နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အော်ဘာမီယန်းကို စာချုပ် ဖျက်သိမ်းမယ့် ချဲလ်ဆီး၊ ဂါဗီ အတွက် အယူဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

အော်ဘာမီယန်းကို စာချုပ် ဖျက်သိမ်းမယ့် ချဲလ်ဆီး၊ ဂါဗီ အတွက် အယူဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၃ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာနဲ့ အောင်ပွဲခံခဲ့တဲ့ အော်ဘာမီယန်းကို စာချုပ် ဖျက်သိမ်းမယ့် ချဲလ်ဆီး

ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဘာစီလိုနာနဲ့ အတူ အောင်ပွဲခံခဲ့တဲ့ အော်ဘာမီယန်းကို ချဲလ်ဆီးက စာချုပ်ဖျက်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အော်ဘာမီယန်းဟာ ဘာစီလိုနာတို့ နောက်ကျ သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ အယ်လ်ကလက်ဆီကို ပွဲကို သွားရောက် ကြည့်ရှုခဲ့ပြီး ပွဲအပြီး အဝတ်လဲခန်းမှာ အသင်းဟောင်းနဲ့ အတူ အောင်ပွဲခံနေခဲ့တာ ဖြစ်ပါတယ်

ဘန်ဒက် လီဂါ
‌ရှော်ကေး
လေဗာကူဆင်
1X2 သရေ @ 3.50
လေဗာကူဆင် ဟန်းဒီးကပ် -0.50 @ 1.9
ဂိုးအောက် 2.50 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အော်ဘာမီယန်းဟာ စပိန်ကို လာရောက်ချိန်မှာ လာပေါ်တာနဲ့ တိုက်ရိုက် ဆက်သွယ်ခဲ့ခြင်း မရှိပေမယ့် ရာသီဝက် ကတည်းက သူဟာ ဘာစီလိုနာ အသင်းထံ ပြန်လာချင်နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ လစာ ဖြတ်တောက်ခံရပြီးတောင် ပြန်လာချင်နေတယ်လို့ သိရတာပါ။ အော်ဘာမီယန်းဟာ လက်တလော ချဲလ်ဆီးမှာ ကစားခွင့် ပျောက်ဆုံးနေတာကြောင့် လန်ဒန် ကလပ် ဘက်ကလည်း သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို စောစောစီးစီး ဖျက်သိမ်းပြီး ဘာစီလိုနာ အသင်းထံ ပြန်သွားနိုင်ဖို့ အတွက် ချိတ်ဆက်ခွင့် ပေးထားတယ် လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အော်ဘာမီယန်းကို ခေါ်ယူခဲ့တဲ့ နည်းပြ သောမတ် တူချယ်လ်ဟာ သူ့ကို ခေါ်ယူပြီး ရက်ပိုင်း အကြာမှာ ထုတ်ပယ်ခံရပြီးနောက် ဂါဘွန်း လက်ရွေးစင်ဟာ ချဲလ်ဆီးမှာ အဆင်မပြေတော့တာပါ။ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် မှာတော့ အော်ဘာမီယန်းဟာ ပွဲကစားခွင့် ရဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ် လူစာရင်း ကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ အော်ဘာမီယန်းဟာ လာလီဂါ ကလပ် မှာတုန်းက ၂၃ ပွဲ ကစားပြီး ၁၃ ဂိုး အထိ သွင်းယူထားတာကြောင့် အာဆင်နယ် ကစားသမားဟောင်း အနေနဲ့ အသင်းကို ပြန်သွားရင် ဘာဆာ ဘက်က ကြိုဆိုဖို့ ရှိနေပါတယ်။


ဂါဗီ အတွက် အယူဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ကွင်းလယ်လူ ပါဘလို ဂါဗီရဲ့ စာချုပ်သစ် ကိစ္စ အတွက် အယူခံဝင်ထားပေမယ့် ပယ်ချခံလိုက်ရပါတယ်။ ဘာစီလိုနာက ဂါဗီကို ၂၀၂၆ အထိ စာချုပ်သစ် ချုပ်ဆိုထားတာ ဖြစ်ပြီး အသင်းကြီး လူစာရင်းမှာ ထည့်သွင်းဖို့ ကြိုးပမ်းမှုက ဘဏ္ဍာရေး ပြသနာတွေကြောင့် နှောင့်နှေးနေခဲ့ရတာ ဖြစ်ပါတယ်။ 

