နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ ကြိမ် ဆက်တိုက် တက်ခဲ့တဲ့ ဘာဆာ အမျိုးသမီး အသင်း၊ မက်ဆီကို ခေါ်ယူနိုင်ဖို့ ရာဖင်ညာကို အာဆင်နယ်ဆီ ရောင်းချဖို့ အသင့် ရှိနေတဲ့ ဘာဆာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ ကြိမ် ဆက်တိုက် တက်ခဲ့တဲ့ ဘာဆာ အမျိုးသမီး အသင်း၊ မက်ဆီကို ခေါ်ယူနိုင်ဖို့ ရာဖင်ညာကို အာဆင်နယ်ဆီ ရောင်းချဖို့ အသင့်ရှိနေတဲ့ ဘာဆာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၉ ရက်နေ့ ညနေခင်းရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ ကြိမ် ဆက်တိုက် တက်ခဲ့တဲ့ ဘာဆာ အမျိုးသမီး အသင်း

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ အမျိုးသမီး အသင်း ကတော့ ချဲလ်ဆီး အမျိုးသမီး အသင်းနဲ့ ကစားခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။ ပထမအကျော့က ချဲလ်ဆီး ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အိမ်ကွင်းမှာ ၁-၁ နဲ့ သရေကစားပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။

အမျိုးသမီး ဘောလုံး လောကမှာ ပြိုင်ဘက်ကင်း အသင်းလို့ ဆိုရမယ့် ဘာစီလိုနာဟာ ဇွန်လ ၃ ရက်နေ့မှာ ဗိုလ်လုပွဲကို ဆင်နွှဲရတော့မှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဗိုလ်လုပွဲမှာ လိုင်ယွန်ကို အရေးနိမ့်ခဲ့တဲ့နောက် ဒီရာသီမှာ ဗိုလ်လုပွဲ ထပ်မံတက်ရောက်ခဲ့ကာ ဆုဖလား မျှော်လင့်ချက်ကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပါတယ်။

အခြား ဆီမီးဖိုင်နယ်ပွဲ အဖြစ် ဒီနေ့မှာ ၀ုလ်ဘတ် နဲ့ အာဆင်နယ်တို့ ကစားကြမှာ ဖြစ်ပြီး ပထမအကျော့တုန်းက ၂ ဂိုးစီ သရေကျထားခဲ့ပါတယ်။ လန်ဒန်မှာ ဒုတိယအကျော့ကို ကစားရမှာ ဖြစ်ပြီး အိမ်ရှင် အာဆင်နယ်တို့ အခွင့်သာနေကာ ဘာစီလိုနာနဲ့ ရင်ဆိုင်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရပါတော့မယ်။


မက်ဆီကို ခေါ်ယူနိုင်ဖို့ ရာဖင်ညာကို အာဆင်နယ်ဆီ ရောင်းချဖို့ အသင့်ရှိနေတဲ့ ဘာဆာ

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူးဟောင်း လီယွန်နယ် မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့ အားထုတ်နေရာမှာ ငွေကြေးပိုင်း တောင့်တင်းမှု ရှိလာစေဖို့ အတွက် ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ရှိနေပါတယ်။ အခုအခါမှာ သူတို့က ရာဖင်ညာကို ရောင်းချဖို့ အတွက် ပြင်ဆင်နေပြီး ဘရာဇီးလ်သားကို စိတ်ဝင်စားနေတဲ့ အာဆင်နယ် အတွက်တော့ စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူးဟောင်း လီယွန်နယ် မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့ အားထုတ်နေရာမှာ ငွေကြေးပိုင်း တောင့်တင်းမှု ရှိလာစေဖို့ အတွက် ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ရှိနေပါတယ်။
မက်ဆီကို ပြန်လည် ခေါ်ယူဖို့ ရာဖင်ညာကို ရောင်းထုတ်ဖို့ ရှိနေတဲ့ ဘာစီလိုနာ

