နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးနဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖို့ ရှိနေတဲ့ ကန်ဆယ်လို၊ ဘေယန် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ ကြိုးစားလာတဲ့ လစ်ဗာပူးလ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

မန်စီးတီးနဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖို့ ရှိနေတဲ့ ကန်ဆယ်လို၊ ဘေယန် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ ကြိုးစားလာတဲ့ လစ်ဗာပူးလ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၈ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီးနဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖို့ ရှိနေတဲ့ ကန်ဆယ်လို

မန်ချက်စတာစီးတီး ကနေ ဘေယန်မြူးနစ်ကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ယာအို ကန်ဆယ်လိုဟာ မိခင် ကလပ်နဲ့ ပြန်လည် ထိပ်တိုက် တွေ့ဆုံရမယ့် ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိနေပါတယ်။ 

အဆိုပါ ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကမှ ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံအသင်းထံ ရာသီဝက် အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ရာသီကုန်ချိန် မှာလည်း ဘေယန်မြူးနစ်က သူ့ကို အပြီးသတ် ခေါ်ယူခွင့် ရှိနေပါတယ်။ 

ကျင်းပ ပြီးစီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲ ပွဲမှာတော့ ဘေယန်မြူးနစ်က မန်စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး ကန်ဆယ်လို အနေနဲ့ အဆိုပါ ပွဲမှာ ဘေယန်မြူးနစ် အတွက် ကစားခွင့် ရဖို့ ရှိနေပါတယ်။ 

အကြောင်းရင်း ကတော့ ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ကတည်းက တူညီတဲ့ ပြိုင်ပွဲ တစ်ခုမှာ ကစားသမား တစ်ယောက် အနေနဲ့ အသင်း နှစ်သင်းကို ကိုယ်စားပြုပြီး ပြန်လည် ရင်ဆိုင်ခွင့် ပြုထားတာကြောင့် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း အနေနဲ့ ကန်ဆယ်လိုကို မန်စီးတီးနဲ့ ပွဲမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့ ရှိနေပါတယ်။ 


လက်မှတ် မရောင်းလို့ နေပယ်လ်မှာ ပြဿနာ ရှာခဲ့တာလို့ ဖြေရှင်းလိုက်တဲ့ ဖရန့်ဖတ် ပရိသတ်များ

ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်နဲ့ နာပိုလီ တို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ အဝေးကွင်း ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေဟာ အီတလီ အာဏာပိုင်တွေ အနေနဲ့ ဂျာမန် ပရိသတ်တွေကို လက်မှတ် မရောင်းချတာကြောင့်လို့ ပြစ်တင်လိုက်ပါတယ်။ 

နာပိုလီက ဖရန့်ဖတ်ကို (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲ မတိုင်ခင် နေပယ်လ် မြို့လယ်ခေါင်မှာ ဖရန့်ဖတ် ပရိသတ်တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ ပြဿနာတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ဖရန့်ဖတ် ပရိသတ်တွေက ရဲတွေကို အရာဝတ္ထုမျိုးစုံနဲ့ တိုက်ခိုက်ခဲ့ကြသလို ရဲကားတစ်စီး အပါအဝင် လမ်းပေါ် ရပ်ထားတဲ့ ကားတွေ ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။ 

ဒီပွဲမတိုင်ခင် ကတည်းက နာပိုလီနဲ့ ကစားမယ့် အဝေးကွင်းပွဲ အတွက် ဖရန့်ဖတ် ပရိသတ်တွေ လက်မှတ် ဝယ်ယူခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် ဖရန့်ဖတ် ပရိသတ်တွေက အီတလီနိုင်ငံ အထိ သွားရောက် ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြစ်တင် ဝေဖန်နေတာကြောင့် ဂျာမန် ပရိသတ်တွေ ဘက်က အခုလိုမျိုး တုံ့ပြန် ဖြေရှင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ 

ဘေယန် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ ကြိုးစားလာတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် အသင်းဟာ ဘေယန်မြူးနစ် ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘာ့ချ်ကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ကြောင်း သိရပါတယ်။ 

လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ ယိုယွင်းနေတဲ့ ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အား ဖြည့်တင်းရမှာ ဖြစ်ပြီး ဒီအတွက် အခုချိန်ကတည်းက ပစ်မှတ်တွေကို သတ်မှတ် ကြိုးစားနေတာပါ။ 

ဂရာဗင်ဘာ့ချ်ဟာ ဘေယန်မြူးနစ်နဲ့ ပထမဆုံး ဘွန်ဒက်စ်လီဂါ ရာသီကို ဖြတ်သန်းနေတာ ဖြစ်ပေမယ့် ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အသက် (၂၀) အရွယ် အဆိုပါ ကစားသမားဟာ ဘေယန်မြူးနစ် အတွက် (၄) ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပြီး လစ်ဗာပူးလ် ကတော့ ဒီအနေအထားကို အခွင့်အရေးယူကာ အဆိုပါ နယ်သာလန်သားကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်