နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေမယ်လို့ ပြောဆိုလိုက်တဲ့ ဟာဇက်၊ ဘာစီလိုနာ အသင်းကြီး ကစားသမား မဟုတ်တော့ပြန်တဲ့ ဂါဗီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေမယ်လို့ ပြောဆိုလိုက်တဲ့ ဟာဇက်၊ ဘာစီလိုနာ အသင်းကြီး ကစားသမား မဟုတ်တော့ပြန်တဲ့ ဂါဗီ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၄ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေမယ်လို့ ပြောဆိုလိုက်တဲ့ ဟာဇက်

ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား အီဒင် ဟာဇက် ကတော့ အသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးနေပေမယ့် နောက်ထပ် တစ်နှစ် ဆက်ရှိနေမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘယ်လ်ဂျီယံ ကစားသမားဟာ ချဲလ်ဆီး ကနေ လာလီဂါ ကလပ်ကို ပြောင်းရွှေ့ပြီး ကတည်းက ခြေစွမ်း မပြသနိုင်ခဲ့ဘဲ ဒဏ်ရာတွေနဲ့ လုံးပမ်းနေရကာ ပွဲကစားခွင့် ဆုံးရှုံးနေခဲ့တာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ 

သူ့အနာဂတ်ကို အသင်း ဘက်က ဆုံးဖြတ်တော့မယ်လို့ သတင်းတွေ ထွက်လာချိန်မှာ ဟာဇက်က အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နွေရာသီမှာ သူ့ကို ရောင်းထုတ်နိုင်ချေ ရှိပေမယ့် ဟာဇက် ကတော့ ဘာနေဗျူး မှာသာ ဆက်ရှိနေမယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

“ ကျနော် ဆက်ရှိနေမှာပါ၊ ဒါကို အမြဲတမ်း ပြောခဲ့ပါတယ်၊ ကျနော် လုပ်နိုင်စွမ်း ရှိသေးတယ် ဆိုတာကို ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ လူတွေက သံသယရှိနေမှာပါ၊ ဒါက ပုံမှန်ပါပဲ၊ ကျနော် ကောင်းကောင်း နားလည်ပါတယ်၊ ဒါပေမယ့် ကျနော့် အတွက်တော့ နောက်နှစ် ဒီမှာ ဆက်ရှိနေမှာပါ၊ အပြောင်းအရွှေ့ လုပ်ဖို့က ကျနော့် အစီအစဉ် မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။


ဘာစီလိုနာ အသင်းကြီး ကစားသမား မဟုတ်တော့ပြန်တဲ့ ဂါဗီ

ဒါပေမယ့် လာလီဂါ ကတော့ ဘာဆာရဲ့ ဘဏ္ဍာရေး သုံးစွဲမှု အနေအထားကို ကန့်သတ်လိုက်လို့ ဂါဗီကို စာချုပ်သစ် ချုပ်ဆိုဖို့ရာ အဆင်မပြေတော့ဘူးလို့ သိရပါတယ်။
ဘာစီလိုနာ အတွက် ခြေစွမ်းပြနေတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဂါဗီ

ဘာစီလိုနာ အတွက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဂါဗီဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ် အထိ ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ် ရေးထိုးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါ ကတော့ ဘာဆာရဲ့ ဘဏ္ဍာရေး သုံးစွဲမှု အနေအထားကို ကန့်သတ်လိုက်လို့ ဂါဗီကို စာချုပ်သစ်ချုပ်ဆိုဖို့ရာ အဆင်မပြေတော့ဘူးလို့ သိရပါတယ်။ 

အစောပိုင်း မှာလည်း ဒီလို ဆုံးဖြတ်ခဲ့လို့ ဘာစီလိုနာက အယူခံဝင်ခဲ့ရာမှာ အောင်မြင်ခဲ့ပြီး ဇန်နဝါရီမှာ ဂါဗီကို ကစားသမား အဖြစ် မှတ်ပုံတင်ခွင့် ပေးဖို့ အတွက် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာ တရားရုံးက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့ပြီး ဂါဗီကို မှတ်ပုံတင်ဖို့ ခွင့်မပြုတော့ဘူးလို့ ESPN က ဖော်ပြခဲ့ပါတယ်။ 

