နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့လို့ နောင်တမရဘူး ဆိုတဲ့ ဂိုဆန်စ်၊ စီးရီးအေကို ပြန်လာနိုင်ဖွယ် ရှိကြောင်း ဗာရက်တီ အရိပ်အမြွက်ပြော (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့လို့ နောင်တမရဘူး ဆိုတဲ့ ဂိုဆန်စ်၊ စီးရီးအေကို ပြန်လာနိုင်ဖွယ် ရှိကြောင်း ဗာရက်တီ အရိပ်အမြွက်ပြော စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၄ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့လို့ နောင်တမရဘူး ဆိုတဲ့ ဂိုဆန်စ်

ဂျာမန် လက်ရွေးစင် ရိုဘင် ဂိုဆန်စ်က အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တဲ့ အပေါ် နောင်တမရမိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

စီးရီးအေ
အင်တာမီလန်
ဖီအိုရင်တီးနား
1X2 ဖီအိုရင်တီးနား 4.80
ဖီအိုရင်တီးနား အာရှ ဟန်းဒီးကပ် +0.75 @ 2.02
ဂိုးပေါ် 2.50 @ 1.86
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂိုဆန်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးရီးအေမှာ အတ္တလန္တာနဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လက်ရှိရာသီ မှာတော့ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဂိုဆန်စ်က ကျွန်တော့်ရဲ့ ဒဏ်ရာကို အထင်သေးခဲ့မိကြောင်း၊ ကျွန်တော်က ကြံ့ခိုင်မှုပိုင်းကို တော်တော်လေး မှီခိုရတဲ့ ကစားသမား ဖြစ်ကြောင်း၊ အရင်က ပုံစံမျိုးကို ပြန်မရနိုင်သေးဘဲ ကွင်းထဲမှာ ကြာကြာ မရှိနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။

အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်းမှာ ကစားနေခြင်း ဖြစ်ကြောင်းနဲ့ ဒီအသင်းကို ပြောင်းရွှေ့ခဲ့လို့လည်း နောင်တ မရမိကြောင်း ဂိုဆန်စ်က ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။


စီးရီးအေကို ပြန်လာနိုင်ဖွယ် ရှိကြောင်း ဗာရက်တီ အရိပ်အမြွက်ပြော

အီတလီနဲ့ ပီအက်စ်ဂျီ ကွင်းလယ်လူ မာကို ဗာရက်တီက အနာဂတ်မှာ စီးရီးအေကို ပြန်ရောက်လာနိုင်ချေနဲ့ ပတ်သက်လို့ အရိပ်အမြွက် ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဗာရက်တီဟာ ပီအက်စ်ဂျီ မှာသာ ကာလရှည် ကစားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး သူ့ကို ဥရောပ ထိပ်တန်း အသင်းကြီးတွေက ပစ်မှတ်ထားခဲ့သည့် တိုင်အောင် ပြင်သစ်မြေ မှာပဲ ရှိနေခဲ့သူပါ။ လက်ရှိအချိန်ထိလည်း ပီအက်စ်ဂျီ ကွင်းလယ် အတွက် အားကိုးရတဲ့ ကစားသမား တစ်ယောက် ဖြစ်နေပြီး အသက်အရွယ် ရလာချိန် မှာတော့ ပီအက်စ်ဂျီရဲ့ ထုံးစံအရ အစားထိုးခံရဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။

အီတလီနဲ့ ပီအက်စ်ဂျီ ကွင်းလယ်လူ မာကို ဗာရက်တီက အနာဂတ်မှာ စီးရီးအေကို ပြန်ရောက်လာနိုင်ချေနဲ့ ပတ်သက်လို့ အရိပ်အမြွက် ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီ မှာပဲ သစ္စာရှိစွာ ကစားပေးနေတဲ့ မာကို ဗာရက်တီ

ဗာရက်တီက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ကျွန်တော့် အနေနဲ့ အမြဲတမ်း အနိုင်ရလိုကြောင်း၊ ဒါပေမယ့် ဒါမျိုး ကလည်း အမြဲတမ်း ဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ကြောင်း၊ အချိန် အကြာကြီး ဆက်ကစားပြီး အောင်မြင်မှု ရလိုကြောင်း၊ အီတလီကို ပြန်ဖြစ်၊ မပြန်ဖြစ်က အနာဂတ်မှာ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ကစားသမားသစ် သုံးဦး ထပ်ခေါ်ချင်နေတဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ အသင်း အတွက် ကစားသမားသစ် သုံးဦး အထိ ထပ်မံ ခေါ်ယူလိုနေကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

အဆိုပါ စီးရီးအေ ကလပ်ဟာ ဘဏ္ဍာရေးအရ အကြပ်အတည်း ဖြစ်နေပေမယ့် မော်ရင်ဟို ကတော့ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အသင်း တာဝန်ရှိသူတွေကို မကြာခဏ အသိပေးနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း ဘေယန်မြူးနစ် အရံခုံတန်းက ကစားသမား တစ်ဦးကို လိုချင်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

လက်ရှိအချိန် မှာတော့ မော်ရင်ဟိုက အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ နေရာမှာ အစားထိုးဖို့ အပါအဝင် ကစားသမားသစ် သုံးဦး အထိ ထပ်မံ အလိုရှိနေတာ ဖြစ်ပါတယ်။ မော်ရင်ဟို အနေနဲ့ သူ့စိတ်ကြိုက် ထပ်မံ အင်အား မဖြည့်တင်းနိုင်ရင်တော့ ရိုးမား ကနေ ထွက်ခွာသွားနိုင်ပြီး သူ့ရဲ့ စာချုပ် သက်တမ်း ကတော့ လာမယ့် ၂၀၂၄ အထိ ကျန်ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်