ရင်ဆိုင်ခဲ့ဖူးသူတွေထဲမှာ မက်ဆီက အခက်ခဲဆုံးပဲလို့ ဝန်ခံခဲ့တဲ့ မာဆယ်လို၊ အန်ဆု ဖာတီ ထွက်ခွာမယ့် သတင်းတွေကို ငြင်းဆန်လိုက်တဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၈ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရင်ဆိုင်ခဲ့ဖူးသူတွေထဲမှာ မက်ဆီက အခက်ခဲဆုံးပဲလို့ ဝန်ခံခဲ့တဲ့ မာဆယ်လို
ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း မာဆယ်လိုက သူ ရင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်တွေ ထဲမှာ လီယွန်နယ် မက်ဆီက ထိန်းချုပ်ရ အခက်ဆုံး ကစားသမားလို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။ သူတို့ နှစ်ဦးက လာလီဂါ ထိပ်သီး ကလပ် နှစ်ခု ထိပ်တိုက်တွေ့ဆုံတဲ့ အယ်လ်ကလက်စီကို ပွဲစဉ်တွေမှာ မကြာခဏ ဆိုသလို ရင်ဆိုင်ခဲ့ရသူတွေလည်း ဖြစ်ပါတယ်။
မာဆယ်လိုက “ မက်ဆီက တကယ်ကို အံ့မခန်း ထူးချွန်ပါတယ်၊ ကျနော် ရင်ဆိုင်ဖူးသမျှမှာ အခက်ခဲဆုံး ပြိုင်ဘက်ပါ၊ သူ့အရည်အသွေးကို အားလုံးက သိကြပါတယ်။ အခု သူ့ အသက် ၃၅ နှစ် မှာလည်း သူက အရင်လိုပဲ လုပ်ပြနေတုန်းပါ၊ အယ်လ်ကလက်စီကိုက ကမ္ဘာ့အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်ပြီး ကျနော် ဝင်ကစားခွင့်ရခဲ့တာကိုက ကံကောင်းပါတယ်၊ ဒါပေမယ့် မက်ဆီ တစ်ဦးတည်းတော့ မဟုတ်ပါဘူး၊ တခြားကစားသမားတွေလည်း ကောင်းမွန်ခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
သူတို့ နှစ်ဦးဟာ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ အတွက်လည်း ကစားပေးရင်း ထိပ်တိုက် တွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ မာဆယ်လိုက ဘရာဇီးလ်မှာ ပြန်ကစားနေပြီ ဖြစ်သလို မက်ဆီ ကလည်း ပြင်သစ် ကလပ် ပီအက်စ်ဂျီမှာ ကစားနေပြီ ဖြစ်ပါတယ်။
အန်ဆု ဖာတီ ထွက်ခွာမယ့် သတင်းတွေကို ငြင်းဆန်လိုက်တဲ့ ဘာစီလိုနာ
အသင်းကနေ အန်ဆု ဖာတီ ထွက်ခွာမယ် ဆိုတဲ့ သတင်းတွေကို ဘာစီလိုနာ ဘက်က ငြင်းဆန်လိုက်ပါတယ်။ ဇာဗီ လက်အောက်မှာ ပုံမှန် ကစားခွင့် ပျောက်ဆုံးနေတဲ့ ဖာတီဟာ စိတ်ပျက် လက်ပျက် ဖြစ်နေတယ်လို့ သိရပြီး ပွဲထွက်ခွင့် ရချင်နေပေမယ့် လီဝမ်ဒေါစကီး ရှိနေလို့ အရန် တိုက်စစ်မှူး အဖြစ်နဲ့သာ ရှိနေပါတယ်။
ဒါကြောင့် သူ အသင်း ကနေ ထွက်ခွာမယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ဘာစီလိုနာ ဘက်ကတော့ ဒါဟာ ကောလာဟလတွေသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့တာပါ။ လက်ရှိ မှာတော့ အသက် ၂၀ အရွယ် ဖာတီဟာ ဒူးဒဏ်ရာ ရရှိထားပြီး မတ်လထဲမှာ လာလီဂါ ပွဲစဉ် တစ်ပွဲတည်းသာ ကစားပေးထားနိုင်ခဲ့ပါတယ်။
သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေက စိုးရိမ်စရာ ကောင်းနေပြီး ပွဲများများ ကစားခွင့် မရဘူး ဆိုရင် ကစားသမား ဘ၀ကို ထိခိုက်လာမယ့် အပေါ် မှာလည်း ဘာစီလိုနာက စိတ်ပူနေပါတယ်။ ဇာဗီ ကတော့ သူ့ကစားသမားကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားမယ်လို့သာ ပြောဆိုထားပါတယ်။
ဂါဗီကို ဘယ်သူနဲ့မှ မလဲနိုင်ဘူး ဆိုတဲ့ စပိန် နည်းပြ
စပိန် နည်းပြသစ် လူး၀စ် ဒီလာ ဖျူအန်တီက သူ့အသင်းရဲ့ ကွင်းလယ်လူ ဂါဗီကို ဘယ်ကစားသမားနဲ့မှ မလဲလှယ်နိုင်ဘူးလို့ ချီးကျူးလိုက်ပါတယ်။ စပိန် အတွက်လည်း ခြေစွမ်းပြနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူဟာ ဖျူအန်တီရဲ့ အမာခံ ကစားသမား ဖြစ်နေပြီး ပုံမှန် ကစားခွင့် ရဖို့ သေချာသလောက် ရှိနေတာပါ။
အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဂါဗီနဲ့ ပတ်သက်ပြီး ဖျူအန်တီက “ သူက အရင်းအမြစ် အများကြီး ရှိတဲ့ ကစားသမား တစ်ဦးပါ၊ သူလက်ရှိ ကစားနေတဲ့ နေရာထက် အတွင်းကို နည်းနည်း ဝင်ကစားရင် ပိုကောင်းမယ် ထင်တယ်၊ သူ့မှာ ရင့်ကျက်တဲ့ အမြင် အားလုံး ရှိနေပြီး တချို့ အမူအကျင့်တွေကို သူ ထိန်းချုပ်နေတာ တွေ့ရပါတယ်၊ အဲဒါက သိပ်တော့ မကောင်းဘူး၊ အသင်း အတွက်လည်း အကျိုးကျေးဇူး နည်းပါတယ်”
“ တခါတလေမှာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ရပါတယ်၊ အချိန်ကြာလာတာနဲ့ အမျှ ဒီလို အခြေအနေတွေကို သူ ထိန်းချုပ်နိုင်ပေမယ့် သူ့မှာ ရှိနေတဲ့ ဆန္ဒနဲ့ တွန်းအားတွေကို တခြားသူတွေထက် ဂါဗီကို ပေးလိုက်ပါ၊ ဒါက အသင်း အတွက် အကျိုးရှိပါတယ်၊ သူ့ကို ဘယ်ကစားသမားနဲ့မှ မလဲလှယ်နိုင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.