ တပည့်ကို အမွှန်းတင်သွားခဲ့ပါသေးတယ်။


(၁၅) မှတ်လျှော့ ပြစ်ဒဏ် ကနေ လွတ်မြောက်ဖို့ မျှော်လင့်နေဆဲ ဖြစ်တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ဒီရာသီမှာ သူတို့ အပေါ် ချမှတ်ထားတဲ့ (၁၅) မှတ်လျှော့ ပြစ်ဒဏ်က လွတ်မြောက်နိုင်တဲ့ စာရွက် စာတမ်းတွေကို စီးရီးအေ အဖွဲ့ချုပ်ထံ တင်သွင်းခဲ့ကြောင်း သိရပါတယ်။ 

ဂျူဗင်တပ်စ် အနေနဲ့ ကစားသမားသစ် ခေါ်ယူမှု၊ စာချုပ်သစ် ချုပ်ဆိုမှုတို့ အပါအဝင် စာရွက် စာတမ်း ကိစ္စရပ်တွေမှာ မသမာမှုတွေ ကျူးလွန်ခဲ့တာကြောင့် ဒီရာသီ အတွင်းမှာပဲ အခုလိုမျိုး (၁၅) မှတ် အထိ လျှော့ချတဲ့ ပြစ်ဒဏ် ချမှတ်ခံထားရတာပါ။ အဲ့ဒါကြောင့်လည်း အဆိုပါ တူရင် ကလပ်ဟာ အဆင့် (၃) နေရာ ကနေ အဆင့် (၁၀) ဝန်းကျင် အထိ ရောက်ရှိသွားခဲ့ပြီး လာမယ့် ရာသီ ဥရောပ ဝင်ခွင့် အတွက်ပါ ခက်ခဲနေခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်ဟာ ဒီရာသီမှာ သူတို့ အပေါ် ချမှတ်ထားတဲ့ (၁၅) မှတ်လျှော့ ပြစ်ဒဏ်က လွတ်မြောက်နိုင်တဲ့ စာရွက် စာတမ်းတွေကို စီးရီးအေ အဖွဲ့ချုပ်ထံ တင်သွင်းခဲ့ကြောင်း သိရပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၇ နေရာကို ပြန်လည် ရောက်ရှိနေတဲ့ ဂျူဗင်တပ်စ်

အခုချိန် မှာတော့ ဂျူဗင်တပ်စ်ဟာ သူတို့ အတွက် အသက်ကယ် ကြိုးတစ်ချောင်း ဖြစ်နိုင်တဲ့ စာရွက် စာတမ်းတွေကို သက်သေ အဖြစ် ပြန်လည် တင်သွင်းပြီး အမှတ်လျှော့ ပြစ်ဒဏ်ကို ပြန်လည် ရုပ်သိမ်းပေးဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ်ဟာ ရမှတ်လျှော့ ပြစ်ဒဏ် ကနေ ပြန်လည် လွတ်မြောက်သွားခဲ့ရင် သူတို့ အနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာ အထိ ပြန်လည် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။


ဖရီးကစ် လေ့ကျင့်ရင်း ဒဏ်ရာရသွားပြန်တဲ့ ပေါ့ဘာ

ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ဆမ်ဒိုးရီးယားနဲ့ စီးရီးအေ ပွဲစဉ် မတိုင်ခင် ဖရီးကစ် ကန်သွင်းတာ လေ့ကျင့်ရင်း ပေါင်ဒဏ်ရာ ထပ်မံရရှိခဲ့တာကြောင့် (၃) ပတ်ကြာ အနားယူရတော့မယ်လို့ သိရပါတယ်။ 

ဂျူဗင်တပ်စ်က ဆမ်ဒိုးရီးယားကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ပေါ့ဘာ တစ်ယောက် အသင်းရဲ့ ကစားသမား စာရင်းထဲ ပါဝင်ခဲ့ပေမယ့် ဒဏ်ရာ ပြဿနာကြောင့် ဝင်ရောက် ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ပေါ့ဘာဟာ ဒီဖြစ်ရပ် မတိုင်ခင် မှာလည်း အသင်းရဲ့ အစည်းအဝေးပွဲကို နောက်ကျခဲ့တာကြောင့် ဖရိုင်းဘတ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် (၃၂) သင်း အဆင့် ပွဲစဥ်ကို လွဲချော်ခဲ့ပါသေးတယ်။ 

ပေါ့ဘာဟာ လက်ရှိ ဘောလုံး ရာသီ တစ်လျှောက်လုံး ဒူးဒဏ်ရာကြောင့် ဂျူဗင်တပ်စ် အတွက် နာရီဝက်ခန့်သာ ပါဝင် ကစားထားနိုင်ပြီး အခုလိုမျိုး ဒဏ်ရာထပ်ရခဲ့တာက သူ့အတွက်ရော၊ အသင်း အတွက်ပါ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်