နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်နဲ့ ပွဲကို လွဲချော်မယ့် လစ်ဗာပူးလ်ရဲ့ အဓိက ကွင်းလယ်လူ ၂ ဦး၊ ရီးရဲလ် ကြယ်ပွင့်ကို ကြောက်စရာ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားတဲ့ ဖာဘင်ဟို (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်မက်ဒရစ်နဲ့ ပွဲကို လွဲချော်မယ့် လစ်ဗာပူးလ်ရဲ့ အဓိက ကွင်းလယ်လူ ၂ ဦး၊ ရီးရဲလ် ကြယ်ပွင့်ကို ကြောက်စရာ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားတဲ့ ဖာဘင်ဟို စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်နဲ့ ပွဲကို လွဲချော်မယ့် လစ်ဗာပူးလ်ရဲ့ အဓိက ကွင်းလယ်လူ ၂ ဦး

ဒီနေ့ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ လစ်ဗာပူးလ် အတွက် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ လွဲချော်မယ့် အပြင် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်နဲ့ စတီဖန် ဘာဆီတစ်တို့ လွဲချော်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါဟာ ကွာတားဖိုင်နယ် အဆင့်ကို ခြေတဖက် လှမ်းထားပြီး ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အတွက်တော့ သတင်းကောင်းလို့ ဆိုရမှာပါ။ ပထမအကျော့တုန်းက အန်ဖီးလ်မှာ လာလီဂါ ထိပ်သီး တို့က ၅-၂ နဲ့ အနိုင်ရရှိခဲ့လို့ အိမ်ကွင်းမှာ ပြန်ကစားရမယ့် ပွဲကို အသာစီးနဲ့ ကစားရမယ့် အခြေအနေမှာ ပြိုင်ဘက် အသင်းက အဓိက ကစားသမား တချို့ လွဲချော်နေမှာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီ ကတော့ ဒီပွဲကို ဂရုစိုက် ကစားသွားမယ်လို့ ပြောဆိုထားပြီး ပထမအကျော့ ရလဒ်က စိတ်ချလက်ချနေလို့ မရသေးဘူးလို့ သတိပေးထားပါတယ်။ လစ်ဗာပူးလ် ကလည်း အဝေးကွင်းမှာ ဂိုးတွေ ရသလောက် သွင်းဖို့ကို အားထုတ်လာမှာ ဖြစ်လို့ ဒိပွဲက စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


ဗင်နီးစီးယပ်စ်က ကြောက်စရာ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားတဲ့ ဖာဘင်ဟို

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာက ကမ္ဘာပေါ်မှာ ပွဲကို အဆုံးအဖြတ် ပေးနိုင်စွမ်း အရှိဆုံး ကစားသမားလို့ လစ်ဗာပူးလ် ကွင်းလယ်လူ ဖာဘင်ဟိုက ချီးကျူးလိုက်ပါတယ်။
ဗင်နီးစီးယပ်စ်ဟာ ကမ္ဘာပေါ်မှာ ပွဲကို အဆုံးအဖြတ် အပေးနိုင်ဆုံး ကစားသမားလို့ ဆိုလိုက်တဲ့ ဖာဘင်ဟို

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာက ကမ္ဘာပေါ်မှာ ပွဲကို အဆုံးအဖြတ် ပေးနိုင်စွမ်း အရှိဆုံး ကစားသမားလို့ လစ်ဗာပူးလ် ကွင်းလယ်လူ ဖာဘင်ဟိုက ချီးကျူးလိုက်ပါတယ်။ သူတို့ နှစ်ဦးဟာ ဘရာဇီးလ် လက်ရွေးစင် အသင်း မှာလည်း အသင်းဖော်တွေ ဖြစ်ပါတယ်။

ဖာဘင်ဟိုက “ ဗင်နီးစီးယပ်စ်က အရမ်းကောင်းတဲ့ ပုံစံ ရနေပါတယ်၊ ပြီးခဲ့တဲ့ ရာသီက စပြီး သူက မက်ဒရစ်ရဲ့ အရေးကြီးဆုံး ကစားသမား ဖြစ်နေခဲ့တာပါ၊ ပထမအကျော့တုန်း ကလည်း သူက ကမ္ဘာပေါ်မှာ အဆုံးအဖြတ် ပေးနိုင်စွမ်း အရှိဆုံး ကစားသမား ဘာကြောင့် ဖြစ်နေရသလဲ ဆိုတာ မြင့်မားတဲ့ အဆင့်နဲ့ သက်သေပြသခဲ့ပါတယ်”

“ အန်ဖီးလ်မှာ သူ့ရဲ့ ပထမဂိုးက အဲဒီလို အနေအထား ကနေ သွင်းယူခဲ့တာပါ၊ သူ့ကို ကျနော်တို့ ရပ်တန့်ပစ်ဖို့ လိုပါတယ်၊ လွယ်တော့ မလွယ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူက အမြဲတမ်း နေရာလွတ်တွေ ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက အကျဆုံး ကစားသမား ဆိုတာ ကျနော်တို့ သိထားပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။


ဂါဗီကို ခေါ်ယူဖို့ အင်္ဂလန် ကလပ် နှစ်ခုက အပြိုင် စိတ်ဝင်စားနေ

ဘာစီလိုနာ စီနီယာ အသင်းကြီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့ ကွင်းလယ်လူ ဂါဗီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် နှစ်ခုက စိတ်ဝင်စားနေပါတယ်။ ဂါဗီဟာ ဘာစီလိုနာနဲ့ လူငယ် စာချုပ်သာ ချုပ်ဆိုထားတာ ဖြစ်ပြီး ၂၀၂၆ အထိ ရှိနေမယ့် စာချုပ်သစ် ချုပ်ခဲ့ပေမယ့် စပိန် တရားရုံးက ပယ်ချထားခဲ့ပါတယ်။

ဒါကြောင့် သူဟာ ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူလို့ ရမယ့် ကစားသမား တစ်ဦး ဖြစ်လာနိုင်ပြီး ဘယ်အသင်းက မဆို ချဉ်းကပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာက ဒီဆုံးဖြတ်ချက်ကို အယူခံ ဝင်သွားမယ်လို့ ပြောဆိုထားပေမယ့် ကစားသမားကို ဆက်သွယ် ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ ကြားဝင် ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။

ဂါဗီကို မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ် တို့က စိတ်ဝင်စားနေတယ်လို့ သိရပြီး နွေရာသီမှာ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ဘာစီလိုနာ မှာပဲ ဆက်ကစားချင်နေပေမယ့် ကလပ်ရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ စည်းကမ်း လိုက်နာမှု အားနည်းချက်တွေကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့က အာမခံချက် မရှိ ဖြစ်နေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်