နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ကို စိန်ခေါ်လိုက်တဲ့ ရာကီတစ်၊ ရာသီကုန်မှာ အနားယူတော့မယ့် လာလီဂါ ဝါရင့် ကစားသမားကြီး ဂျိုအာကွင်း (လာလီဂါ နောက်ဆုံးရ သတင်းများ)

ယူနိုက်တက်ကို စိန်ခေါ်လိုက်တဲ့ ရာကီတစ်၊ ရာသီကုန်မှာ အနားယူတော့မယ့် လာလီဂါ ဝါရင့် ကစားသမားကြီး ဂျိုအာကွင်း စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ငါတို့ ကွင်းကြီးက မင်းတို့ကို စောင့်နေတယ်လို့ ပြောပြီး ယူနိုက်တက်ကို စိန်ခေါ်လိုက်တဲ့ ရာကီတစ်

စပိန် လာလီဂါ ကလပ် ဆီဗီလာ အသင်းရဲ့ ကွင်းလယ်လူ အိုင်ဗန် ရာကီတစ်က မနက်ဖြန်မှည ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ မတိုင်ခင်မှာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို သတိပေးမှုတွေ လုပ်သွားခဲ့ပါတယ်။ ဆီဗီလာ အသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ ရာမွန် ဆန်းချက်ဇ်ပစ်ဇ်ဟွမ် ကွင်းကြီးက ဘယ်လိုမျိုးတွေ ဖိအားရှိလဲ ဆိုတာကို ယူနိုက်တက်တို့ မသိဘူးလို့ ပြောဆိုခဲ့သလို သူတို့ ဒုက္ခရောက်တော့မယ် လို့လည်း သတိပေးသွားခဲ့တာပါ။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ဆီဗီလာတို့ အဖိုးတန် ချေပဂိုး ၂ ဂိုးအထိ ပြန်သွင်းနိုင်ခဲ့ကာ ၂-၂ သရေကျခဲ့လို့ အိမ်ကွင်းမှာ အခွင့်အရေး အပြည့်အ၀ ရှိနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ရင်ဆိုင်ထားဖူးတဲ့ ဥရောပပွဲတွေ မှာလည်း ရလဒ်ကောင်းတွေပဲ ရထားခဲ့လို့ ဒီပွဲက ဆီဗီလာ အတွက် မျှော်လင့်ချက် အများအပြား ရှိနေတာလည်း ဖြစ်ပါတယ်။ 

ရာကီတစ်က “ မနက်ဖြန်မှာ ဘာတွေက စောင့်ဆိုင်းနေမလဲ ဆိုတာကို ဒီလူတွေ (ယူနိုက်တက်) မသိဘူး၊ သူတို့က အတွေ့အကြုံရင့် ကစားသမားတွေ အများကြီးနဲ့ ပရိသတ် သန်းပေါင်း များစွာရှိတဲ့ အသင်း တသင်းပါ၊ ဒါပေမယ့် ယူနိုက်တက်က ဒီကွင်းကြီးက ဘယ်လိုမျိုးတွေနဲ့ ပြည့်နှက်နေလဲ ဆိုတာကို မသိပါဘူး၊ ခင်ဗျား ဘယ်နေရာကိုပဲ ရောက်နေနေ ဒီပြိုင်ပွဲက ဆီဗီလာရဲ့ ပြိုင်ပွဲပဲလို့ ပြောကြမှာပဲ၊ သူတို့ ဒုက္ခရောက်တော့မှာပါ၊ နောက်တဆင့်တက်မယ်လို့ ကျနော် အာမ, မခံနိုင်ပေမယ့် ကွင်းထဲမှာ အရာအားလုံးကို ပေးဆပ်သွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ရက်ရှ်ဖို့ဒ်ကို လှုပ်မရအောင် ထိန်းချုပ်မယ့် နည်းလမ်းကို ဖွင့်ဟလိုက်တဲ့ ဆီဗီလာ နည်းပြ

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် ဒီနေ့မှာ ကစားရတော့မယ့် ယူနိုက်တက်နဲ့ ပွဲမှာ ပြိုင်ဘက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဘယ်လိုမျိုး ထိန်းချုပ်သွားမလဲ ဆိုတာကို ဆီဗီလာ နည်းပြ ဟိုဆေး လူး၀စ္စ မန်ဒီလီဘာက ပြောဆိုလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ် ကတော့ ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူး ဖြစ်ကာ ဒီနေ့ပွဲကို ဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။ 

ပထမအကျော့တုန်းက ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရကာ အနားယူနေခဲ့ရတာပါ။ ဒီပွဲအမီ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပြီး နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အတွက်တော့ သတင်းကောင်း ဖြစ်ခဲ့သလို ဆီဗီလာနဲ့ ပွဲကို အင်ပြည့်အားပြည့်နဲ့ ကစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။ 

မန်ဒီလီဘာက “ ရက်ရှ်ဖို့ဒ်က ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ၊ ဒါပေမယ့် ကျနော်တို့ ကတော့ စိတ်မပြောင်းလဲပါဘူး၊ ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်း ကိုယ်တွေးထားပြီး ပြိုင်ဘက် ကိုလည်း လေးစားမှု ရှိပြီးသားပါ၊ ဒါကြောင့် ရက်ရှ်ဖို့ဒ်ကို ဟန့်တားဖို့ အတွက်တော့ ထူးထူးခြားခြား လုပ်ထားတာမျိုး မရှိပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ရာသီကုန်မှာ အနားယူတော့မယ့် လာလီဂါ ဝါရင့်ကစားသမား ဂျိုအာကွင်း

လာလီဂါ ကလပ် ဘက်တစ် အသင်းရဲ့ ဝါရင့် ကစားသမားကြီး ဂျိုအာကွင်းဟာ ရာသီကုန်မှာ ကစားသမားဘ၀ ကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
၂၃ ကြာ ဘောလုံး ကစားပြီးနောက် အနားယူတော့မယ့် ရီးရဲလ်ဘက်တစ် ကစားသမား ဂျိုအာကွင်း

လာလီဂါ ကလပ် ဘက်တစ် အသင်းရဲ့ ဝါရင့် ကစားသမားကြီး ဂျိုအာကွင်းဟာ ရာသီကုန်မှာ ကစားသမားဘ၀ ကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၄၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမားကြီးဟာ လာလီဂါရဲ့ ထင်ပေါ် ကျော်ကြားတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဗလင်စီယာ အသင်းနဲ့ အတူ လူသိများခဲ့သူလည်း ဖြစ်ပါတယ်။ 

၂၃ နှစ်ကြာအောင် ဘောလုံးကစားခဲ့ပြီးနောက် ဂျိုအာကွင်းက ငယ်ဘ၀ ကလပ် ဘက်တစ်မှာပဲ ကစားသမား ဘ၀ကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဘက်တစ်ကို တကျော့ပြန် ရောက်ချိန်မှာ ကိုပါဒယ်ရေးဖလားကို ရယူပေးနိုင်ခဲ့အောင် ဦးဆောင်ခဲ့ပြီး အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားကြီးလည်း ဖြစ်ပါတယ်။ 

သူ့ရဲ့ အနားယူမယ့် သတင်းထွက်လာပြီးနောက် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဂျိုအာကွင်းဟာ ကစားသမားဘ၀ နောက်ဆုံးပွဲကို ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဆိုပါပွဲမှာ ဂိုးသွင်းယူနိုင်ဖို့လည်း မျှော်လင့်နေကာ ဘာစီလိုနာကို ၇ ဂိုးအထိ သွင်းယူချင်တယ်လို့ ဆိုပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်