ယူနိုက်တက် အတွက် ပြန်မကစားပေးတော့ဘူး ဆိုတဲ့ မေဆန် ဂရင်း၀ုဒ်၊ တီယာနီကို လိုချင်နေတဲ့ ဂွါဒီယိုလာ အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၉ ရက်နေ့ရဲ့ ညနေခင်း ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက် အတွက် ပြန်မကစားပေးတော့ဘူး ဆိုတဲ့ မေဆန် ဂရင်း၀ုဒ်
ချစ်သူ မိန်းကလေးနဲ့ ဖြစ်ပွားခဲ့တဲ့ ပြသနာတွေကြောင့် မန်ချက်စတာယူနိုက်တက် အတွက် ကစားပေးခွင့် မရဘဲ အသင်းတွင်း စုံစမ်းစစ်ဆေးမှုတွေကို ခံယူနေရတဲ့ မေဆန် ဂရင်း၀ုဒ်က အသင်း အတွက် သူ နောက်ထပ် ကစားပေးတော့မှာ မဟုတ်ဘူးလို့ သူ့ သူငယ်ချင်းတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဂရင်း၀ုဒ်ဟာ မုဒိမ်းမှု၊ အကြမ်းဖက် ရိုက်နှက်မှုတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်ခဲ့ရပြီး အခုအခါမှာ သူ့အမှုက ပြီးပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက် ကတော့ အသင်းတွင်း စုံစမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပြီး ကစားသမား ကိုလည်း အသင်းနဲ့ ကစားခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ် ကတော့ သူ့ကို တပတ် လုပ်ခလစာ ပေါင် ၇ သောင်း ပေးချေနေဆဲ ဖြစ်ပြီး ၂၀၂၅ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
ကစားသမားနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ် တခုက “ မေဆန်က သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘ၀ ပြီးဆုံးသွားပြီလို့ ယုံကြည်နေပါတယ်၊ သူ့အိမ်မှာ ဆိုရင် သူ့ဖိနပ်တွေကို ပိတ်ကန်ပြီးတော့ အရမ်းလည်း ဒေါသထွက်နေပါတယ်၊ သူ ဘောလုံးပြန် ကစားချင်နေပါတယ်၊ ဒါပေမယ့် သူ့အနေအထားက အရမ်း ရှုပ်ထွေးနေပြီး ကိုယ်ပိုင် လေ့ကျင့်ခန်းတွေပဲ လုပ်နေတယ်၊ ဘောလုံး ပြန်ကစားဖို့ကို သူ ဆုံးဖြတ်ထားပေမယ့် ယူနိုက်တက် ဂျာစီ ကိုတော့ ဘယ်တော့မှ ပြန်ဝတ်ဖြစ်မယ်တော့ မထင်တော့ပါဘူး” လို့ The Sun ကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။
တီယာနီကို လိုချင်နေတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီး အသင်းဟာ အာဆင်နယ် နောက်ခံလူ ကီရန် တီယာနီကို ယခုနွေရာသီမှာ ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စီစဉ်နေတယ်လို့ သတင်းတွေ အရ သိရပါတယ်။ တီယာနီဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ဆဲလ်တစ် ကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး စကော့တလန်မှာ ကစားခဲ့တုန်းက ရရှိခဲ့တဲ့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးနောက် ဂန်းနားတွေရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းက တီယာနီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ ဝန်းကျင် သတ်မှတ်ထားတယ်လို့ သိရပြီး နယူးကာဆယ် ကလည်း အသက် ၂၅ နှစ် အရွယ် နောက်ခံလူကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အက်ဒီဟောင်းရဲ့ အသင်း အနေနဲ့ စီးတီးကို ယှဉ်နိုင်ဖို့တော့ မရှိပါဘူး။
မေဆန်မောင့် အတွက် ပြိုင်ဆိုင်ပွဲမှာ အာဆင်နယ်ပါ ပါဝင်လာ
ရာသီကုန်မှာ ချဲလ်ဆီး ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ မေဆန် မောင့်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ကွင်းလယ် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် နည်းပြ အာတေတာက ပစ်မှတ်ထားနေရာမှာ မေဆန်မောင့်ကို စိတ်ဝင်စားလာပြီး လစ်ဗာပူးလ်နဲ့ အပြိုင် ကြိုးပမ်းရဖွယ်ရာ ရှိနေပါတယ်။
ချဲလ်ဆီး မှာလည်း ပုံမှန်ကစားခွင့် ပျောက်ဆုံးနေကာ လက်ရှိမှာလည်း ဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရတော့မယ့် မေဆန်မောင့်ရဲ့ အနာဂတ်က ချဲလ်ဆီး နည်းပြသစ်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်ဖွယ် ရှိနေပါတယ်။ အသင်းဘက်က ကစားသမားကို စာချုပ်သစ် ချုပ်ဆိုချင်နေပေမယ့် မေဆန်မောင့်ရဲ့ လစာငွေ တိုးတောင်းမှု ကလည်း အဟန့်အတား ဖြစ်နေပါတယ်။
ဒါကြောင့် ကစားသမား ဘက်ကလည်း အသင်းပြောင်းရွှေ့ဖို့ကိုပါ စဉ်းစားဖွယ် ရှိနေပါတယ်။ ဒီရာသီမှာပဲ အာဆင်နယ်ဟာ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူထားသေးပြီး နှစ်သင်း ကြားမှာ ဆက်ဆံရေး ကောင်းတွေ ရှိနေတာကြောင့် မေဆန်မောင့်ကို ခေါ်ယူရေး မှာလည်း အဆင်ပြေဖွယ် ရှိမယ်လို့တော့ ယူဆရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.