အသင်းနဲ့ ကစားသမား အကြားက စာချုပ်ကို စပိန် တရားရုံးက ပယ်ချခဲ့ပြီး အခု ဆိုရင် ဂါဗီက အသင်းကြီးမှာ စာရင်းသွင်းထားတဲ့သူ မဟုတ်တော့တာကြောင့် ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့် ပေးရမယ့် အနေအထား ဖြစ်သွားပါတယ်။ ဂါဗီကို စာချုပ်သစ်ချုပ်ချင်တယ် ဆိုရင် ဘာဆာ အနေနဲ့ အခြား ကစားသမားတွေကို လစာ လျှော့ယူဖို့ တောင်းဆိုရတော့မှာလည်း ဖြစ်ပါတယ်။ 

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ကွင်းလယ်လူ ပါဘလို ဂါဗီရဲ့ စာချုပ်သစ် ကိစ္စ အတွက် အယူခံဝင်ထားပေမယ့် ပယ်ချခံလိုက်ရပါတယ်။
ဂါဗီကို လူငယ်စာချုပ်ပဲ ချုပ်လို့ ရတော့မယ့် ဘာစီလိုနာ

ဘာဆာက သူ့ကို လူငယ် စာချုပ်ပဲ ချုပ်ဆိုလို့ ရမှာ ဖြစ်ပြီး ဥရောပ ပြိုင်ဘက် အသင်းတွေက အလွယ်တကူပဲ ခေါ်ယူနိုင်တဲ့ အခွင့်အရေးကို ရရှိတော့မှာပါ။ ဂါဗီ ကတော့ ဘာစီလိုနာ မှာပဲ ဆက်ကစားချင်တယ် ဆိုတာ သံသယဖြစ်စရာ မရှိပေမယ့်လည်း လူငယ် စာချုပ်ပဲ ချုပ်ဆိုရမယ့် အနေအထား ကတော့ သူ့ရဲ့ ကစားသမား ဘ၀ကို ထိခိုက်လာဖွယ်ရှိလို့ အသင်းပြောင်းဖို့လည်း ရွေးချယ်နိုင်ချေ ရှိပါတယ်။ 


ဟာဇက်က သနားစရာ မဟုတ်ဘူး ဆိုတဲ့ တိုနီ ခရူးစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်က အသင်းဖော် အီဒင် ဟာဇက်လို ကစားသမားတွေက ဘာမှ သနားစရာ မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဟာဇက် ကတော့ ၂၀၁၉ မှာ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းမပြနိုင်ဘဲ အရံခုံမှာသာ အချိန်ကုန်နေရတာ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း အသင်းနဲ့ လမ်းခွဲရဖို့ အထိ ရင်ဆိုင်နေရပြီး ကစားသမား ဘဝ အတွက် အနာဂတ်က မသေမချာ ဖြစ်နေပါတယ်။ 

တိုနီ ခရူးစ်က “ အခု ဟာဇက် ရင်ဆိုင်နေရတာတွေ အတွက် ကျနော့်မှာ သနားမှု မရှိဘူး၊ သူက ဆိုးရွားတဲ့ ဘ၀ တစ်ခုကို ပိုင်ဆိုင်နေတာမှ မဟုတ်တာ ဒါမှမဟုတ် ဆိုးရွားတဲ့ အချိန် တစ်ခုကို ပိုင်ဆိုင်နေတာ မဟုတ်ဘူးလေ၊ ဘောလုံးသမား မဟုတ်ဘဲ ဒုက္ခရောက်နေတဲ့ လူတွေ အတွက်တော့ ကျနော် ကိုယ်ချင်းစာပါတယ်၊ ဘောလုံး လောကထဲမှာ ဘယ်သူမှ သနားစရာ ကောင်းတာမျိုး မရှိပါဘူး”

“ ဟာဇက်ကို ကျနော် ကောင်းကောင်း သိပါတယ်၊ ဒါပေမယ့် အရမ်းကို ဆိုးရွားနေတဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့ သူတွေ ကိုပဲ ကျနော် သနားမိတယ်၊ အဲဒီထဲမှာ ဟာဇက်လို ကစားသမားတွေ မပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဟာဇက်က ဒီရာသီ လာလီဂါမှာ ၁၀၂ မိနစ်သာ ကစားပေးထားပြီး ဇန်နဝါရီလတုန်းက သူ့ရဲ့ နောက်ဆုံး ပွဲကို ကစားပေးထားရတာ ဖြစ်ပါတယ်။ လက်ကျန် ရာသီ မှာလည်း သူ ဝင်ကစားခွင့် ရဖို့ အတွက် အာမခံချက် မရှိ ဖြစ်နေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်