ဘာနေဗျူးမှာပဲ ဆက်နေချင်လို့ ဆော်ဒီက ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့ ဘန်ဇီမာ၊ ဗယ်လ်ဗာဒီရဲ့ လုပ်ရပ်ကို ရဲတိုင်ဖို့ စဉ်းစားနေတဲ့ ဘေနာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာနေဗျူးမှာပဲ ဆက်နေချင်လို့ ဆော်ဒီက ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့ ဘန်ဇီမာ
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာဟာ ဆော်ဒီလိဂ်က ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် လက်ရှိ အသင်းမှာပဲ ဆက်လက် ကစားချင်တာကြောင့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဘန်ဇီမာနဲ့ ရီးရဲလ်ဟာ ရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ် ချုပ်ဆိုရခြင်းတော့ မရှိသေးပါဘူး။
ဒါပေမယ့် ဘန်ဇီမာရော၊ ကလပ် အသင်း ကပါ ဆက်လက် လက်တွဲဖို့ ဆန္ဒရှိနေတာကြောင့် စာချုပ်သစ် ကိစ္စက အလွယ်တကူပဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါပေမယ့် အသက်အရွယ် ရလာတဲ့ ဘန်ဇီမာကြောင့် ရီးရဲလ်က တိုက်စစ်မှူးသစ် တစ်ဦးတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ဘန်ဇီမာကို ဆော်ဒီလိဂ် ဘက်က မြင့်မားတဲ့ လုပ်ခ လစာနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ဘယ်အသင်းလဲ ဆိုတာ ကိုတော့ မသိရပါဘူး။ ဒါပေမယ့် ဘန်ဇီမာက ဒီကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပြီး သူ့ အနေနဲ့ လာလီဂါ ကလပ်မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ထားကြောင်း သူ့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။
အဆင့် ၂ နေရာ အတွက် ရီးရဲလ်ကို ဖိအားပေးလိုက်တဲ့ အက်သလက်တီကို
လာလီဂါ မှာတော့ ရေယို ဗယ်လက်ကာနိုနဲ့ ကစားခဲ့တဲ့ ပွဲမှာ အက်တလက်တီကိုမက်ဒရစ်က အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာကို ဆက်လက် ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အေတီကိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂ မှတ်သာ ကွာဟတော့ပြီး အဆင့် ၂ နေရာ ကိုပါ ခြိမ်းခြောက်လာပြီ ဖြစ်ပါတယ်။
အေတီကို အတွက် မိုလီနာနဲ့ ဟာမိုဆို တို့က ဂိုးတွေ သွင်းယူပေးခဲ့ပြီး ဒီယေဂို ဆီမြွန်နီရဲ့ အသင်းဟာ နိုင်ပွဲ ဆက်နေမှုတွေကို ထိန်းထားနိုင်ခဲ့ပါတယ်။ အေတီကိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့ဘဲ ဆက်တိုက်ကို ခြေစွမ်းပြနေကာ ရာသီကုန်ခါနီးမှာ အကောင်းဆုံး ပုံစံ ရရှိနေပြီး မြို့ခံ ပြိုင်ဘက်ရဲ့ အဆင့် ၂ နေရာ ကိုပါ ပစ်မှတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ရာသီ အစောပိုင်းမှာ ရလဒ်ပိုင်း မတည်မငြိမ်တွေ ဖြစ်ခဲ့ပေမယ့် ဇန်နဝါရီလက စပြီး အေတီကိုက ခြေစွမ်းပိုင်း မာကျောခဲ့ပြီး အသင်းတိုင်းကို အလဲထိုးနိုင်ခဲ့ပါတယ်။ အန်တိုနီယို ဂရစ်ဇ်မန်း ခြေစွမ်းပြလာမှုနဲ့ အတူ အမှတ်ပေးဇယား ထိပ်ကို တဖြည်းဖြည်းချင်း ပြန်လည် ရောက်ရှိလာခဲ့ပြီး လက်တလော လာလီဂါရဲ့ ခြေစွမ်း အမှန်ဆုံး အသင်း လို့လည်း ဆိုနိုင်ပါတယ်။
ဗယ်လ်ဗာဒီရဲ့ လုပ်ရပ်ကို ရဲတပ်ဖွဲ့ဆီ တိုင်ကြားဖို့ စဉ်းစားနေတဲ့ ဘေနာ
ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘေနာက ကလေးငယ်ကို နှုတ်နဲ့ အကြိမ်ကြိမ် စော်ကားခဲ့တာကြောင့် သည်းမခံနိုင်တော့တဲ့ အဆုံးမှာ ဖီဒီက ကားပါကင်မှာ သွားစောင့်ကာ ထိုးကြိတ်ခဲ့တာပါ။ ဘေနာဟာ မျက်လုံး တစ်ဖက် အညိုမည်းစွဲတဲ့ အထိ ဒဏ်ရာ ရရှိခဲ့ပြီး သူ့ဘက်က အဲဒီလိုတွေ မပြောဆိုခဲ့ဘူးလို့ ဖွင့်ဟခဲ့ပေမယ့်လည်း ပရိသတ်တွေ ကတော့ အယုံအကြည် မရှိ ဖြစ်နေပါတယ်။
အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေမှာ ဘယ်နာက ဒီကိစ္စနဲ့ ပတ်သက်ပြီး စပိန် ရဲတပ်ဖွဲ့ဆီ တိုင်ကြားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒီလို တိုင်ကြားရာမှာ အားကစားနဲ့ သက်ဆိုင်ခြင်း မရှိဘဲ ကိုယ်ထိ လက်ရောက် ကျူးလွန်ခံရမှု ကိုသာ တိုင်ကြားချင်ပြီး ဗယ်လ်ဗာဒီ ပွဲပယ်ခံရမှာမျိုးကို မလိုလားဘူးလို့ ဆိုပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.