နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတူးရဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ အိုဆင်ဟန်၊ အာဆင်နယ် ယူရိုပါလိဂ် ရမယ်လို့ ထင်ခဲ့တယ် ဆိုတဲ့ ဂျူဗင်တပ်စ် အကြီးအကဲ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အီတူးရဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ အိုဆင်ဟန်၊ အာဆင်နယ် ယူရိုပါလိဂ် ရမယ်လို့ ထင်ခဲ့တယ် ဆိုတဲ့ ဂျူဗင်တပ်စ် အကြီးအကဲ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ ညနေခင်းရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အီတူးရဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ အိုဆင်ဟန်

နာပိုလီရဲ့ တိုက်စစ် ကြယ်ပွင့် ဗစ်တာ အိုဆင်မ်ဟန်ဟာ တိုရီနိုကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အာဖရိက ကြယ်ပွင့် ဆမ်မြူရယ် အီတူးရဲ့ စီးရီးအေ ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရှိရပါတယ်။

အိုဆင်ဟန်ဟာ အဆိုပါ ပွဲမှာ အသင်း အတွက် နှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် ဒီရာသီ သူ့ရဲ့ စီးရီးအေ သွင်းဂိုးက (၂၁) ဂိုး အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ အီတူးရဲ့ စီးရီးအေမှာ တစ်ရာသီ အတွင်း အာဖရိကသား တစ်ဦးရဲ့ သွင်းဂိုး (၂၁) ဂိုး ရခဲ့တဲ့ စံချိန်နဲ့ တူညီသွားခဲ့တာ ဖြစ်ပြီး နိုင်ဂျီးရီးယား လက်ရွေးစင် အိုဆင်ဟန် အတွက် ဂုဏ်ယူစရာ သမိုင်းမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့တာပါ။

အိုဆင်ဟန်ဟာ လာမယ့် ပွဲတွေမှာ စီးရီးအေ တစ်ရာသီ အတွင်း ဂိုးသွင်း အများဆုံး အာဖရိကသား တစ်ယောက် အဖြစ် မှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေးလည်း ရှိနေပြီး စီးရီးအေရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆုကို ရရှိဖို့ အတွက်လည်း ရေပန်းစားလျက် ရှိပါတယ်။


စံချိန်တင် သွင်းဂိုး အတွက် ပျော်ရွှင်နေတဲ့ နတ်ဘုရားကြီး

အေစီမီလန် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ အူဒီးနီးစ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ အဝေးကွင်း ပွဲမှာ အသင်း အတွက် တစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် သူက စီးရီးအေ သမိုင်းတစ်လျှောက် ဂိုးသွင်းယူနိုင်တဲ့ အသက်အကြီးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
လိဒ် ယူနိုက်တက်
1X2 လိဒ် ယူနိုက်တက် @ 7.60
ဂိုးပေါ် 3.00 @ 1.93
ဂိုးပေါင်း 0-1 @ 4.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသက် (၄၁) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆွီဒင် လက်ရွေးစင် ကစားသမားကြီးဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒူးဒဏ်ရာ ပြဿနာကြောင့် ရုန်းကန်ခဲ့ရပေမယ့် စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ အေစီမီလန် အတွက် စိတ်ဓာတ် ခွန်အား ပေးစွမ်းနိုင်ခဲ့တဲ့ ကစားသမားပါ။ လက်ရှိ ရာသီ မှာတော့ သူက ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပြီး အသင်းနဲ့ နောက်ဆုံး (၄) ပွဲ ဆက်တိုက် ပါဝင် ကစားနိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က ကျွန်တော့် အနေနဲ့ ဒီစံချိန်ကို လိုချင်ရုံတင် မဟုတ်ဘဲ ဆက်လက် ထိန်းသိမ်းလိုကြောင်း၊ ဒီလိုမျိုး ထိပ်တန်း အသင်းရဲ့ သမိုင်း တစ်ခု ဖြစ်ခွင့် ရတဲ့ အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ ဒါက သူ့ အတွက် အများကြီး အဓိပ္ပာယ်ရှိကြောင်း၊ အသင်း အတွက် (၁၄) လလောက် မကစားနိုင်ချိန်မှာ အကောင်းဆုံး ပုံစံ ရှိနေဖို့က အရေးကြီးကြောင်း၊ လက်ရှိအချိန် အထိ ကစားနိုင်စွမ်း ရှိပြီး ဒါကို သံသယ ဖြစ်စရာ မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။


အာဆင်နယ် ယူရိုပါလိဂ် ရမယ်လို့လို့ ထင်ခဲ့ကြောင်း ပြောဆိုလိုက်တဲ့ ဂျူဗင်တပ်စ် အကြီးအကဲ

ဂျူဗင်တပ်စ်ရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ အရာရှိချုပ် ဂီယန်လူကာ ပက်ဆက်တိုက အာဆင်နယ်တို့ ဒီရာသီမှာ ယူရိုပါလိဂ် ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ ထင်မြင် ယူဆခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားရမယ့် ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စု အဆင့် (၃) နေရာသာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပြီး လက်ရှိအချိန် မှာတော့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပါပြီ။ အာဆင်နယ် ကတော့ ရှုံးထွက် (၁၆) သင်းအဆင့်မှာ ပေါ်တူဂီ ကလပ် စပို့တင်းလစ္စဘွန်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ယူရိုပါလိဂ် ကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။

ပက်ဆက်တိုက အာဆင်နယ်ကို ယူရိုပါလိဂ် ဖလား ရဖို့ ရေပန်းအစားဆုံးလို့ ထင်မြင်ခဲ့ကြောင်း၊ ဒါပေမယ့် စပို့တင်း ကလည်း ယူရိုပါလိဂ်မှာ ပုံစံကောင်း ပြခဲ့ကြောင်း၊ ကျွန်တော် တို့သာ စပို့တင်းကို နိုင်ခဲ့ရင် ယူနိုက်တက် ဒါမှမဟုတ် ဆီဗီလာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ကျွန်တော် တို့က ဂျူဗင်တပ်စ် ဖြစ်ပြီး အခြား အသင်းတွေက စိုးရိမ်နေရမှာ ဖြစ်ကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့က ပြိုင်ဘက်ကောင်း ဖြစ်တာကြောင့်ပါ ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်