နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီးယက်ဇ်ကို အပြီးသတ် ခေါ်ယူဖို့ ရီးရဲလ်နဲ့ ဆွေးနွေးနေတဲ့ အေစီမီလန်၊ ဘာစီလိုနာရဲ့ ပစ်မှတ်ကို ရောင်းထုတ်တော့မယ့် ဖီအိုရင်တီးနား (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဒီးယက်ဇ်ကို အပြီးသတ် ခေါ်ယူဖို့ ရီးရဲလ်နဲ့ ဆွေးနွေးနေတဲ့ အေစီမီလန်၊ ဘာစီလိုနာရဲ့ ပစ်မှတ်ကို ရောင်းထုတ်တော့မယ့် ဖီအိုရင်တီးနား စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၉ ရက်နေ့ရဲ့ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီးယက်ဇ်ကို အပြီးသတ် ခေါ်ယူဖို့ ရီးရဲလ်နဲ့ ဆွေးနွေးနေတဲ့ အေစီမီလန်

အေစီမီလန် အားကစား ဒါရိုက်တာ ဖရက်ဒရစ် မာဆာရာက ကွင်းလယ်လူ ဘရာဟင်မ် ဒီးယက်ဇ်ကို အပြီးသတ် ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးလျက် ရှိကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဒီးယက်ဇ်ဟာ ပြီးခဲ့တဲ့ (၃) ရာသီ ဆက်တိုက် အေစီမီလန် မှာပဲ အငှားနဲ့ ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့လည်း စာချုပ် သက်တမ်း တိုးခဲ့ပါသေးတယ်။ လက်ရှိ မှာတော့ စီးရီးအေ ကလပ် ဘက်က ဒီးယက်ဇ်ကို အပြီးသတ် ခေါ်ယူဖို့ အတွက် ရီးရဲလ်နဲ့ ဆွေးနွေးနေပြီး ကစားသမား ကိုယ်တိုင် ကလည်း အသင်း ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

မာဆာရာ ကလည်း ဒီးယက်ဇ်က အေစီမီလန်မှာ ပုံစံကောင်းပြခဲ့ကြောင်း၊ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ပဲ ဖြစ်ကြောင်း၊ ဒီကစားသမားကို ဆက်လက် ထိန်းသိမ်းလိုပြီး ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ ကိစ္စ ညှိနှိုင်းတဲ့ နေရာမှာ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဒီးယက်ဇ် အတွက် ကိုတော့ အေစီမီလန်တို့ ပြောင်းရွှေ့ကြေး ယူရို (၂၂) သန်း ဝန်းကျင် ပေးချေရဖို့ ရှိပြီး အေစီမီလန် အနေနဲ့ ယူရို (၁၅) သန်းလောက်နဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။


ဘာစီလိုနာရဲ့ ပစ်မှတ်ကို ရောင်းထုတ်တော့မယ့် ဖီအိုရင်တီးနား

ပြီးခဲ့တဲ့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ အမ်မရာဘတ်ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာက ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကတည်းက ကြိုးစားခဲ့ပေမယ့် စီးရီးအေ ကလပ် ဘက်ကတော့ ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားမှာ မော်ရိုကိုနဲ့ အတူ ခြေစွမ်းပြခဲ့တဲ့ အမ်မရာဘတ်

ဖီအိုရင်တီးနားဟာ ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို ရောင်းချသွားဖို့ အဆင်သင့် ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ အမ်မရာဘတ်ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာက ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကတည်းက ကြိုးစားခဲ့ပေမယ့် စီးရီးအေ ကလပ် ဘက်ကတော့ ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။

အမ်မရာဘတ် ကိုယ်တိုင် ကလည်း အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီး လာမယ့် နွေရာသီ မှာတော့ ဖီအိုရင်တီးနား ဘက်က ကစားသမား အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးသွားတော့မှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက‌ ဖော်ပြခဲ့ပါတယ်။

အဆိုပါ မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူကို ခေါ်ယူဖို့ အတွက်တော့ ဘာစီလိုနာ အပြင် မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားခဲ့သေးကြောင်း ကစားသမားရဲ့ အကို (အေးဂျင့်) ဖြစ်သူက ပြောကြားခဲ့ပါသေးတယ်။


အီဘရာဟီမိုဗစ်ကို စာချုပ်သစ် ကမ်းလှမ်းတော့မှာ မဟုတ်တဲ့ အေစီမီလန်

ဆွီဒင် ဝါရင့် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ် ကိုတော့ လက်ရှိ ကလပ် အေစီမီလန် ဘက်က စာချုပ်သစ် ကမ်းလှမ်းတော့မှာ မဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကစားသမား ကိုယ်တိုင် ကလည်း သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လာမယ့် နွေရာသီမှာ စီးရီးအေ ကလပ်ကို စွန့်ခွာသွားမယ်လို့ ဖော်ပြထားပါတယ်။

အဓိက, ကတော့ အေစီမီလန်က မိုဗစ်ရဲ့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် စာချုပ်သစ် ချုပ်လိုခြင်း မရှိတော့တာ ဖြစ်ကြောင်း သိရပါတယ်။ အီဘရာဟီမိုဗစ်ဟာ ဒီရာသီမှာ စီးရီးအေ ပွဲစဥ် (၄) ပွဲသာ ကစားပေးထားနိုင်ပြီး သူ့ရဲ့ ဒူးဒဏ်ရာ ကလည်း ကာလရှည် ဒဏ်ရာဆိုး အဖြစ် နှိပ်စက်ခဲ့တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်