လာလီဂါ ကလည်း ဂါဗီရဲ့ စာချုပ်ကို ဆိုင်းငံ့ထားတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး တရားရုံးရဲ့ အကြောင်းကြားစာကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘာစီလိုဟာ သတ်မှတ်ထားတဲ့ အတိုင်း လိုက်နာဖို့ ပျက်ကွက်ရတာကြောင့် လို့လည်း သိရပြီး ဘာဆာ ကတော့ ဒီဆုံးဖြတ်ချက် အတွက် နောက်ထပ် အယူခံဝင်သွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ 


ဘီလ်ဘာအိုနဲ့ ပွဲမှာ ခေါင်းပြုတ်သွားနိုင်တဲ့ ပုံစံနဲ့ ဘောလုံး ဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဂါဗီ

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ပေါ်တို
အင်တာမီလန်
1X2 သရေ (Draw) @ 3.10
ဂိုးပေါ် 2.25 @ 1.90
ဂိုးပေါင်း 4-6 @ 4.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီဟာ မနေ့ညက ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ပွဲမှာ ကြောက်မက်ဖွယ် ကောင်းတဲ့ ဖျက်ထုတ်မှုကို သတ္တိရှိရှိနဲ့ လုပ်ဆောင်ခဲ့လို့ အားလုံးရဲ့ ချီးကျူးမှုကို ရရှိနေပါတယ်။ ပွဲချိန် အတွင်း သူဟာ ပြိုင်ဘက် အသင်း တိုက်စစ်ဆင်ခွင့် မရအောင် ဘောလုံးကို အရယူဖို့ ကြိုးစားရင်း ခေါင်းနဲ့ လျှောထိုးကာ ဖျက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဂါဗီက ဘာဆာရဲ့ အဓိကကစားသမား တစ်ဦး ဖြစ်ပြီး ဇာဗီ ဘယ်လိုမှ လက်မလွှတ်နိုင်သူ အဖြစ် နဲ့ပါ ရှိနေခဲ့တာပါ။ သူ့ရဲ့ အသင်း အတွက် ပေးဆပ်ကစားပုံကို အသင်းခေါင်းဆောင်ဟောင်း ပူယိုးလ် ကပါ တွစ်တာမှာ သူ့နာမည်ကို ရေးသားကာ လက်ခုပ်တီးပြီး ချီးကျူးခဲ့ရပါတယ်။

ဘီလ်ဘာအို ကွင်းလယ်လူ ဒန်နီ ဂါစီယာက ဘောလုံးကို တိုက်စစ်ဆီ ပေးပို့မယ့် အချိန်မှာ ဂါဗီက ရပ်တန့်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး သူဟာ ဘောလုံးကို ခေါင်းနဲ့ လျှောထိုးပြီးတော့ ဝင်ဖျက်ခဲ့တာပါ။ ဘောလုံးရယူနိုင်ဖို့ အတွက် ကြိုးစားနေရင်း ကုန်းကုန်းကွကွ ဖြစ်နေချိန်မှာ ဂါဗီက လုံး၀ နောက်မဆုတ်ခဲ့ဘဲ ခေါင်းနဲ့ ရှင်းထုတ်ဖို့ လုပ်ခဲ့သလို ဘီလ်ဘာအို ကစားသမား ကလည်း အရှိန်နဲ့ ဝင်ရောက်လာတာ ဖြစ်လို့ ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘဲ သူတို့နှစ်ဦးသား တိုက်မိခဲ့ရာမှာ ကံကောင်းလို့သာ ခေါင်းကို ဖြတ်မကန်မိခဲ့တာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်