လိဒ်ယူနိုက်တက်မှာ ကတည်းက အာဆင်နယ်က ရာဖင်ညာကို စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားက ဘာဆာ ကိုသာ ရွေးချယ်သွားခဲ့တာပါ။ လက်ရှိမှာ ရာဖင်ညာက ဦးစားပေး မခံရဘဲ အရန် ကစားသမား အဖြစ်နဲ့သာ ရှိနေတဲ့ အပေါ် စိတ်ပျက်နေပြီး တဖက်မှာလည်း ဘာဆာက ပြန်ရောင်းဖို့ လုပ်နေလို့ အာဆင်နယ် အတွက် အခွင့်အရေး ပြန်လည် ရရှိလာခဲ့ပါပြီ။

စပါးနဲ့ နယူးကာဆယ် တို့ကလည်း ရာဖင်ညာကို စိတ်ဝင်စားနေတယ်လို့ သိရပြီး ဒီကစားသမား အတွက် ဘာဆာက အနည်းဆုံး ပေါင်သန်း ၄၀ အထိ တောင်းဆိုဖွယ် ရှိနေပါတယ်။ ဘာဆာ ခေါ်ယူခဲ့တုန်းက ပေါင် ၅၅ သန်း အထိ ပေးချေခဲ့ရပြီး ရာဖင်ညာက ၄၂ ပွဲမှာ ၉ ဂိုး သွင်း၊ ၁၀ ကြိမ် ဖန်တီးပေးထားခဲ့ပါတယ်။


ရော်နယ်ဒိုဆီက ဂျာဆီ တောင်းခဲ့ပေမယ့် မရလိုက်တဲ့ အယ်လ်ဝါဒါ ကစားသမား

ဆော်ဒီ ကလပ် အယ်လ်ဝါဒါ အသင်းရဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျီအန် ဒေးဗစ် ဘေဂယ်လ်ဟာ အယ်လ်နာဆာနဲ့ ပွဲမှာ သူ့အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ တနင်္လာနေ့က ကစားခဲ့တဲ့ ဆော်ဒီ ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲမှာ သူ့ရဲ့ ဂိုးကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အယ်လ်နာဆာ အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဘေဂယ်လ်ဟာ ပွဲအပြီးမှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဂျာစီရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

“ ကျနော် နည်းနည်းလေးတော့ စိတ်ပျက်ခဲ့ရပါတယ်၊ ပွဲပြီးသွားတော့ ငါက မင်းရဲ့ အမာခံ ပရိသတ်ပါ၊ မင်းရဲ့ ဂျာစီများ ရနိုင်မလား ဆိုပြီး ကျနော် မေးလိုက်ပါတယ်၊ သူက ကျနော့်ကို တချက်လေးတောင်မှ မကြည့်ခဲ့ဘဲ လက်ပဲခါပြခဲ့ပြီး မထီမဲ့မြင် လုပ်ခဲ့သလိုပါပဲ၊ သူ့အသင်း အရေးနိမ့်လို့ သူ စိတ်ပျက်နေမှာကို ကျနော် နားလည်ပါတယ်”

“ သူ့ကို ကြီးကျယ် ခမ်းနားတဲ့ ပြိုင်ဘက်ကောင်း တစ်ယောက် လို့လည်း ကျနော် သတ်မှတ်ထားတာပါ၊ ဒါပေမယ့် သူ့ရဲ့ အပြုအမူနဲ့ သဘောထားတွေက ကျနော့်ကို အံ့အားသင့်စေခဲ့ပါတယ်၊ ကွင်းထဲမှာတောင်မှ သူက ပေါက်ကွဲပြနေခဲ့တာပါ၊ သူ့အသင်းဖော်တွေ ကိုလည်း အော်ဟစ်နေခဲ့ပါတယ်၊ ဒါပေမယ့် သူ ဆော်ဒီကို ရောက်လာခဲ့တာက ဆော်ဒီ ဘောလုံး လောက အတွက်တော့ တကယ်ကို ကြီးကျယ် ခမ်းနားပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်