နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကန်ဆယ်လိုကို မန်စီးတီး ပြန်ပို့ဖို့ သေချာသွားတဲ့ ဘေယန်မြူးနစ်၊ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတဲ့ ရီးရဲလ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ကန်ဆယ်လိုကို မန်စီးတီး ပြန်ပို့ဖို့ သေချာသွားတဲ့ ဘေယန်မြူးနစ်၊ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတဲ့ ရီးရဲလ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ ညနေခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရာသီကုန်မှာ ကန်ဆယ်လိုကို မန်စီးတီး ပြန်ပို့ဖို့ သေချာသွားတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာ ယာအို ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ဘဲ မန်ချက်စတာစီးတီးထံ ပြန်ပို့ဖို့ ဆုံးဖြတ်ပြီးသွားပြီး ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကန်ဆယ်လိုကို ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံတို့ (၆) လ အငှား စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ရာသီကုန်မှာ ပေါင်သန်း (၆၀) နဲ့ အပြီးသတ် ခေါ်ယူခွင့်ပါ တစ်ပါတည်း ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကန်ဆယ်လိုကို ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံတို့ (၆) လ အငှား စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ရာသီကုန်မှာ ပေါင်သန်း (၆၀) နဲ့ အပြီးသတ် ခေါ်ယူခွင့်ပါ တစ်ပါတည်း ရရှိခဲ့ပါတယ်။
ရာသီကုန်မှာ မန်စီးတီးကို ပြန်ရဖို့ များနေတဲ့ ကန်ဆယ်လို့

ကန်ဆယ်လိုက ကနဦး မှာတော့ ဘေယန်မြူးနစ် အတွက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်း ပွဲစဥ်တွေ မှာတော့ နည်းစနစ်ပိုင်း အကြောင်းပြချက်နဲ့ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ လူစာရင်း ကနေ မကြာခဏ ချန်လှပ်ခံနေရပါတယ်။

ဘေယန်မြူးနစ် တာဝန်ရှိသူတွေ အနေနဲ့ ကန်ဆယ်လိုကို ခေါ်ယူသင့်၊ မခေါ်ယူသင့် ဒီကြားထဲမှာ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဘေယန်မြူးနစ်ဟာ ကန်ဆယ်လို အတွက် အပြီးသတ် ပြောင်းရွှေ့ကြေးကို ပေးချေသွားမှာ မဟုတ်ဘဲ မန်စီးတီးထံ ပြန်လည် ပို့ဆောင်သွားလိမ့်မယ်လို့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။


လေယာဥ်ပေါ်မှာတောင် ကိုအာန်ကျမ်း ဖတ်နေခဲ့တဲ့ မာနေး

ဘေယန်မြူးနစ် တိုက်စစ်ကစားသမား ဆာဒီယို မာနေးဟာ မနေ့ညက ကစားခဲ့တဲ့ လေဗာကူဆင်နဲ့ ပွဲမတိုင်ခင် အသင်းရဲ့ လေယာဥ်ပေါ်မှာ ကိုအာန်ကျမ်း ဖတ်ရှုနေခဲ့တဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါပုံ ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အသင်းဖော် သောမတ်စ် မူလာက ရိုက်ကူးခဲ့တာ ဖြစ်ပြီး မူလာက လက်မထောင်နေချိန်မှာ မာနေး ကတော့ လေယာဥ်ပေါ်မှာတင် အခုလိုမျိုး ဘာသာတရား ကိုင်းရှိုင်းနေခဲ့တာ ဖြစ်ပါတယ်။ မာနေးဟာ ဘာသာရေး အပေါ် အထူး ယုံကြည် သက်ဝင်သူ တစ်ယောက် ဖြစ်ပြီး အသင်း ချန်ပီယံ ဖြစ်ချိန်မှာတောင် ရှန်ပိန်နဲ့ အတူ အောင်ပွဲခံဖို့ ရှောင်လွှဲခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

လေဗာကူဆင်နဲ့ ပွဲ ကစားဖို့ ခရီးသွားရောက်ချိန် မှာလည်း မာနေးက အခုလိုမျိုးပဲ ကိုအာန်ကျမ်းကို ဖတ်ရှုနေခဲ့တာ ဖြစ်ပြီး မကြာခင် ရက်ပိုင်း အတွင်းမှာလည်း မွတ်ဆလင် ဘာသာဝင်တို့ အတွက် ရာမ်ဒန် ဥပုသ် ကာလကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
လိဒ် ယူနိုက်တက်
1X2 သရေ (Draw) @ 4.80
ဂိုးပေါင်း 2-3 @ 2.10
ဂိုးပေါ် 3.00 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အရာအားလုံး အဆင်သင့်ဖြစ်နေပြီး လာမယ့် နွေရာသီမှာ အပြီးသတ် ကမ်းလှမ်းဖို့သာ ကျန်ရှိ‌တော့ကြောင်း သိရှိရပါတယ်။

အသက် (၁၉) နှစ် အရွယ် အင်္ဂလန် ကြယ်ပွင့်ရဲ့ အေးဂျင့် ဖြစ်သူနဲ့ ရီးရဲလ်မက်ဒရစ် ကိုယ်စားလှယ်တို့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဂျာမနီနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး ကစားသမားနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း မှာတော့ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အရာအားလုံး အသင့်ပြင်လိုက်ပြီး နွေရာသီ အပြောင်းအရွှေ့ စတင်တာနဲ့ တစ်ပြိုင်နက် ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစားသွားတော့မှာပါ။ တစ်ဖက် မှာတော့ လစ်ဗာပူးလ်က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ လုံးဝ လက်လျှော့လိုက်ရပြီး အသင်းရဲ့ လက်ရှိ အနေအထားတွေက ဘယ်လင်ဟမ်ကို ဆွဲဆောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ဘောလုံး ဝေဖန် သုံးသပ်သူတွေက ယူဆနေကြပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်